အလုပ်လျှောက်တဲ့အခါအလုပ်ရပြီးရောဆိုရုံလောက်နဲ့ အောင်မြင်တဲ့အလုပ်လျှောက်ခြင်းလို့မထင်ဘူး။ Careerနဲ့ပတ်သက်ပြီးလာတိုင်ပင်တဲ့သူဆီမှာအဲ့ဒီလိုအတွေးမျိုးရှိရင် အဲ့ဒီလိုမတွေးဖို့တတ်နိုင်သလောက်အကြံပေးတယ်။ အဲ့ဒါကြောင့်အောင်မြင်တဲ့သူရဲ့အင်္ဂါရပ်တွေအကြောင်းမပြောခင် အလုပ်လျှောက်တဲ့အခါမှာအောင်မြင်တဲ့သူတွေဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲဆိုတာကို အခုလိုသတ်မှတ်လိုက်မယ်။
✅ကိုယ်ဝင်ချင်တဲ့ကုမ္ပဏီကိုဝင်ခွင့်ရသူ
✅ထိုက်သင့်တဲ့လခကိုရရှိသူ
✅ကုမ္ပဏီမှာအလုပ်ဝင်ပြီးနောက် လုပ်ငန်းခွင်မှာFitဖြစ်ပြီးပျော်ရွှင်သူ
ဒီ၃ချက်စလုံးကိုပိုင်ဆိုင်ဖို့အတွက်ဆိုရင်…
1️⃣”အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်ကရှင်းလင်းတိကျတယ်။”
အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်က လခများများရချင်လို့၊ ကိုယ်ပိုင်အချိန်များများလိုချင်လို့၊ စိတ်ဖိစီးမှုကိုလျှော့ချချင်လို့ စသဖြင့်အမျိုးမျိုးရှိမှာပါ။ အဲ့ဒီအမျိုးမျိုးရှိတဲ့အထဲကမှ Priorityသတ်မှတ်ပြီးဒီတစ်ခေါက်အလုပ်လျှောက်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကိုရွေးထုတ်နိုင်တဲ့သူဟာ အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ ရှင်းလင်းတိကျတဲ့ရည်ရွယ်ချက်မရှိရင် ဟိုအလုပ်ကောင်းနိုးနိုး၊ ဒီအလုပ်ကောင်းနိုးနိုးနဲ့ဝေခွဲမရဘဲ မှားယွင်းတဲ့ရွေးချယ်မှုတွေဖြစ်သွားနိုင်ပါတယ်။ ပြီးတော့, ရည်ရွယ်ချက်ကရှင်းရှင်းလင်းလင်းဖြစ်နေရင် နံပါတ်၂အင်္ဂါရပ်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
2️⃣”စွန့်လွှတ်ရမယ့်အရာတွေအတွက်စွန့်လွှတ်ရဲတဲ့သတ္တိရှိတယ်။”
အလုပ်လျှောက်တဲ့အခါမှာဒီအချက်ကိုမေ့နေတတ်ကြတယ်။ အလုပ်လေးလျှောက်တာပဲဘာကိုစွန့်လွှတ်ရမှာလဲလို့ထင်စရာရှိပါတယ်။ အလုပ်လျှောက်တယ်ဆိုတာ ကုမ္ပဏီနဲ့ကိုယ်နဲ့Give & Takeလုပ်မယ့်အရာတွေကိုညှိရတာပါ။ ဥပမာ, လခတော့များများလိုချင်ပေမယ့်တာဝန်ကြီးကြီးမယူချင်ဘူးတို့၊ အတွေ့အကြုံမရှိတဲ့အလုပ်ကိုChallengeလုပ်ချင်ပေမယ့် Overtimeတွေမဆင်းချင်ဘူးတို့ဆိုတာမျိုးတွေက ကိုယ်ကပဲယူမယ်ကိုယ့်ဘက်ကတော့မပေးနိုင်ဘူးဆိုတဲ့Takerတွေရဲ့စဉ်းစားပုံပါ။ ကိုယ့်ရည်ရွယ်ချက်ကိုပြည့်ဖို့အတွက်ဆိုရင် စွန့်လွှတ်သင့်တာကိုစွန့်လွှတ်ရပါမယ်။ No Pain – No Gainပါ…။
3️⃣”အသေးစိတ်ပြင်ဆင်တယ်။”
လူတော်တော်များများက အသေးစိတ်ပြင်ဆင်မှုမရှိဘဲ အလုပ်လျှောက်ကြတယ်။ လေ့ကျင့်မှုမရှိဘဲနဲ့အပြေးပြိုင်ပွဲဝင်ပြိုင်နေကြသလိုပဲ။ အထူးသဖြင့် ကိုယ့်ကုမ္ပဏီ၊ ကိုယ်လျှောက်ဖို့လုပ်နေတဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာမှုနည်းပါးကြတယ်။ အဲ့ဒီတော့ ဘာပြဿနာဖြစ်လဲဆိုတော့ Interviewမှာအမြဲမေးလေ့ရှိတဲ့ “ဘာလို့ငါတို့ကုမ္ပဏီကိုဝင်ချင်တာလဲ?”၊ “ငါတို့ကုမ္ပဏီကိုဝင်ပြီးရင် ဘာတွေလုပ်ချင်လဲ?”၊ဆိုတဲ့မေးခွန်းကို ကိုယ့်ရဲ့စကားလုံးတွေနဲ့မဖြေနိုင်ဘဲFormatကြီးအတိုင်းဖြေတော့ Interviewစစ်တဲ့သူရဲ့စိတ်ကိုမဖမ်းစားနိုင်ဘူး။ ဒီလူဟာအပေါ်ယံလေးပဲဖြေနေတာလား၊ သေသေချာချာငါတို့ကုမ္ပဏီအကြောင်ကိုလေ့လာထားလားဆိုတာ အဖြေကိုနားထောင်ရုံနဲ့သိတယ်။ ကုမ္ပဏီအကြောင်းကိုလေ့လာရုံတင်မက ကိုယ့်ရဲ့အားသာချက်ကဘာလဲဆိုတာကိုသေချာပြန်စမ်းစစ်ခြင်း၊ ရှေ့လျှောက်Career PlanကိုDesignလုပ်ခြင်း စတဲ့ပြင်ဆင်မှုတွေကိုပါအသေးစိတ်လုပ်ရင် သေချာပေါက်ကိုယ်ဝင်ချင်တဲ့ကုမ္ပဏီကိုဝင်ခွင့်ရမှာပါ။
4️⃣”ဘယ်ကုမ္ပဏီကိုပဲရွေးရွေး ၅၀%မှန်ကန်တယ်လို့တွေးထားတယ်”
နောက်ဆုံးင်္အဂါရပ်ကတော့ ဘယ်ကုမ္ပဏီကိုပဲရွေးရွေးမှန်တယ်ဆိုတဲ့အတွေးရှိသူပါ။ အလုပ်ရပြီးရောဆိုတဲ့အတွေးကမကောင်းဘူးဆို ဘာလို့ဘာရွေးရွေးမှန်ရတာလဲ?လို့ထင်မလားမသိဘူး😂 မတူပါဘူး။ ဘယ်ကုမ္ပဏီပဲရွေးရွေးဆိုတာ နံပါတ်၁~၃အင်္ဂါရပ်တွေနဲ့ရွေးချယ်ထားတဲ့အထဲက ဘယ်ကုမ္ပဏီရွေးရွေး၅၀%မှန်နေပြီလို့ဆိုတာပါ။ အဲ့ဒါဆိုကျန်တဲ့၅၀%ကရော? ကျန်တဲ့၅၀%က ကုမ္ပဏီကိုဝင်ပြီးနောက်ကိုယ်က၁၀၀%မှန်ကန်တဲ့ရွေးချယ်မှုဖြစ်အောင်လုပ်ရမယ့်အပိုင်းဖြစ်သွားပါပြီ။ “ရောမ”ရောက်ရင်”ရောမ”လိုကျင့်ရမယ်လို့တွေးနိုင်ရပါမယ်။Levelမြင့်တဲ့ပတ်ဝန်းကျင်ကိုလိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်းLevelမြင့်ဖို့ကြိုးစားရမယ်လို့အတွေးရှိရင် အလုပ်ဝင်ပြီးနောက် လုပ်ငန်းခွင်မှာမြန်မြန်Fitဖြစ်မှာပါ။
အလုပ်လျှောက်တဲ့ရည်ရွယ်ချက်ကိုဘယ်လိုရှာရမလဲ? ဘာတွေစွန့်လွှတ်ဖို့လိုမလဲ? ဘာတွေကိုအသေးစိတ်ပြင်ဆင်ရမလဲ? စတာတွေအတွက်အသေးစိတ်တိုင်ပင်နိုင်ပါတယ်။ အတူတူပြင်ဆင်ကြမယ်။
【About my service】
コメント