Posted on Facebook : 2022/7/17
Businessတစ်ခုလုပ်မယ်ဆို တခြားသူတွေနဲ့မပြိုင်ဆိုင်တာကောင်းတယ်။ Businessတင်မက Career Planလည်းမပြိုင်ဆိုင်တာကောင်းတယ်။ ပြိုင်ပြီဆိုတာနဲ့အနိုင်အရှုံးဆိုတာရှိလာမယ့်အပြင် ကိုယ့်ဘက်ကဒဏ်ရာမရဘဲနဲ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့တာကြောင့်တခြားသူတွေနဲ့မပြိုင်ဘဲ သူတို့နဲ့မတူအောင်လုပ်တဲ့နည်းလမ်းကပိုကောင်းတယ်။
ကမ္ဘာပေါ်မှာပထမဦးဆုံးအတ္တလန်တိတ်သမုဒ္ဒရာကိုလေယာဉ်နဲ့အောင်မြင်စွာပျံသန်းနိုင်ခဲ့တဲ့သူဟာ Charles Lindberghပါ။ သမိုင်းမှာထင်ကျန်ခဲ့တယ်။ ဒါပေမယ့်ဒုတိယမြောက်နောက်ပိုင်းလူတွေကိုတော့ ဘယ်သူမှမမှတ်မိပါဘူး။ ချွင်းချက်အနေနဲ့ Amelia Earhartကိုတော့မှတ်မိကြပြီး ရုပ်ရှင်ဇာတ်ကားတောင်ရိုက်ခဲ့ကြပါသေးတယ်။ ဘာလို့လဲ? အတ္တလန်တိတ်သမုဒ္ဒရာကိုလေယာဉ်နဲ့အောင်မြင်စွာပျံသန်းနိုင်ခဲ့တဲ့ပထမဦးဆုံး”အမျိုးသမီး”ဖြစ်နေလို့ပဲ။ ပြောရမယ်ဆိုရင်New Categoryပေါ့။
အခုလက်ရှိခေတ်မှာ ဘယ်မှာမှမရှိသေးတဲ့Business modelတွေ Serviceတွေကိုဖော်ထုတ်ဖို့ဆိုတာမလွယ်ပါဘူး။ ဥပမာ, ဂျပန်စာကျောင်း။ လွန်ခဲ့တဲ့နှစ်၂၀လောက်ကဆိုရင် Winနဲ့Momijiလောက်ပဲရှိခဲ့ပေမယ့် အခုလက်ရှိမှာမှိုလိုပေါက်နေတာပဲ။ အဲ့လိုမှိုလိုပေါက်ပြီးများပြားလွန်းလို့ ဂျပန်စာကျောင်းBusinessကိုမလုပ်နဲ့လို့ပြောတာမဟုတ်ပါဘူး။ ကျောင်းသားတွေကအဲ့ဒီကျောင်းမှာလာတက်ရမယ့်Reason, တစ်နည်းပြောရရင် များပြားလှတဲ့ဂျပန်ကျောင်းတွေထဲကမှNew Categoryကို ကိုယ့်ဘာသာကိုယ် မထုတ်ဖော်နိုင်ရင် အောင်မြင်ဖို့ခက်ခဲပါတယ်။
New Categoryကိုဘယ်လိုဖော်ထုတ်ရမလဲဆိုရင် အလွယ်ဆုံးနည်းကတော့ ကိုယ့်ရဲ့Hobbyနဲ့
ကိုယ်လုပ်ချင်တဲ့Businessနဲ့တွဲကြည့်ခြင်းပါ။
ဥပမာအနေနဲ့ ဂျပန်စာကျောင်းတွေထဲကမှ New Categoryထုတ်ကြည့်မယ်ဆိုရင်…
🟢ကိုယ်ကသီချင်းနားထောင်ရတာကြိုက်ရင် J-Popသီချင်းတွေနားထောင်ရင်းListeningကျင့်တဲ့သင်တန်း
🟢ကိုယ်ကရုပ်ရှင်ဇာတ်ကားတွေကြည့်ရတာကြိုက်ရင် Japan Romantic Dramaတွေကြည့်ရင်း Dramaထဲကစာသားတွေနဲ့စကားပြောကျင့်တဲ့သင်တန်း
🟢ကိုယ်ကစာဖတ်တာဝါသနာပါရင် ဂျပန်မှာ Best Sellerဖြစ်နေတဲ့/ဖြစ်ခဲ့တဲ့စာအုပ်တွေဖတ်ရင်း Reading & Kanjiလေ့ကျင့်တဲ့သင်တန်း
(ပုံမှန်သင်နေကျMinna no Nihongoလည်းသင်ရင်းပေါ့😁)
အဲ့ဒီလိုကိုယ့်ရဲ့ဝါသနာနဲ့Businessကို တွဲကြည့်ခြင်းအားဖြင့် သူများနဲ့မတူတဲ့ထူးခြားမှုတစ်ခုက ထပ်ပေါင်းလာပါလိမ့်မယ်။
Careerဆိုတာလည်းဒီလိုပဲ။ ကိုယ့်ရဲ့ကိုယ်ပိုင်Valueကိုမြှင့်တင်ဖို့ ကိုယ့်ရဲ့ကိုယ်ပိုင်ထူးခြားချက်လေးကိုရှာဖွေပြီးအသုံးချသင့်ပါတယ်။
Business/Careerဆိုတာ တစ်ယောက်နဲ့တစ်ယောက်ပြိုင်နေကြတဲ့ပြိုင်ပွဲမဟုတ်ပါဘူး။ လူတွေအတွက်Problem Solving(Providing Value)လုပ်ပေးပြီး ထိုက်သင့်တဲ့အဖိုးအခကိုရယူခြင်းပါ။
コメント