Infraသမားရဲ့တန်ဖိုး

Posted on Facebook : 2018/11/3

Infraပိုင်းလုပ်နေတဲ့သူတွေတော်တော်များများကအရေးတယူလုပ်တာ၊ ကျေးဇူးတင်ခံနေရတာမျိုးမရှိဘူး။

ရေဘဲလ်ဖွင့်ရင်ရေလာတယ်, ခလုတ်ဖွင့်ရင်မီးလင်းတယ်ဘယ်သူမှအရေးတယူလုပ်ပြီးပြောမနေဘူး။ ဒါပေမယ့် ရေမလာဘူး မီးမလာဘူးဆိုရင်ထိပ်ဆုံးကအဆူခံ အဆဲခံရတာinfraသမားပဲ။😂

ITမှာလည်းဒီအတိုင်းပဲ။
Userကapplicationပဲစိတ်ဝင်စားတယ်။ အဲ့ဒီapplicationကိုrunနိုင်အောင်၊ သုံးလို့ရအောင်လုပ်ပေးတဲ့ infraပိုင်းဖြစ်တဲ့HardwareတွေOSတွေNetworkတွေဆို
မသိတာများတယ်။ connectionမကောင်းဘူး, responseမကောင်းဘူးဆိုလို့ကတော့
infraသမားကိုထောင်းပြီပဲ😂

ဒါပေမယ့် အဲ့ဒီလိုအဆန်းတကြယ်အပြောမခံရတာကိုကinfraသမားတွေအတွက်ဂုဏ်ယူစရာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တွေတီထွင်လိုက်တဲ့အရာကလူတွေနေထိုင်မှုဘဝရဲ့’သဘာဝ’ တစ်ခုဖြစ်သွားလို့ပဲ။

コメント

タイトルとURLをコピーしました