Posted on Facebook:2022/11/3
S&P500ဆိုတာIndex(ကိန်းအညွှန်း)တစ်ခုပါ။
ဘာIndexလဲဆိုတော့U.Sရဲ့အဓိကကုမ္ပဏီကြီး500ရဲ့Market Valueပေါ်အခြေခံပြီးတွက်ထားတဲ့ပျမ်းမျှStock Indexပါ။
ကုမ္ပဏီတစ်ခုတည်းရဲ့ရှယ်ယာမဟုတ်ဘဲကုမ္ပဏီအခု500ရဲ့ပျမ်းမျှရှယ်ယာစျေးလို့အလွယ်တကူပြောလို့ရတယ်။(တွက်နည်းတွေကရှုပ်တော့ အလွယ်တကူပျမ်းမျှရှယ်ယာစျေးလို့ပဲရေးလိုက်တယ်)
ကုမ္ပဏီအခု500မှာဘယ်ကုမ္ပဏီတွေပါလဲဆိုတော့လူအများသိကြတဲ့Google, Apple, Facebook,Amazon, Microsoft(GAFAM)တို့အပါအဝင်Tesla, Johnson&Johnson, United Airlinesစသဖြင့်U.Sရဲ့ကုမ္ပဏီကြီးတွေပါဝင်ပါတယ်။ Sectorအနေနဲ့ဆိုရင်လည်းအမျိုးမျိုးပါဝင်ပြီးIT Sectorကကုမ္ပဏီတွေက29%နဲ့အများဆုံးပါဝင်တယ်။
ပျမ်းမျှရှယ်ယာစျေးအတိုင်းလိုက်ပြီးတော့အတက်အကျဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုကို『Index Investment』လို့ခေါ်ပြီး၊ကိုယ့်ရဲ့ပိုက်ဆံကိုယူပြီး ကိုယ့်ရဲ့ကိုယ်စားအဲ့ဒီကုမ္ပဏီတွေဆီ ရင်းနှီးမြှုပ်နှံပေးပြီးIndexအတက်အကျပေါ်မူတည်ပြီး Returnပြန်ပေးတဲ့Fundတွေကိုတော့『Index Fund』လို့ခေါ်ပါတယ်။
S&P500ရဲ့Index Investmentကိုလုပ်ခြင်းဖြင့်ကိုယ့်ရဲ့ငွေတွေဟာU.Sရဲ့ဖိုက်တာကုမ္ပဏီကြီး500ဆီစီးဆင်းသွားမှာဖြစ်ပြီး တစ်နည်းအားဖြင့်အဲ့ဒီကုမ္ပဏီ500ရဲ့Ownerဖြစ်ပြီလို့ပြောလို့ရတယ်။
နိုင်ငံတကာအနေနဲ့ဆိုရင်VOO(Vanguard S&P 500 ETF)ဆိုတဲ့Fundကနာမည်ကြီးတယ်။ဂျပန်ပြည်တွင်းကနေရင်းနှီးမြှုပ်နှံမယ်ဆိုရင်eMAXIS Slim米国株式(S&P500)တို့ SBI・V・S&P500 Index Fundတို့ကနာမည်ကြီးတယ်။
コメント