【လေးစားအထင်ကြီးခံရမှုကိုမဝယ်ဘဲလွတ်လပ်တဲ့အချိန်ကိုဝယ်ပါ】

Posted on Facebook : 2024/4/19

ငွေကြေးကိုအသုံချပြီးတော့လူတွေရဲ့လေးစားအထင်ကြီးခံရမှုကိုရဖို့မကြိုးစားပါနဲ့။ ကိုယ့်အတွက်အဆင်ပြေဖို့မဟုတ်ဘဲ လူတကာရဲ့လေးစားအားကျမှုကိုရဖို့အတွက် Brandedအဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ၊ စျေးကြီးတဲ့နာရီတွေဝယ်ဖို့စဉ်းစားရင်တော့ လုံးဝမဝယ်သင့်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီပစ္စည်းတွေကြောင့် လူလေးစားမခံရလို့ပါ။ တစ်ယောက်ယောက်က LVအိတ်ကြီးကိုင်ပြီး ကားအကောင်းစားကြီးစီးသွားတာကိုမြင်လို့ 『ဟားမိုက်လိုက်တာ။ အားကျလိုက်တာ』လို့တွေးမိရင် အဲ့ဒီလူကိုလေးစားလို့မဟုတ်ဘဲ LVအိတ်ကြီးတွေ၊ ကားအကောင်းစားကြီးတွေကိုအားကျတာပါ။ Brandedပစ္စည်းတွေ လက်ဝတ်ရတနာတွေ တန်ဖိုးကြီးပစ္စည်းတွေဆိုတာ အဲ့ဒီပစ္စည်းတွေမှာပဲဆွဲဆောင်မှုရှိတာဖြစ်ပြီး အဲ့ဒီပစ္စည်းတွေကြောင့်ကိုယ့်ရဲ့တန်ဖိုးကတက်လာတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေကပဲ ကိုယ့်ကိုလူတွေလေးစားလာအောင်လုပ်ပေးမှာပါ။

အဲ့ဒါဆို, ငွေကြေးတွေကဘယ်မှာသွားသုံးရမှာလဲ?

လွတ်လပ်တဲ့အချိန်(ဘဝ)ကိုဝယ်ဖို့အတွက်သုံးပါ။ ငွေကြေးရဲ့အဓိကတန်ဖိုးက “လွတ်လပ်မှု”ကိုဝယ်လို့ရခြင်းပဲ။ အမျိုးမျိုးသောလေ့လာချက်တွေအရ လူတွေရဲ့ပျော်ရွှင်မှုဟာ “လွတ်လပ်မှု”ကနေပေါက်ဖွားလာတယ်လို့ဆိုတယ်။ ကိုယ့်ဘဝကိုကိုယ့်စိတ်ကြိုက် Controlလုပ်ပြီး ဘာချုပ်နှောင်မှု ဘာကန့်သတ်ချက်မှမရှိဘူးဆိုရင် လူတွေဟာပျော်ရွှင်မှုကိုခံစားရတယ်။ ကိုယ်ကြိုက်တဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်ကြိုက်တာလုပ်နေရတဲ့အချိန်က အပျော်ရွှင်ရဆုံးအချိန်ပဲ။ ပင်လယ်သွားချင်လိုက်တာလို့တွေးမိရင် ချက်ချင်းလေယာဉ်စီးပြီးBeachကိုသွား ဘာမှနောက်ဆံတင်းစရာမလိုဘဲ တစ်ဝကြီးနေပြီးမှပြန်လာ။ တွေးကြည့်ရုံနဲ့တင်ပျော်ဖို့ကောင်းနေပြီ။ အဲ့ဒီလို “လွတ်လပ်မှု”နဲ့လဲလှယ်ဖို့အတွက်ငွေကြေးကိုအသုံးချသင့်တယ်။

ဒါပေမယ့် လူတော်တော်များများကတော့ အပြင်ပန်းလေးစားမှုကိုခံရဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေကိုဝယ်ဖို့ ကိုယ့်ရဲ့လွတ်လပ်တဲ့အချိန်တွေကိုအလုပ်ထဲမှာပဲနှစ်ထားရတယ်။ တန်ဖိုးကြီးပစ္စည်းတွေအတွက်ငွေရှာဖို့ ကိုယ့်ရဲ့အနည်းငယ်သာရှိတဲ့လွတ်လပ်တဲ့အချိန်ကိုတောင်စတေးနေကြတယ်။
လုံးဝပြောင်းပြန်ပဲ။

ကိုယ်အသုံးဝင်ဖို့အတွက်မဟုတ်ဘဲ လူအထင်ကြီးခံရဖို့ တန်ဖိုးကြီးပစ္စည်းတွေဝယ်မယ့်ငွေကြေးတွေဟာ “လွတ်လပ်မှု”ကိုဝယ်ဖို့အတွက်အရင်းအနှီးပဲဖြစ်သင့်တယ်။

コメント

タイトルとURLをコピーしました