Posted on Facebook : 2024/9/15
ဂျပန်မှာITကုမ္ပဏီလို့ပြောရင် အကြမ်းဖျင်းအားဖြင့် SES, SIer, In-house development(自社開発)ဆိုပြီးတော့ အမျိုးအစား၃မျိုးရှိတယ်။ ကုမ္ပဏီအမျိုးအစားပေါ်မူတည်ပြီးတော့ အဲ့ဒီကုမ္ပဏီကအဓိကလုပ်ကိုင်တဲ့လုပ်ငန်းတွေ၊ တာဝန်ယူရတဲ့အပိုင်းတွေကွဲပြားတယ်။
🟢SES
SESဆိုတာ System Engineering Serviceရဲ့အတိုကောက်ပါ။ SESကုမ္ပဏီရဲ့အဓိကလုပ်ငန်းက派遣စာချုပ်၊ 準委任စာချုပ် စတာတွေနဲ့ သူတို့ကုမ္ပဏီရဲ့IT Engineerကိုတခြားကုမ္ပဏီဆီ တစ်ယောက်ကိုတစ်လဘယ်လောက်ဆိုပြီး ငှါးပေးတဲ့လုပ်ငန်းပါ။ ဂျပန်ITလောကမှာကုမ္ပဏီအရေအတွက်အများဆုံးအမျိုးအစားပဲ။ SESကုမ္ပဏီတွေရဲ့ အဓိကCustomerက SIerတို့၊ In-house development(自社開発)တို့လိုကုမ္ပဏီတွေများတယ်။ ကိုယ့်ကုမ္ပဏီမှာမဟုတ်ဘဲ Customer Siteမှာလုပ်ရတာများတယ်။SESကုမ္ပဏီတွေက IT Engineerကိုပဲငှါးတာဖြစ်လို့ 『ဒီSystemကြီး/ဒီProjectကြီးကိုငါတို့ကုမ္ပဏီကလုပ်လိုက်တာ』ဆိုပြီးပြောလို့မရတာများတယ်။ ဘာလို့လဲဆိုတော့ Projectတစ်ခုလုံးတာဝန်ယူရတာမဟုတ်ဘဲ သူတို့ငှါးလိုက်တဲ့IT Engineerအတွက်ပဲတာဝန်ယူရတာမို့လို့ပါ။ တချို့ကြီးမားတဲ့SESကုမ္ပဏီတွေက SIerအနေနဲ့လည်းလုပ်လာကြတယ်။ SESကုမ္ပဏီမှာလုပ်မယ်ဆိုရင် Projectအမျိုးမျိုးအတွေ့အကြုံရနိုင်တယ်။ တခြားITကုမ္ပဏီတွေနဲ့ယှဉ်ရင် တာဝန်အကြီးကြီးတွေခေါင်းခံစရာမလိုတော့ ITအလုပ်ကိုစလုပ်မယ့်သူတွေအတွက်ဆိုရင်လည်း အဆင်ပြေတယ်။ နာမည်ကြီးတဲ့SESတွေကတော့ DTS, NSD, Suzuyo Shinwartတို့ပါ။
🟢SIer
SIerဆိုတာSystem Integratorရဲ့အတိုကောက်ပါ။ SIerရဲ့အဓိကလုပ်ငန်းက User(Customer)ရဲ့လုပ်ငန်းတွေကို Analyzeလုပ်ပြီး Consultingကနေ System Design, Development, Test, လည်ပတ်နေတဲ့Systemတွေရဲ့ Operation & Maintenanceအထိဖြစ်ပါတယ်။ SIerထဲမှာကို အမျိုအစားအမျိုးမျိုးရှိပါတယ်(အသေးစိတ်ကိုနောက်မှရေးပါမယ်)။ SIerတွေရဲ့အဓိက Customerက IT Fieldထဲကမဟုတ်တဲ့ကုမ္ပဏီတွေ၊ အစိုးရဝန်ကြီးဌာနတွေများတယ်။ Customer Siteမှာလုပ်ရတာများပေမယ့် ကိုယ့်ကုမ္ပဏီမှာလုပ်ရတဲ့Projectတွေလည်းရှိတယ်။ SIerတွေကProject(System)တွေကို အချိန်တစ်ခုအတွင်းမှာပြီးမြောက်အောင် အစအဆုံးတာဝန်ယူရတဲ့အလုပ်(請負စာချုပ်)တွေများတော့ တာဝန်ကြီးပါတယ်။ သတ်မှတ်တဲ့အချိန်အတွင်းပြီးမြောက်အောင်မလုပ်နိုင်ရင်၊ ကိုယ့်အမှားကြောင့် Systemတစ်ခုခုချွတ်ယွင်းသွားရင် Customerကိုလျော်ကြေးပေးရတာမျိုးတွေရှိတယ်။ ဒါပေမယ့်, 『ဒီSystemကြီး/ဒီProjectကြီးကိုငါတို့ကုမ္ပဏီကလုပ်လိုက်တာ』လို့ပြောလို့ရတော့ SIerမှာလုပ်ရင် လုပ်ရကျိုးနပ်
တယ်(やりがいがある)လို့ခံစားရတဲ့အချိန်မျိုးတွေရှိတယ်။ SIerကုမ္ပဏီမှာလုပ်မယ်ဆိုရင် Projectအမျိုးမျိုးမှာ Programရေးတာမျိုးအလုပ်ကနေ Consultingတို့ Project Managementတို့လိုမျိုးအလုပ်အထိ ကိုယ်လုပ်တတ်ရင်လုပ်တတ်သလောက် အတွေ့အကြုံရနိုင်တယ်။ နာမည်ကြီးတဲ့ဂျပန်SIerကုမ္ပဏီတွေကတော့ Hitachi, NEC, Fujitsuတို့ပါ။
*SIerကုမ္ပဏီကဘယ်လိုမျိုးလဲလို့သိချင်ရင် 『逃げるは恥だが、役にたつ』 ဆိုတဲ့ဂျပန်Dramaကိုကြည့်, ကြည့်ပါ။
SIerကုမ္ပဏီတွေအကြောင်းကို အောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။
🟢In-house development(自社開発)
ဒီကုမ္ပဏီတွေက ကိုယ့်ရဲ့Serviceတွေအတွက်လိုအပ်တဲ့Systemကို ကိုယ့်ဟာကိုDesignဆွဲ ကိုယ့်ဟာကိုတည်ဆောက် ကိုယ့်ဟာကိုOperation & Maintenanceလုပ်ကြတဲ့ကုမ္ပဏီတွေပါ။ ITကုမ္ပဏီအမျိုးအစား၃မျိုးထဲမှာ လူကြိုက်များတဲ့အမျိုးအစားပါ။ ဒီကုမ္ပဏီတွေက(BtoBလည်းရှိပေမယ့်) BtoCလုပ်ငန်းလုပ်ကြတာများလို့ အဓိကCustomerတွေက ကုမ္ပဏီတွေမဟုတ်ဘဲ ရိုးရိုးလူတွေများပါတယ်။ ကိုယ့်ကုမ္ပဏီတွင်းမှာပဲလုပ်ရတာဖြစ်ပြီး ကိုယ်လုပ်လိုက်တဲ့Systemကိုလူအများကသုံးနေတာကိုအနီးကပ်မြင်တွေ့ရလွယ်လို့ ITကုမ္ပဏီ၃မျိုးထဲမှာ လုပ်ရကျိုးနပ်တယ်(やりがいがある)လို့အခံစားရဆုံးကုမ္ပဏီလို့ထင်တယ်။ ဒီကုမ္ပဏီမှာလုပ်မယ်ဆိုရင် ဘယ်လိုServiceမျိုးလုပ်ရင်ကောင်းမလဲဆိုပြီး စ,စဉ်းစားတဲ့အခြေအနေကနေ လူတွေဆီရောက်ပြီးအသုံးပြုတဲ့အထိ အစအဆုံးကိုယ်တိုင်ပါဝင်ပတ်သတ်ခွင့်ရနိုင်တော့ ကိုယ့်Systemကိုချစ်တဲ့စိတ်၊ ကိုယ့်Serviceကိုချစ်တဲ့စိတ်တွေပါဖြစ်လာနိုင်တယ်။ ဒီအမျိုးအစားထဲကနာမည်ကြီးတဲ့ဂျပန်ကုမ္ပဏီတွေဆိုရင်တော့ Rakuten, Cyber Agent, Mercari(メルカリ)တို့ပါ။
*In-house development(自社開発)ကုမ္ပဏီကဘယ်လိုမျိုးလဲလို့သိချင်ရင် 『Rich Man, Poor Woman』ဆိုတဲ့ဂျပန်Dramaကိုကြည့်, ကြည့်ပါ။
ဂျပန်ITလောကဟာ အမြဲတမ်းEngineerမလုံလောက်တဲ့ပြဿနာကိုရင်ဆိုင်နေရတာမို့လို့ အလုပ်အကိုင်အခွင့်အလမ်းများပေမယ့် ကိုယ်ကဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲ၊ ဘယ်လိုCareerမျိုးသွားမှာလဲဆိုတာစဉ်းစားဖို့၊ ဘယ်လိုITကုမ္ပဏီအမျိုးအစားတွေရှိလဲဆိုတာသိထားသင့်ပါတယ်။ ဒါမှလိုအပ်တဲ့Skillတွေကိုလေ့လာသင်ယူနိုင်မှာပါ။
コメント