Recruitကုမ္ပဏီကပြုလုပ်ခဲ့တဲ့Researchအရ 2024/7~9မှာအလုပ်ပြောင်းတဲ့သူတွေရဲ့36.1%ဟာ အရင်လုပ်ခဲ့တဲ့ကုမ္ပဏီမှာရတဲ့လစာထက်10%နဲ့အထက်ပိုရကြတယ်လို့ပြောတယ်။ အကြမ်းဖျင်းအနေနဲ့၃ယောက်မှာ၁ယောက်က10%နဲ့အထက်ဝင်ငွေတိုးကြတဲ့အခြေအနေပါ။ လူတိုင်းအလုပ်ပြောင်းရုံနဲ့ဝင်ငွေတိုးတာမဟုတ်ပါဘူး။ ဒါဆိုဝင်ငွေတိုးတဲ့သူနဲ့ဝင်ငွေမတိုးတဲ့သူနဲ့ဘာကွာသွားလဲ?
ကြိုတင်ပြင်ဆင်မှုပါ❗️
ဘာတွေကြိုတင်ပြင်ဆင်ရမလဲ?
1. မိမိကိုယ်ကို သုံးသပ်ခြင်း
ကိုယ်ကဘယ်နေရာမှာထူးချွန်တာလဲ? ကိုယ်ကဘာလုပ်ချင်တာလဲ? ဘာအတွက်အလုပ်ပြောင်းမှာလဲ? ကိုယ်ကဘဝမှာအရေးအကြီးဆုံးလို့သတ်မှတ်ထားတာ(Value, 価値観)ကဘာလဲ? စတာတွေကိုအချိန်ပေးစဉ်းစားပြီးသုံးသပ်ကြည့်ရင် ကိုယ့်အကြောင်းကိုအရင်ကထက်ပိုနားလည်လာလိမ့်မယ်။ အလုပ်Interviewဝင်ဖြေတယ်ဆိုတာ “ကိုယ်”ဆိုတဲ့ကုန်ပစ္စည်းကို ကိုယ်တိုင်ကရောင်းခြင်းပါ။ ဘယ်လိုကုန်ပစ္စည်းမှန်းဂဃနဏမသိဘဲနဲ့ဘယ်လိုရောင်းမလဲ?
2. CV formရဲ့Qualityကိုမြှင့်တင်ခြင်း
CV formဆိုတာ”ကိုယ်”ဆိုတဲ့ကုန်ပစ္စည်းကိုPRလုပ်တဲ့အခါမှာသုံးတဲ့ကြော်ငြာစာစောင်ပါ။ ဒီကြော်ငြာစာစောင်(CV form)ကို ကိုယ့်ရဲ့လခကိုသတ်မှတ်ကြမယ့်HRကလူတွေ၊ Board of Directorတွေကဖတ်ကြမှာပါ။ အဲ့ဒါကြောင့် No.1မှာကိုယ့်ကိုယ်ကိုအသေးစိတ်လေ့လာသုံးသပ်ပြီးရင် အဲ့ဒီအချက်တွေကိုCV formမှာPRလုပ်ပြီး “ကိုယ်”ဆိုတဲ့ကုန်ပစ္စည်းကဘာတွေကောင်းကြောင်း၊ ဘယ်လိုအထောက်အကူဖြစ်နိုင်ကြောင်းHintတွေကိုထည့်ထားရပါမယ်။ ဒါမှအောက်ကNo.3အချက်မှာအထောက်အကူဖြစ်မှာပါ။
3. Interviewအမေးအဖြေကိုလေ့ကျင့်ခြင်း
Interviewဆိုတာ “ကိုယ်”ဆိုတဲ့ကုန်ပစ္စည်းကိုPresentationလုပ်ရတဲ့နေရာပါ။ အဲ့ဒါကြောင့် ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသလို Interviewမှာမေးနိုင်တဲ့မေးခွန်းတွေကိုစဉ်းစားပြီး အဲ့ဒီမေးခွန်းတွေအတွက်အဖြေကိုလည်းကြိုတင်စဉ်းစားကာ အစမ်းလေ့ကျင့်မှုတွေလုပ်ထားရမယ်။ CV formမှာကိုယ့်ကိုမေးစေချင်တာ(ကိုယ်ကPRလုပ်ချင်တာ)တွေကိုHintအနေနဲ့ထည့်ထားရင် အဲ့ဒါတွေနဲ့ပတ်သက်ပြီးမေးလာနိုင်လို့ အသေးစိတ်ရှင်းပြနိုင်အောင်ပြင်ဆင်ထားသင့်တယ်။
4. Company Research
လူတော်တော်များများက ကိုယ်လျှောက်ဖို့လုပ်နေတဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာမှုနည်းပါးကြတယ်။ ဝန်ထမ်းခံစားခွင့်(福利厚生)တို့၊ လစာတို့၊ Bonusတို့ စတဲ့ဘာတွေရမှာလဲဆိုတာကိုတော့ရှာဖွေကြတယ်😂 ဒီကုမ္ပဏီကဘာကိုအရေးအကြီးဆုံးလို့ (Value, 価値観) သတ်မှတ်ထားတာလဲ? ရှေ့လျှောက်ဘာတွေလုပ်သွားမှာလဲ? ဘယ်လိုCultureလဲ? စတာတွေကိုအသေးစိတ်Researchလုပ်ထားရင် ကိုယ်နဲ့ကုမ္ပဏီနဲ့Unmatchဖြစ်မယ့်Riskကိုလျှော့ချနိုင်မယ့်အပြင် ကိုယ့်ရဲ့လခကိုသတ်မှတ်မယ့်သူတွေဆီကနေေကောင်းတဲ့Impressionကိုရနိုင်ပါတယ်။
အခြားလူထက်ပြင်ဆင်မှုပိုင်းမှာသာလွန်ရင်ကောင်းတဲ့ကုမ္ပဏီနဲ့တွေ့နိုင်တဲ့Chance၊ ကောင်းတဲ့ကုမ္ပဏီဆီပြောင်းနိုင်တဲ့Chance၊ ကောင်းတဲ့ကုမ္ပဏီမှာFitဖြစ်နိုင်တဲ့Chanceတွေများလာပြီး ရလဒ်အနေနဲ့ဝင်ငွေတိုးပွါးသွားမှာပါ။
တစ်ယောက်တည်းပြင်ဆင်ရတာခက်ခဲတယ်ဆိုရင်အတူတူပြင်ဆင်ကြမယ်။ CV Formစစ်တာ၊ Interviewစစ်တာ၊ ကုမ္ပဏီတွေကိုResearchလုပ်တာ စတဲ့ကျွန်တော့်ရဲ့အလုပ်အတွေ့အကြုံတွေကအထောက်အကူဖြစ်စေမှာပါ။
【About career advisor service】
【Who am I?】
コメント