ဂျပန်ရဲ့ITလောကအကြောင်း(SIerကုမ္ပဏီအမျိုးအစား၃မျိုး)

Posted on Facebook : 2024/9/25

ဂျပန်မှာITကုမ္ပဏီလို့ပြောရင် အကြမ်းဖျင်းအားဖြင့် SES, SIer, In-house development(自社開発)ဆိုပြီးတော့ အမျိုးအစား၃မျိုးရှိတယ်။ အဲ့ဒီအထဲကSIerမှာထပ်ပြီးတော့ အမျိုးအစား၃မျိုးထပ်ကွဲတယ်။
*SIerဆိုတာဂျပန်မှာသုံးတဲ့အသုံးအနှုန်းဖြစ်ပြီး တခြားနိုင်ငံတွေမှာ SIerလို့ပြောရင်သိမှာမဟုတ်ဘူး။

SES, SIer, In-house development(自社開発)အကြောင်းနှင့်ပတ်သက်ပြီး အောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။

•ユーザー系SIer(User SIer)
ဒီSIerတွေကITမဟုတ်တဲ့ကုမ္ပဏီကြီး(ဥပမာ, ဘဏ်၊ အာမခံ၊ သယ်ယူပို့ဆောင်ရေးစသဖြင့်)တွေရဲ့ IT Departmentကနေ တဖြည်းဖြည်းကြီးမားလာပြီး ကုမ္ပဏီခွဲအနေနဲ့ဖြစ်ပေါ်လာတာများတယ်။ ITမဟုတ်တဲ့ပင်မကုမ္ပဏီက ဒီSIerရဲ့Parentကုမ္ပဏီဖြစ်ပြီး များသောအားဖြင့်Parentကုမ္ပဏီရဲ့လုပ်ငန်းမှာသုံးတဲ့IT Systemတွေကိုအများဆုံးတာဝန်ယူတည်ဆောက်ကြတယ်။ တာဝန်ယူတည်ဆောက်တယ်ဆိုပေမယ့် အများအားဖြင့် Analysis(分析), Requirement Definition(要件定義), Planning(企画)လို့ခေါ်တဲ့ Upstream Process(上流工程)တွေပဲလုပ်ပြီးတော့ တကယ်IT Systemတွေကိုတည်ဆောက်တဲ့Design Processနောက်ပိုင်းကို တခြားSIerတွေဆီအပ်ကြပြီး Project Managementပဲလုပ်ကြတယ်။ ဒီSIerမှာလုပ်ရင် Parentကုမ္ပဏီရဲ့လုပ်ငန်းသဘောတွေကိုလေ့လာခွင့်ရမယ်၊ Upstream Process(上流工程)တွေ၊ PMအတွေ့အကြုံတွေရမယ်။ ပြီးတော့ တခြားSIerတွေရဲ့Customerဆိုတဲ့Positionမှာနေရတယ်။ ဒါပေမယ့် တကယ်တည်ဆောက်တဲ့အပိုင်းတွေကိုကိုင်တွယ်ခွင့်နည်းတော့ Technical Skillတွေသိပ်မတက်ဘူး။ နောက်ပြီး Parentကုမ္ပဏီရဲ့ဝင်ငွေကျရင် လက်အောက်ကUser SIerပါထိတယ်(ဥပမာ, ကိုရိုနာစဖြစ်ချိန်ကလေယာဉ်လိုင်းတွေ)။ နာမည်ကြီးတဲ့ ユーザー系(User SIer)ကုမ္ပဏီတွေကတော့ JRရထားလိုင်းရဲ့Systemတွေကိုတာဝန်ယူတဲ့ JR systems, JALလေယာဉ်လိုင်းရဲ့Systemsတွေကိုတာဝန်ယူတဲ့ JAL Information Technologyတွေပါ။

•メーカー系SIer(Manufacturer SIer)
ဒီSIerတွေကComputerတွေ Serverတွေ အခြားလျှပ်စစ်ပစ္စည်းတွေစတဲ့Hardwareတွေကိုထုတ်တဲ့ကုမ္ပဏီတွေရဲ့ကုမ္ပဏီခွဲအနေနဲ့ဖြစ်ပေါ်လာတာများတယ်။ ပင်မကုမ္ပဏီကထုတ်တဲ့Hardwareတွေပေါ်မှာSoftwareတွေတည်ဆောက်ပြီးClientတွေဆီTotal Solutionsလုပ်ပေးကြတယ်။ သူတို့ရဲ့Customerတွေက အစိုးရနဲ့ ユーザー系SIer(User Sier)တွေများတယ်။ အရင်ကတော့ SystemကိုDesignဆွဲတာတွေ၊ တည်ဆောက်တာတွေကို သူတို့ကိုယ်တိုင်လုပ်ကြပေမယ့် လက်ရှိဂျပန်ITလောကမှာ Engineerအရေအတွက်မလောက်ငှမှုပြဿနာကြောင့် တည်ဆောက်မှုအပိုင်းတွေကိုလည်းလုပ်သေးပေမယ့် Upstream Process(上流工程)နဲ့PMကိုအဓိကလုပ်ပြီး Design Processနောက်ပိုင်းကို SESကုမ္ပဏီတွေ၊ 独立系SIer(Independent SIer)တွေဆီအပ်တာများတယ်။ နာမည်ကြီးတဲ့ メーカー系SIer(Manufacturer SIer)တွေက ဂျပန်ကုမ္ပဏီဆိုရင် Hitachi, Fujitsu, NECတို့ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီဆိုရင် IBM, HPတို့ပါ။

•独立系SIer(Independent SIer)
ဒီSIerတွေဆီမှာ အပေါ်ကSIerတွေလို Parentကုမ္ပဏီမရှိဘူး။ အဲ့ဒါကြောင့် Parentကုမ္ပဏီရဲ့ချုပ်ချယ်မှုဆိုတာမရှိဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုလွတ်လွတ်လပ်လပ်ရွေးချယ်စီမံလို့ရတယ်။ ဒီSIerတွေရဲ့Customerတွေက ユーザー系SIer(User Sier)နဲ့ メーカー系SIer(Manufacturer SIer)တွေများတယ်။ Projectတွေရဖို့Strategyအနေနဲ့SESအဖြစ်Engineerကို Customerဆီပို့ပြီးတော့ Customerနဲ့အတူတူProjectနဲ့ပတ်သတ်ပြီးPlanဆွဲတာ Analysisလုပ်တာမျိုးတွေလည်းရှိတယ်။ ဒီSIerတွေက BtoBလုပ်ငန်းတွေလုပ်တာများတော့ တခြားSIerတွေလိုလူသိမများဘူး။ 独立系SIer(Independent SIer)မှာလုပ်မယ်ဆိုရင် အောက်ခြေကနေ Upstream Process(上流工程)၊ PMတွေအထိအတွေ့အကြုံပေါင်းစုံရနိုင်တယ်။ IndustryအမျိုးမျိုးကCustomerတွေရဲ့SystemကိုဒီSIerတွေကတာဝန်ယူကြလို့ Industryအမျိုးမျိုးရဲ့လုပ်ငန်းသဘောတွေကိုလေ့လာခွင့်ရနိုင်တယ်။ နာမည်ကြီးတဲ့ 独立系SIer(Independent SIer)တွေကတော့ TIS, SRA, BIPROGYတို့ပါ။

コメント

タイトルとURLをコピーしました