Posted on Facebook : 2024/2/23
ဒီမေးခွန်းကိုမေးကြည့်ရုံနဲ့လူတစ်ယောက်ရဲ့Financial Literacyကိုမှန်းကြည့်လို့ရတယ်။
ဂျပန်ကအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွေရဲ့ အမြဲတမ်းပြောနေကျSales Talkက
“အိမ်ငှါးနေတာထက် Loanယူပြီးလစဉ်ဆပ်သွားရုံနဲ့ အိမ်ဆိုတဲ့Assetကိုပိုင်ဆိုင်နိုင်မယ်”ဆိုတာပဲ။ (အိမ်ချေးငွေနှင့်ပတ်သက်တဲ့Trickကိုအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။)
တကယ်ပဲသူတို့ပြောသလို အိမ်ဆိုတာAssetလားဆိုတာစမ်းစစ်ဖို့ အရင်ဦးဆုံး Assetဆိုတဲ့အဓိပ္ပါယ်ကိုသိမှဖြစ်မယ်။
Assetဆိုတာ လစဉ်(နှစ်စဉ်)ကိုယ့်အိတ်ကပ်ထဲကိုငွေဝင်လာစေတဲ့အရာ၊ သို့မဟုတ် ပြန်ရောင်းတဲ့အခါ ဝယ်ထားတဲ့စျေးထက်အမြတ်ရစေတဲ့အရာကိုခေါ်တယ်။
ဒါဆို လစဉ်အကြွေးဆပ်ပြီးနေ,နေရတဲ့အိမ်တစ်လုံးဟာ 100% Assetမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လစဉ်ကိုယ့်ရဲ့အိတ်ကပ်ထဲကနေငွေတွေထုတ်ယူနေတဲ့အရာမို့လို့ပါ။ ပြန်ရောင်းတဲ့အချိန်မြတ်ရင်တော့Assetလို့ခေါ်လို့ရပေမယ့် လက်ရှိနေ,နေတာဖြစ်လို့ Assetလို့ခေါ်လို့မရပါဘူး။ Assetလို့ခေါ်လို့ရတဲ့အိမ်မျိုးလည်းရှိပါတယ်။ ဥပမာ၊ အိမ်ကိုပိုင်ဆိုင်ထားပြီး အဲ့ဒီအိမ်ကိုငှါးထားတာမျိုးဆိုရင် လစဉ်ကိုယ့်အိတ်ကပ်ထဲငွေဝင်စေတဲ့အရာဖြစ်လို့ ဒီလိုအိမ်မျိုးဆိုရင်Assetပါ။
“အိမ်”ဆိုတာAssetလား? လို့မေးရင်
”Yes” or “No”ဆိုတဲ့အဖြေမျိုးမဟုတ်ဘဲ
“အခြေအနေအရ Assetလည်းဖြစ်နိုင်တယ် Assetမဟုတ်တာ(Liability)လည်းဖြစ်နိုင်တယ်”လို့ပြောတဲ့သူဆိုရင်တော့ Financial Literacy တော်တော်လေးရှိတယ်လို့ ခန့်မှန်းကြည့်လို့ရနိုင်တယ်။
Ref: Rich Dad Poor Dad(金持ち父さん 貧乏父さん)
コメント