ဂျပန်မှာ(အထူးသဖြင့်မှီခိုသူတွေအတွက်) အခွန်သက်သာစေတဲ့Border Line(年収の壁)တွေရှိတယ်။ အဲ့ဒီBorder Lineတွေကအမျိုးမျိုးရှိပြီး တော်တော်လေးရှုပ်ထွေးတဲ့အပြင် အခုတလောHotနေတဲ့ ၁၀၃သောင်းBorder Lineကို၁၇၈သောင်းအထိမြှင့်မယ့်သတင်း၊ ၁၀၆သောင်းBorder Lineကိုဖျက်မယ့်သတင်းတွေကလည်းထွက်နေတော့ လက်ရှိသတ်မှတ်ချက်တွေကဘယ်လိုတွေလဲဆိုတာ အလွယ်တကူမြန်မြန်ကြည့်လို့ရတဲ့ဇယားလေးလုပ်ထားလိုက်တယ်။ ဒီဇယားမှာ နားလည်ရလွယ်အောင်လို့ model caseအနေနဲ့ခင်ပွန်းကအဓိကအလုပ်လုပ်ပြီး ဇနီးကမှီခိုတဲ့ပုံစံကိုသုံးထားပါတယ်။
ဇယားမှာအပြာနုရောင်ချယ်ထားတဲ့နေရာက ၁၀၃သောင်းBorder Lineကို၁၇၈သောင်းအထိမြှင့်မယ့်အစီအစဉ်ပေါ်မူတည်ပြီး ရှေ့လျှောက်ပြောင်းလဲသွားနိုင်တယ်။
ဇယားမှာလိမ္မော်နုရောင်ချယ်ထားတဲ့နေရာက ၁၀၆သောင်းBorder Lineကိုဖျက်မယ့်အစီအစဉ်ပေါ်မူတည်ပြီး ရှေ့လျှောက်ပြောင်းလဲသွားနိုင်တယ်။
အောက်ကLinkမှာစာနဲ့ရှင်းထားတာလည်းရှိပါတယ်။
【ဂျပန်မှာအခွန်သက်သာတဲ့ဝင်ငွေBorder Lineများ】
ဒီဇယားထဲမှာရေးထားတဲ့年収(income)ဆိုတာအခွန်တွေဘာတွေဘာမှမဖြတ်ရသေးတဲ့収入ကိုပြောတာပါ။ 収入နဲ့所得မကွဲရင်အောက်ကLinkမှာဖတ်ကြည့်လို့ရပါတယ်။
【ဂျပန်ရဲ့အခွန်ကိုControlလုပ်ဖို့ပထမခြေလှမ်း
(သို့မဟုတ်) 収入နှင့်所得ရဲ့အဓိပ္ပါယ်】
လက်ရှိသတင်းထွက်နေတဲ့၁၀၃သောင်းBorder Line၊ ၁၀၆သောင်းBorder Lineနဲ့ပတ်သက်ပြီး ကိုယ်တစ်ယောက်စာအမြင်ကတော့…
၁၀၃သောင်း → ၁၇၈သောင်းအထိမြှင့် 👍
၁၀၆သောင်းကိုဖျက် 👎
၁၀၆သောင်းBorder Lineကိုဖျက်ပြီးအာမခံကြေးကောက်လို့ရတဲ့သူတွေကိုတိုးပွါးလာအောင်လုပ်နေတဲ့ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့အစီအစဉ်ကိုတော့တကယ်စိတ်ပျက်မိတယ်။ ၁၀၆သောင်းအကြောင်းကိုကဒီအောက်ကLinkမှာဖတ်နိုင်ပါတယ်။
コメント