Posted on Facebook : 2024/2/24
ဂျပန်မှာအိမ်ဝယ်ဖို့အတွက် Customerတွေကလာစုံစမ်းပြီဆိုရင် အိမ်ခြံမြေSalesmanတွေက Customerရဲ့ဝင်ငွေနဲ့လက်ရှိလစဉ်ပေးနေရတဲ့အိမ်ငှါးခကိုမေးပြီး လစဉ်အိမ်ငှါးခလောက်နဲ့ပဲပြန်ဆပ်ရအောင်Trickအမျိုးမျိုးနဲ့တွက်ပြကြလေ့ရှိတယ်။ (Down Paymentတောင်းလာရင်သတိထားသင့်တဲ့အချက်ကိုအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။)
လစဉ်အိမ်အကြွေးပြန်ဆပ်တဲ့အခါ လက်ရှိအိမ်ငှါးခလောက်ပဲရှိတယ်၊ ဆပ်နိုင်တယ်ဆိုပြီး လွယ်လွယ်ပဲဆုံးဖြတ်လိုက်ကြတဲ့Customerတွေလည်းရှိတယ်။ အဲ့ဒီTrick(ကိန်းဂဏန်းများရဲ့လှည့်ကွက်)တွေနောက်ကွယ်ကRiskတွေကိုမသိဘဲ…
သောင်း၃,၅၀၀တန်အိမ်အကြွေးကိုကြေအောင်ဆပ်နိုင်ဖို့ယုံကြည်မှုရှိလား?လို့အမေးခံရရင်အနည်းနဲ့အများတော့တွေဝေကြမှာပါ။
ဒါဆို, လစဉ်၁၃သောင်းဆိုရင်ရော?
ကြိုးစားပြီးဆပ်ရင်တော့ရနိုင်ပေမယ့်နည်းနည်းများနေသေးတယ်။
ဒါဆို, လက်ရှိအိမ်လခလောက်ပဲသွင်းရမယ့်လစဉ်၇သောင်းလောက်ဆိုရင်ရော?
“ဟာ အဲ့လောက်ဆိုအေးဆေးဆပ်နိုင်တယ်!”
Salesmanတွေကဒီအဖြေကိုလိုချင်တာပါ။
အဲ့ဒီအဖြေကိုမရ,ရအောင်ဆွဲထုတ်ပြီး အိမ်ဝယ်ဖြစ်သွားအောင်လုပ်တတ်ကြတယ်။
သောင်း၃,၅၀၀၊ လစဉ်၁၃သောင်း၊ လစဉ်၇သောင်းဆိုပြီးကွဲသွားပေမယ့်၊ ဝယ်တဲ့အိမ်ကမပြောင်းဘူး။ ဒီအိမ်တစ်ခုတည်းပါပဲ။ ဘာကွဲပြားသွားတာလဲဆိုတော့ ချေးငွေအမျိုးအစားကပြောင်းသွားတာပါ။
လစဉ်၁၃သောင်းပေးရတဲ့ချေးငွေပုံစံက”ပုံသေအတိုးနှုန်း(固定金利)နဲ့နှစ်၃၀”သွင်းရတဲ့အမျိုးအစားပါ။
လစဉ်၇သောင်းလောက်ပဲပေးရတဲ့ချေးငွေပုံစံက”ပြောင်းလဲနိုင်တဲ့အတိုးနှုန်း(変動金利)နဲ့၃၅နှစ်+တစ်နှစ်၂ခါBonusပေးချေမှု”နဲ့သွင်းရတဲ့အမျိုးအစားပါ။
လစဉ်၇သောင်းသွင်းရုံလောက်အထိလျော့ကျသွားပေမယ့် Risk၃ခုလောက်ပိုထွက်လာပါတယ်။
⚠️1. အကြွေးဆပ်ရမယ့်နှစ်က၅နှစ်ပိုသွားတော့အသက်ကြီးတဲ့အခါကျပ်တည်းနိုင်တယ်။
⚠️2. အတိုးနှုန်းတက်ရင်ဆပ်ရမယ့်ပမာဏများလာမယ်။
⚠️3. ကိုယ့်အလုပ်ကကျပ်တည်းလို့Bonusမထွက်ရင်(သို့)လျှော့ခံရရင် ကျပ်တည်းနိုင်တယ်။
အပိုထွက်လာတဲ့ဒီRisk၃ခုဟာ အိမ်ခြံမြေကုမ္ပဏီနဲ့လည်းမဆိုင်၊ ဘဏ်နဲ့လည်းမဆိုင်၊ Customerကပဲယူရတဲ့Riskပါ။ ဒီRiskတွေကိုမသိဘဲနဲ့ လွယ်လွယ်ပဲအိမ်ကိုဝယ်ချပစ်လိုက်ပြီဆိုရင်တော့ တစ်ခုခုကသိကအောက်ဖြစ်တာနဲ့ ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာတော့မှာပါ။
အိမ်ချေးငွေ(住宅ローン)တွေဟာ အမျိုးအစား၄,၀၀၀ကျော်လောက်ရှိတယ်လို့ပြောကြတယ်။ အဲ့ဒီ၄,၀၀၀ကျော်ထဲက ကိုယ်နဲ့အဆင်ပြေမယ့် တစ်ခုကိုရွေးရတာမို့လို့ မလွယ်ကူပါဘူး။ ဒါပေမယ့် Salesmanတွေ ဘဏ်တွေကို မျက်ကန်းယုံကြည်တာမျိုးမလုပ်ဘဲ ကိုယ်တိုင်သေချာလေ့လာပြီး စိစစ်ပြီးမှဆုံးဖြတ်ပါ။
コメント