【ChatGPTနှင့်ပညာရေး】

Posted on Facebook : 2024/5/6

ChatGPTကိုပညာရေးနယ်ပယ်မှာမသုံးဖို့တားမြစ်သင့်တယ်လို့ပြောကြတဲ့လူတွေရှိတယ်။ သူတို့ပြောကြတာက ChatGPTကိုသုံးရင် လူငယ်တွေကကိုယ့်ဟာကိုမစဉ်းစားတော့ဘူးတဲ့။ တော်တော်လေးကိုခေတ်နောက်ကျတဲ့အတွေးအခေါ်ပဲ။ လူငယ်တွေကိုယ့်ဟာကိုမစဉ်းစားတဲ့ပြဿနာကChatGPTနဲ့ဘာမှမဆိုင်ဘူး။ ဥပမာ, နွေရာသီနဲ့ပတ်သက်ပြီးစာစီစာကုံးရေးခိုင်းလိုက်တယ်ဆိုပါစို့။ Internetကနေနွေရာသီနဲ့ပတ်သက်တဲ့စာစီစာကုံးတွေကိုရှာပြီးရေးတာနဲ့ ChatGPTကိုမေးပြီးရေးတာနဲ့ဘာကွာလဲ?

အခုChatGPTကိုတားမြစ်သင့်တယ်လို့ပြောနေကြတဲ့လူတွေက ဘာနဲ့တူသလဲဆိုတော့ Calculatorစပေါ်တုန်းက လူတွေCalculatorသုံးရင် သင်္ချာညံ့ကုန်တော့မှာပဲလို့ပြောနေတာနဲ့တူတယ်။ အခုတော့(ဂျပန်မှာ)စာရင်းကိုင်စာမေးပွဲတွေမှာCalculatorသုံးခွင့်တောင်ပေးထားတယ်။ စာရင်းကိုင်အတတ်ပညာကိုတတ်မြောက်ဖို့ကအဓိကပါ။ ဂဏန်းတွက်တာကCalculatorကိုခိုင်းလိုက်ရင်ပြီးတာပဲ။

အခုခေတ်မှာတစ်ခုခုကိုလေ့လာသင်ယူဖို့အရမ်းလွယ်ကူလာပါတယ်။ အရင်ကလိုပညာရှာဖို့ငွေပုံပေးစရာမလိုတော့ဘူး။ Youtubeတို့ SNSတို့ Blogတို့မှာရှာဖွေပြီး အလွယ်တကူလေ့လာလို့ရနေပြီ။ အခုဆို ChatGPTပေါ်လာပြီဆိုတော့ ပိုပြီးတော့အဆင်ပြေလာပြီ။ ဒါပေမယ့်, အခြားတစ်ဖက်မှာလည်း Informationတွေများလွန်းလို့ မဟုတ်မမှန်သတင်းတွေကိုယုံမိပြီးလမ်းလွဲသွားကြတာလည်းရှိတယ်။ အဲ့ဒါကြောင့် အခုခေတ်ကလေးတွေကိုသင်ကြားတဲ့အခါ အဆင်ပြေလွယ်ကူတဲ့Toolsတွေကိုပိတ်ပင်ပြီး အရင်ခေတ်ကပုံစံအတိုင်းသင်ပြတာထက် များပြားလှတဲ့Informationတွေထဲကနေ ကိုယ်လိုချင်တဲ့အချက်အလက်ကိုရှာဖွေနိုင်တဲ့အရည်အချင်းနဲ့ သတင်းအမှန်အမှားကိုFilterလုပ်နိုင်တဲ့အရည်အချင်းကိုတိုးတက်လာအောင် သင်ပြပေးတာကပိုပြီးထိရောက်မယ်လို့ထင်တယ်။ လုံးဝပိတ်ပင်တာထက် အန္တရာယ်ကင်းကင်းသုံးနိုင်အောင်လို့ Ruleတွေမွမ်းမံပြီးအသုံးပြုတာက လူငယ်တွေလည်းSmartကျကျလေ့လာသင်ယူလို့ရတယ်။

Revolutionတစ်ခုစတင်ပြီဆိုရင် Allergicထတဲ့သူတွေကအနည်းနဲ့အများရှိကြတာပါပဲ။ သမိုင်းကိုပြန်ကြည့်ရင် Technology Revolutionကိုတားဆီးနိုင်ခဲ့တာမရှိသလောက်ပဲ။ ChatGPTကိုသုံးသင့် မသုံးသင့်ဆိုတဲ့ငြင်းခုံမှုတွေလည်း ခဏနေရင်ပျောက်သွားမှာပါ။

コメント

タイトルとURLをコピーしました