【ဝင်ငွေခွန်နဲ့ပတ်သက်တဲ့နားလည်မှုလွဲခြင်းနှင့်နေလို့ထိုင်လို့ကောင်းတဲ့ဝင်ငွေခွန်Zone】

ဂျပန်ရဲ့ဝင်ငွေခွန်က ဝင်ငွေများရင်များသလောက် ပုံထဲကဇယားအတိုင်းတိုးဆောင်ရတဲ့စနစ်ပါ။ အဲ့ဒီဇယားကိုကြည့်ပြီး နားလည်မှုလွဲကြတဲ့သူတော်တော်များပါတယ်။ ကိုယ်လည်းFinancial Literacyမြှင့်ဖို့မလေ့လာခင်က သူများတွေလိုပဲနားလည်မှုလွဲခဲ့ဖူးတယ်။

ဒီပုံထဲကဇယားထဲကအတိုင်း “တစ်နှစ်စာဝင်ငွေပေါ်မူတည်ပြီးဘယ်လောက်%ဆောင်ရမလဲဆိုတာသတ်မှတ်၊ ပြီးရင်တစ်နှစ်စာဝင်ငွေအကုန်လုံးကိုအဲ့ဒီအခွန်%မြှောက်လိုက်ရင်ကိုယ်ဆောင်ရမယ့်ဝင်ငွေခွန်ပဲ”ဆိုပြီးတော်တော်များများကနားလည်ထားကြတယ်။ အဲ့ဒါကမှားပါတယ်။❌

အမှန်ကတစ်နှစ်စာဝင်ငွေအကုန်လုံးပေါ်မှာအခွန်%နဲ့မြှောက်တာမဟုတ်ဘဲ တစ်ဆင့်ချင်းစီမြှောက်တာပါ။✅

ဥပမာ၊ တစ်နှစ်ကိုသောင်း၃၅၀ဝင်ငွေရှိတယ်ဆိုပါစို့။ ဒီဇယားကိုကြည့်ပြီးသောင်း၃၅၀ပေါ်မှာ၂၀%နဲ့မြှောက်ပြီးဝင်ငွေခွန်ကိုတွက်တာကမှားပါတယ်။ အမှန်ကဒီလိုတွက်ပါတယ်။

  1. ၁၉၅သောင်းအောက် x ၅%
  2. ၁၉၅သောင်း~သောင်း၃၃၀အောက် x ၁၀%
  3. သောင်း၃၃၀အထက် x ၂၀%

အပေါ်က1~3မှာရလာတာကိုစုစုပေါင်းလိုက်တာကဝင်ငွေခွန်ပါ။ အဲ့ဒီလိုတစ်ဆင့်ချင်းတွက်ရင်ရှုပ်လို့ အလွယ်တွက်တဲ့Formulaက…
(တစ်နှစ်စာဝင်ငွေစုစုပေါင်း x အခွန်%)-အခွန်ကင်းလွတ်ခ
*”အခွန်ကင်းလွတ်ခ”ကဇယားရဲ့ညာဘက်ဆုံးကော်လံပါ

Zoneတစ်ခုကနေတစ်ခုကို ၂ဆတို့၊ +၁၀%တို့တက်နေချိန် အရမ်းမတက်တဲ့Zoneတစ်ခုရှိတယ်။ ၂၃%Zoneပါ❗️အဲ့ဒီZoneမတိုင်ခင်က
၅% → ၁၀% → ၂၀%ဆိုပြီး ၂ဆစီတက်လာပြီးတော့ နောက်တစ်ဆင့်လည်းကျရော ၂၃%ပဲရှိတယ်။ ၂၃% Zoneပြီးတော့ ၁၀%တက်ပြီး၃၃%ဖြစ်သွားရော။ အဲ့ဒါကြောင့်ဒီ၂၃%Zoneကအခွန်ဆောင်ရတာတန်ပြီးနေလို့ထိုင်လို့ကောင်းတဲ့Zoneပါ။

ဒီZoneကိုမရောက်သေးရင် CareerUpတို့၊ Side business(副業)တို့နဲ့ရောက်အောင်သွားပြီး၊ အဲ့ဒီZoneရဲ့အထက်ကိုဆက်တက်ဖို့ကြိုးစားတာထက်Investmentဘက်ကနေAssetတွေတိုးပွါးအောင်လုပ်တာကပိုပြီးထိရောက်ပါတယ်။ Investmentဆိုရင်အမြတ်ရဲ့၂၀%ပဲဝင်ငွေခွန်ဆောင်ရတာမို့လို့ပါ။

Ruleတွေကိုသိပြီးအသုံးချမလား?
Ruleတွေကိုမသိဘဲဖြစ်သလိုနေမလား?

Ruleတွေအကြောင်းကိုလေ့လာပြီး ၂၃%ZoneဆီCareerUpလုပ်ပြီး Challengeလုပ်ချင်တယ်ဆိုရင် အစစအရာရာတိုင်ပင်နိုင်ပါတယ်။

*ပုံကဂျပန်ရဲ့အမျိုးသားအခွန်အေဂျင်စီWebsiteကပါ

コメント

タイトルとURLをコピーしました