【ဂျပန်မှာမဝင်သင့်သော/မလိုအပ်သောအာမခံ】⚠️ကလေးပညာရေးစရိတ်အာမခံ学資保険⚠️

Posted on Facebook : 2024/6/15

*ဂျပန်မှာနေထိုင်နေတဲ့ကလေးမိဘများအတွက်

ကလေးမွေးတဲ့အခါ ကလေးပညာရေးစရိတ်အတွက်သတ်မှတ်ထားတဲ့ကာလမှာ လစဉ်အာမခံကြေးသွင်းပြီး ကလေးကသတ်မှတ်ထားတဲ့အသက်ပြည့်ရင် အဲ့ဒီကာလအတွင်းဆောင်ထားတဲ့အာမခံကြေးတွေနဲ့အတိုးအနည်းငယ်ကိုပြန်ထုတ်လို့ရတဲ့အာမခံပါ။ အာမခံကြေးဆောင်နေစဉ်ကာလအတွင်း အုပ်ထိန်းသူ/မိဘဆုံးသွားတာ ဒါမှမဟုတ် အုပ်ထိန်းသူ/မိဘက ရောဂါကြီးကြီးမားမားဖြစ်တဲ့အခါ ကျန်ရှိတဲ့အာမခံကြေးတွေဆက်သွင်းစရာမလိုဘဲ ကလေးအသက်ပြည့်ရင်ရမယ့်ငွေတွေကိုအပြည့်အဝရရှိမှာပါ။ ပြောရမယ်ဆိုရင် အသက်အာမခံကြေး(生命保険)လိုမျိုးပါ။ ဒီအာမခံကိုလာဆွယ်တဲ့သူတွေဟာ “ကလေးတစ်ယောက်ရဲ့ပညာရေးစရိတ်က ¥သောင်း၁,၅၀၀ကျော်လိုတယ်”လို့ပြောပြီး စိတ်ပူပင်သောကဖြစ်အောင်အရင်လုပ်တတ်တယ်။

ဘာလို့မဝင်သင့်(မလိုအပ်)တာလဲဆိုတော့…

  1. ကလေးအသက်မပြည့်ခင် အာမခံထဲကထွက်ရင် သွင်းထားတဲ့အာမခံကြေးထက်လျော့တဲ့ပမာဏပဲပြန်ရတယ်။
  2. ကလေးအသက်ပြည့်လို့ပြန်ရမယ့်ပမာဏက သတ်မှတ်ပြီးသားဖြစ်လို့ ကုန်စျေးနှုန်းမြင့်တက်လာမှုကိုမခံနိုင်ဘူး။ ၁၅နှစ် or နှစ်၂၀လောက်ကုန်စျေးနှုန်းမတက်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
  3. နှစ်ပေါင်းများစွာ ပြန်ထုတ်လို့မရ(သတ်မှတ်အချိန်ထက်စောပြီးထုတ်ရင်အရှုံး)တဲ့အပြင် အချိန်ပြည့်လို့ပြန်ထုတ်တဲ့အခါ ရမယ့်အတိုးကအရမ်းနည်းပါးလွန်းတယ်။ Meiji Yasuda Seimeiမှာအစမ်းတွက်ကြည့်လိုက်တော့ ၁၅နှစ်ပြည့်ရင် သွင်းထားတဲ့ပမာဏရဲ့၁၁၁.၅%ပြန်ရမယ်လို့ဆိုတယ်။ ၁၁.၅%မြတ်မယ်ဆိုတဲ့သဘော။ ဝိုး ၁၀%ကျော်မြတ်တာပဲလို့တွေးမိလိမ့်မယ်။ သေချာစဉ်းစားကြည့်ပါ။ ၁၅နှစ်နေမှ၁၁.၅%ပဲမြတ်မှာဆိုတော့ ၁နှစ်မှာ၀.၇၆%ပဲမြတ်တာ။USရဲ့၁၀နှစ်သက်တမ်းBondတောင် တစ်နှစ်၄%မြတ်တယ်။ ပြီးတော့ အသက်ပြည့်လို့ပြန်ထုတ်တဲ့အခါ အမြတ်ပေါ်မှာအခွန်ကဆောင်ရဦးမှာဆိုတော့အမြတ်က၁၁.၅%ထက်နည်းပါတယ်။

ဒါဆိုကလေးပညာရေးစရိတ်အတွက်ဘယ်လိုလုပ်ရမလဲ⁉️

学資保険မှာအကြမ်းဖျင်းအားဖြင့် Function၂မျိုးပါတယ်။
“အသက်အာမခံFunction” နဲ့ “စုငွေFunction”။

“အသက်အာမခံFunction”အတွက် အာမခံကြေးသက်သာတဲ့かけ捨てTypeအသက်အာမခံထဲကိုဝင်လိုက်ခြင်းနဲ့ဖြေရှင်းလို့ရတယ်။ တစ်လ¥၁,၅၀၀လောက်နဲ့ နှစ်၂၀အတွင်းသေဆုံးခဲ့ရင်¥သောင်း၁,၀၀၀ရမယ်။ 学資保険ထက်အများကြီးသာတယ်။

“စုငွေFunction”အတွက် NISAစနစ်ကိုသုံးပြီး အပေါ်မှာပြောခဲ့တဲ့US Bondကိုဝယ်ခြင်းနဲ့ဖြေရှင်းလို့ရတယ်။ 学資保険ရဲ့အတိုးထက်အများကြီးသာတယ်။ နည်းနည်းRiskထပ်ယူနိုင်မယ်ဆိုရင်တော့ NISAစနစ်နဲ့ S&P500တို့၊ 全世界株式တို့လို Index Fundထဲထည့်မယ်ဆိုရင်တော့ တစ်နှစ်၆%~၈%လောက် မှန်းလို့ရမယ်။ NISAစနစ်ကိုသုံးထားလို့ အခွန်လည်းဆောင်စရာမလိုဘူး။ အရေးအကြောင်းကြုံလို့ ထုတ်ချင်ရင်လည်း အလွယ်တကူထုတ်လို့ရတယ်။

ဘယ်学資保険ကကောင်းမလဲဆိုပြီး လေ့လာနေတာထက် Financial Literacyမြင့်လာဖို့လေ့လာတာကပိုထိရောက်ပါတယ်။

NISAအကြောင်းကိုအောက်ကPostမှာဖတ်နိုင်ပါတယ်။

コメント

タイトルとURLをコピーしました