ဂျပန်ကကုမ္ပဏီတွေဟာကုမ္ပဏီမှာအလုပ်လုပ်တဲ့အမြဲတမ်းခန့်ဝန်ထမ်း(正社員)တွေအတွက်အမျိုးမျိုးသောခံစားခွင့်တွေပေးကြပါတယ်။ အဲ့ဒီခံစားခွင့်တွေထဲမှာ ကုမ္ပဏီအနေနဲ့မပေးမနေရခံစားခွင့်စနစ်နှင့်ကုမ္ပဏီကိုယ်ပိုင်သတ်မှတ်တဲ့ခံစားခွင့်စနစ်ဆိုပြီး၂ခုရှိတယ်။
(ကုမ္ပဏီအနေနဲ့မပေးမနေရခံစားခွင့်စနစ်(法定福利厚生)နဲ့ပါတ်သက်ပြီးအောက်ကLinkမှာဝင်ဖတ်နိုင်ပါတယ်။)
ကုမ္ပဏီကကိုယ်ပိုင်သတ်မှတ်တဲ့ခံစားခွင့်တွေထဲက ဒီအချက်တွေရှိတဲ့ITကုမ္ပဏီဆိုရင် IT Engineerဝန်ထမ်းတွေအတွက်တော်တော်လေးကောင်းမွန်တဲ့Environmentလို့ထင်ပါတယ်။
1️⃣ဝန်ထမ်းတွေCertificateယူဖို့Supportလုပ်ပေးခြင်း
IT Engineerသမားတစ်ယောက်ဟာအမြဲတမ်းလေ့လာသင်ယူနေရပါတယ်။ ကိုယ်ပိုင်နိုင်တဲ့Technologyကနောင်တစ်ချိန်မှာအခြားTechnologyတစ်ခုရဲ့နေရာဝင်ယူခံလိုက်ရတာမျိုးဆိုတာ ခဏခဏကြုံရပါတယ်။ အဲ့လိုမျိုးကြုံရရင်ကိုယ့်ဘက်ကလည်းTrendဖြစ်တဲ့Technologyဘက်ကိုပြောင်းဖို့အတွက်လေ့လာသင်ယူပြီး ကျွမ်းကျင်ကြောင်းသက်သေပြဖို့ Certificateတွေယူရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်ရဲ့Skill Upအတွက်Certificateတွေယူကြပါတယ်။ အဲ့ဒီလိုIT Engineerတစ်ယောက်ကCertificateယူလို့လွယ်အောင်၊ ယူဖို့Motivationရှိလာအောင်လို့ Certificateရရင်စာမေးပွဲကြေးတွေပေးတာ၊ ဂုဏ်ပြုငွေတွေပေးတာ၊ လေ့လာဖို့အတွက်စာအုပ်တွေပေးတာ စတဲ့Supportတွေကိုကုမ္ပဏီဘက်ကလုပ်ပေးရင် ဝန်ထမ်းရဲ့Careerလည်းတိုးတက်၊ ကုမ္ပဏီအတွက်လည်းနောင်တစ်ချိန်မှာအကျိုးရှိလာမှာဖြစ်ပါတယ်။
2️⃣ဝန်ထမ်းရဲ့အရည်အချင်းတိုးတက်ဖို့သင်တန်းပေးခြင်း
IT Engineerတစ်ယောက်ကTechnologyပိုင်းပဲကျွမ်းကျင်နေလို့မရပါဘူး။ အခြားMannerအပိုင်းတွေ၊ Team Building and Managementအပိုင်းတွေ၊ Communicationအပိုင်းတွေ စတဲ့အရည်အချင်းတွေလည်းတိုးတက်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအရည်အချင်းတွေတိုးတက်ဖို့အတွက်ကုမ္ပဏီကသင်တန်းပေးတာ၊ ကုမ္ပဏီကအပြင်သင်တန်းကျောင်းတွေနဲ့စာချုပ်ချုပ်ပြီး ဝန်ထမ်းတွေကိုအခမဲ့သင်တန်းတက်စေတာတွေလိုမျိုးခံစားခွင့်ပေးရင် ကိုယ့်ရဲ့Careerတိုးတက်ဖို့အတွက်အရမ်းကောင်းပါတယ်။
3️⃣ဝန်ထမ်းရဲ့Assetတည်ဆောက်မှုကိုကူညီတဲ့စနစ်တွေထားပေးခြင်း
ဝန်ထမ်းကသူ့ရဲ့နောင်ရေးအတွက်ငွေကြေးပိုင်းဆိုင်ရာမပူပင်ရအောင်လို့Assetတည်ဆောက်နိုင်မယ့်စနစ်တွေကိုဝန်ထမ်းခံစားခွင့်အနေနဲ့ထည့်သွင်းပေးထားရင်တော်တော်ကောင်းပါတယ်။ ဘယ်လိုစနစ်မျိုးတွေလဲဆိုတော့ ဥပမာ, ပင်စင်ရဲ့၃ထပ်မြောက်ဖြစ်တဲ့企業型確定拠出年金(DC)ဆိုတဲ့စနစ်နဲ့အငြိမ်းစားယူပြီးရင်ရမယ့်ဝန်ထမ်းရဲ့ပင်စင်ကိုထပ်လောင်းဖြည့်တင်းပေးခြင်း၊ 従業員持株会ဆိုတဲ့စနစ်နဲ့ကိုယ့်ကုမ္ပဏီရဲ့ရှယ်ယာတွေကိုဝန်ထမ်းကဝယ်တဲ့အခါကုမ္ပဏီဘက်ကအနည်းငယ်စိုက်ထုတ်ပေးခြင်း၊ ရာထူးတက်ချိန်တို့၊ အလုပ်ဝင်ပြီး၁၀နှစ်/နှစ်၂၀ပြည့်ချိန်တို့မှာ ကုမ္ပဏီရဲ့ရှယ်ယာတွေကိုပေးအပ်ခြင်း စတဲ့စနစ်တွေပါ။
ကိုယ်လက်ရှိလုပ်နေတဲ့ကုမ္ပဏီမှာအပေါ်ကခံစားခွင့်တွေပါလား?
ကိုယ့်ရဲ့Careerတိုးတက်ဖို့အတွက်၊ ကိုယ့်ရဲ့နောင်ရေးစိတ်အေးရဖို့အတွက် ကုမ္ပဏီရွေးတဲ့အခါ ဝန်ထမ်းခံစားခွင့်(福利厚生)ကိုလည်းတစ်ချက်ကြည့်သင့်ပါတယ်။ အပေါ်က၃ချက်ရှိတဲ့ကုမ္ပဏီဆိုရင်ဝန်ထမ်းကိုအလေးထားတဲ့White Companyတွေဖြစ်တာများပါတယ်။
コメント