ဂျပန်မှာ(အထူးသဖြင့်မှီခိုသူတွေအတွက်) အခွန်သက်သာစေတဲ့Border Line(年収の壁)တွေရှိတယ်။ Border Lineတွေပေါ်မူတည်ပြီး ဆောင်ရမယ့်အခွန်အခ၊ အာမခံတွေနဲ့ပတ်သက်တဲ့ဇယားကို အောက်ကLinkမှာကြည့်နိုင်ပါတယ်။
အဲ့ဒီBorder Lineတွေထဲက106သောင်းBorder Lineကို2026/10မှာဖျက်သိမ်းဖို့ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနကလှုပ်ရှားနေပါတယ်။
အဲ့ဒီBorder Lineကိုဖျက်သိမ်းရင်ဘာဖြစ်မလဲ?
အာမခံတွေဝင်ရတော့မှာမို့လို့ ကိုယ့်လက်ထဲကိုရောက်ရှိမယ့်လစာက15%လျော့ပါလိမ့်မယ်။
အခုလက်ရှိစနစ်မှာက တစ်နှစ်စာဝင်ငွေ106သောင်းကိုကျော်ပြီးအောက်ကအချက်တွေနဲ့ကိုက်ညီနေရင် Social Insuranceထဲဝင်ရပါတယ်။
- ကိုယ်လုပ်နေတဲ့အလုပ်က၅၁ယောက်နဲ့အထက်ကိုအလုပ်ခန့်ထားတယ်။
- တစ်လကို88,000နဲ့အထက်လခရတယ်။
- တစ်ပတ်ကိုနာရီ၂၀နဲ့အထက်အလုပ်လုပ်တယ်။
- ရှေ့လျှောက်ဒီအလုပ်မှာပဲ၂လကျော်ဆက်လုပ်သွားမယ်။
- ကျောင်းသားမဟုတ်ဘူး။
ဒီအချက်တွေထဲကNo.1နဲ့No.2ကိုဖျက်သိမ်းဖို့လုပ်နေတာပါ။ ဒီ၂ချက်ကိုဖျက်သိမ်းလိုက်ရင် ဘယ်အလုပ်ပဲလုပ်လုပ်၊ လခဘယ်လောက်ပဲရရ “တစ်ပတ်ကိုအလုပ်ချိန်နာရီ၂၀နဲ့အထက်အလုပ်လုပ်သူတိုင်း ကိုယ့်အလုပ်ကSocial Insuranceထဲကိုဝင်ရမယ်”ဆိုတဲ့ပုံစံအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ပြီးတော့အဲ့ဒီလိုပြောင်းလဲတာက(မှီခို)အလုပ်လုပ်သူတွေတင်မက အသေးစားလုပ်ငန်းရှင်တွေကိုလည်းထိခိုက်မှုရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိစနစ်မှာSocial Insuranceဝင်စရာမလိုတဲ့သူတွေကSocial Insuranceဝင်ရတဲ့အခါမှာ အလုပ်ရှင်နဲ့အလုပ်သမားနဲ့တစ်ဝက်ဆီဆောင်ရမှာမို့လို့ပါ။
103သောင်းBorder Lineကို178သောင်းအထိတိုးမယ့်သတင်းကြားလို့ဝမ်းသာနေတုန်းရှိသေးတယ် ဒီသတင်းကြားတော့စိတ်ပျက်မိပေမယ့် အသက်ကြီးလာရင်ရမယ့်ပင်စင်ငွေတိုးတာပေါ့ဆိုပြီးအကောင်းဘက်ကပဲတွေးပါတယ်။
(もらえるか怪しいけど)😅
လက်ရှိစနစ်မှာလက်ထဲရောက်တဲ့လစာ(105သောင်း)နဲ့ စနစ်အသစ်မှာလက်ထဲရောက်မယ့်လစာကိုနှိုင်းယှဉ်ကြည့်ရင်အောက်ကပုံအတိုင်းတွေ့ရမှာပါ။
コメント