Posted on Facebook : 2020/11/28
“တကယ့်အောင်မြင်မှုအစစ်အမှန်ဆိုတာ ငွေကြေးချမ်းသာခြင်းကိုပြောတာလား?”
1989ခုနှစ်ကထုတ်ဝေတဲ့ဒီစာအုပ်ဟာ အုပ်ရေသန်း၃၀ကျော်ရောင်းပြီးသည့်တိုင်အောင် အခုထိစာအုပ်ဆိုင်တွေရဲ့business book cornerမှာတင်ထားတုန်းပဲ။
Book titleက‘နည်းလမ်း’မဟုတ်ဘဲ’အလေ့အကျင့်’လို့စာအုပ်နာမည်မှာပြောထားတာလေးကအခရာကျတယ်။
“၁လအတွင်းအောင်မြင်စေမယ့်နည်းလမ်း၇ခု!”မဟုတ်ပါဘူး။
ဘဝတစ်လျှောက်လုံးအလေ့အကျင့်ဖြစ်နေအောင်လုပ်ရမယ့်၇ချက်ပါ။
ရေတိုအတွက်ရေးထားတာမဟုတ်ဘဲ ရေရှည်အောင်မြင်ဖို့အတွက်ရေးထားတဲ့စာအုပ်ပါ။
No.1~3 အလေ့အကျင့်ကိုလုပ်နိုင်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်စာအောင်မြင်မှုကိုရမယ်။
No.4~6 အလေ့အကျင့်ကိုလုပ်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင် ကိုယ်နဲ့ပတ်သတ်တဲ့အဖွဲ့အစည်းကအောင်မြင်မှုကိုရမယ်။
No.7 အလေ့အကျင့်ကိုလုပ်နိုင်ရင် အဲ့ဒီအောင်မြင်မှုတွေကိုထပ်ခါထပ်ခါရနိုင်မယ်။
No.1~7ရဲ့ဖွဲ့စည်းပုံကအဲ့ဒီလိုမျိုး။
ဒီစာအုပ်ထဲမှာအကြိုက်ဆုံးအပိုဒ်က No.2 habitပဲ။ ဘာအကြောင်းရေးထားလဲဆိုတော့…
======= ဘာသာပြန် =======
No.2 habit: Begin With the End in Mind(အဆုံးကိုမျှော်မှန်းကြည့်ခြင်းဖြင့်စတင်ပါ)
အခုလာမယ့်အပိုဒ်ကိုဖတ်မယ်ဆိုရင် အရင်ဦးဆုံး ဆိတ်ငြိမ်ပြီးအာရုံစူးစိုက်လို့ကောင်းမယ့်နေရာ စိတ်တွေကိုစုစည်းလို့ရမယ့်နေရာမှာဖတ်စေချင်ပါတယ်။ အဲ့ဒီလိုနေရာမျိုးရောက်ပြီဆိုရင် အခုကနေပြောမယ့်မြင်ကွင်းကို သင့်ခေါင်းထဲမှာပေါ်လာအောင်တွေးပါ။
တစ်ခုသောရာသီဥတုကြည်လင်သာယာတဲ့နေ့တစ်နေ့မှာ စျာပနပွဲတစ်ခုကျင်းပနေတယ်။ စျာပနပွဲကိုလာကြတဲ့သူတွေရဲ့ဘေးကနေဖြတ်သွားပြီး သူတို့ကိုကျော်လွန်သွားရင် ကွယ်လွန်သူရဲ့ဓါတ်ပုံကိုတွေ့ရလိမ့်မယ်။ အဲ့ဒီဓါတ်ပုံထဲကလူဟာ’သင်’ပဲ။ အဲ့ဒီအချိန်ဟာသေချာပေါက်ကိုရောက်လာမှာမို့လို့ အဲ့ဒီမြင်ကွင်းကိုအသေအချာမျက်စိထဲမြင်အောင်တွေးပါ။ ပြီးရင် စျာပနပွဲမှာရှိတဲ့လူတွေကိုတွေးကြည့်ရအောင်။ သင့်ရဲ့မိသားစု၊ သင့်ရဲ့ဆွေမျိုး၊ သင့်ရဲ့သူငယ်ချင်း၊ သင့်ရဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းအသင်းတွေလာကြမယ်။ သင့်ရဲ့စျာပနဆိုတော့သင့်အကြောင်းကိုအများဆုံးပြောကြမှာပေါ့။
အဲ့ဒီလိုသင့်အကြောင်းတွေပြောနေကြတဲ့အခါ ဘယ်လိုမျိုးအပြောခံရရင် သင်ဝမ်းသာကျေနပ်ပြီးပီတိဖြစ်မလဲ? “သင်ကအပြောခံရလို့ဝမ်းသာကျေနပ်ပြီးပီတိဖြစ်မယ့်အရာ”အဲ့ဒါကသင့်ရဲ့အမှန်တကယ်အောင်မြင်မှု(The End)ပဲ!!! သင်ရောက်ချင်တဲ့ပန်းတိုင်(Goal)ကအဲ့ဒါပဲ!!!
(Wow🤔🤔🤔)
What Do You Want to be Remembered for?
လူတွေဟာသေမင်းနဲ့ရင်ဆိုင်ရချိန်,
ရုံးမှာနေ့မနားညမနားအလုပ်လုပ်ခဲ့ရကောင်းသားလို့
Gameတွေပိုဆော့ခဲ့ရကောင်းသားလို့
TVပိုကြည့်ခဲ့ရကောင်းသားလို့
နောင်တရတဲ့သူဘယ်နှစ်ယောက်ရှိနိုင်မလဲ…
======= ======= =======
အောင်မြင်မှုဆိုတာဘာလဲလို့အသစ်တစ်ဖန်ပြန်တွေးမိစေတဲ့စာအုပ်ပါ။ Business bookဆိုတာထက် ဘဝနေနည်းလိုစာအုပ်မျိုးပါ။ နည်းနည်းတော့ထူတယ်။ အချိန်ရရင်ဖတ်ကြည့်ပါ။
コメント