【ဂျပန်မှာငွေကြေးချမ်းသာစေမယ့်နည်းလမ်း】

Posted on Facebook : 2024/1/27

ဂျပန်မှာNomura Research Instituteကနေ ၂နှစ်တစ်ခါလောက် လူတွေရဲ့အသားတင်ပိုင်ဆိုင်မှုကိုResearchလုပ်ပြီး Level၅ခုခွဲပြီးစာရင်းပြုစုထုတ်ပြန်ပေးတယ်။
အဲ့ဒီLevel၅ခုက…
Level1 : သောင်း3,000အောက်
Level2 : သောင်း3,000~ သောင်း5,000
Level3 : သောင်း5,000~100 Million
Level4 : 100Million~500Million
Level5 : 500Millionအထက်
Level3နှင့်အထက်ကိုလူချမ်းသာစာရင်းဝင်အဖြစ် Nomuraကသတ်မှတ်ထားတယ်။
Special Skillတွေမလိုအပ်ဘဲ ပုံမှန်လူတစ်ယောက်က အနိမ့်ဆုံးLevel3အထိသွားလို့ရတဲ့၊ အောင်မြင်နိုင်ခြေလည်းများတဲ့ နည်းလမ်းရှိတယ်။ အဲ့ဒီနည်းလမ်းအတိုင်းလုပ်ဖို့အတွက်ဆိုရင် အရင်ဆုံးလွယ်ကူတဲ့Formulaတစ်ခုကိုတော့မှတ်ထားဖို့လိုတယ်။
အဲ့ဒီFormulaက…
(ဝင်ငွေ – ထွက်ငွေ) + (ပိုင်ဆိုင်မှု x အမြတ်နှုန်း)
❗️ဒီFormulaကအရမ်းအရေးကြီးတယ်❗️
*ပိုင်ဆိုင်မှုဆိုတာ Stock shareတို့ Bondတို့ ရွှေတို့ အိမ်ခြံမြေတို့ကိုပြောတာ။

ဒီFormulaကိုရပြီဆိုရင် အောက်ကStepအတိုင်းလိုက်လုပ်ရုံပဲ။ လက်ရှိအခြေအနေနဲ့ တင်လစဉ်အပိုငွေရှိတဲ့သူဆိုရင်တော့ Step1နဲ့2ကိုကျော်လိုက်လို့ရတယ်။

【Step1 : ထွက်ငွေကိုတစ်လ၃သောင်းလျှော့】
အခွန်လျော့အောင်အသုံးချလို့ရတဲ့နည်းလမ်းတွေသုံးပြီးအခွန်လျှော့ချခြင်း၊ မလိုအပ်တဲ့အာမခံတွေလျှော့ချခြင်း၊ အိမ်လခသက်သာတဲ့နေရာကိုပြောင်းပြီးနေစရိတ်လျှော့ချခြင်း၊ ကားမလိုအပ်ရင်လျှော့ချခြင်း၊ စျေးသက်သာတဲ့ဖုန်းလိုင်းInternetလိုင်းသုံးခြင်း၊ လစဉ်ငွေယိုပေါက်ကိုရှာပြီးပိတ်လိုက်ခြင်း စတာတွေကနေတစ်လကို၃သောင်းထွက်လာအောင်လုပ်ပါ။

【Step2 : လစဉ်ဝင်ငွေကို၅သောင်းတိုး】
Side business(副業)လုပ်ခြင်း၊ ရာထူးတိုးဖို့ကြိုးစားခြင်း၊ လစာများတဲ့အလုပ်ကိုပြောင်းခြင်း စတာတွေနဲ့ တစ်လကို၅သောင်းပိုထွက်အောင်လုပ်ပါ။

【Step3 : အပိုငွေကိုIndex Fundထဲလစဉ်ထည့်】
Step1နဲ့2ကနေရလာတဲ့အပိုငွေကို S&P500တို့လိုမျိုး ကောင်းမွန်တဲ့Index Fundထဲလစဉ် ရင်းနှီးမြှုပ်နှံပါ။ ကောင်းမွန်တဲ့Index Fundတွေဆိုရင် နှစ်စဉ်ပျမ်းမျှ၆%~၁၀%အမြတ်ရနိုင်တယ်။ အဲ့ဒီလိုရင်းနှီးမြှုပ်နှံတဲ့အခါမှာ NISAတို့ iDecoတို့လို အခွန်ကင်းလွတ်တဲ့စနစ်ကိုအသုံးချပါ။

【Step4 : Index FundကိုBuy & Hold】
Step3မှာရင်းနှီးမြှုပ်နှံထားတဲ့Index Fundကို စျေးတက်သည်ဖြစ်စျေ ကျသည်ဖြစ်စေ လစဉ်ရင်းနှီးမြှုပ်နှံပြီး မရောင်းဘဲနဲ့တောက်လျှောက်ကိုင်ထားပါ။

ဒါပါပဲ။
ပြီးရင်တော့အချိန်ကိုမဟာမိတ်ဖွဲ့ပြီး ပွါးလာတာကိုထိုင်စောင့်ရုံပဲ။
Step1ကရလာတဲ့၃သောင်းရယ်
Step2ကရလာတဲ့၅သောင်းရယ်
စုစုပေါင်း၈သောင်းကို လစဉ်S&P500ထဲ
ရင်းနှီးမြှုတ်နှံသွားပြီး နှစ်စဉ်ပျမ်းမျှ၈% အမြတ်ရမယ်ဆိုရင်…
၁၆နှစ်နဲ့ Level2
၂၁နှစ်နဲ့ Level3
၂၉နှစ်နဲ့ Level4 ကိုရောက်နိုင်သွားမှာပါ။
ရင်းနှီးမြှုပ်နှံတဲ့Amountများရင်များသလောက် လိုအပ်တဲ့အချိန်လည်းတိုပါလိမ့်မယ်။

မင်းဟာကလည်းကြာလိုက်တာကွာ
ဒါ့ထက်မြန်တဲ့နည်းလမ်းမရှိတော့ဘူးလား လို့
တွေးမိရင် Warren Buffettရဲ့စကားကိုနားထောင်ကြည့်ပါ။

“လူတိုင်းလိုလိုကအလျင်အမြန်ချမ်းသာချင်ကြတယ်။ အဲ့ဒါကြောင့် လူတော်တော်များများကမချမ်းသာကြတာ။ တဖြည်းဖြည်းနဲ့ချမ်းသာချင်တဲ့သူဆိုတာရှားတယ်။ တဖြည်းဖြည်းချင်းချမ်းသာဖို့လုပ်ရင် ဘာမှမခက်တဲ့ဟာကို”
ーWarren Buffett

コメント

タイトルとURLをコピーしました