တစ်ဖက်လူက”Yes”လို့တစ်ခွန်းတည်းနဲ့ဖြေလို့ရတဲ့မေးခွန်းကိုမေးပါ။

Titleမှာရေးထားတဲ့စကားကိုအလုပ်စဝင်တုန်းကTrainingတစ်ခုမှာSeniorကပြောခဲ့တာပါ။ အခုထက်ထိဒီစကားကိုမှတ်ထားပြီး ကိုယ်တိုင်လက်တွေ့ကျင့်သုံးနေတဲ့အပြင် ကိုယ့်Departmentအောက်ကMemberတွေကိုလည်းတောက်လျှောက်သတိထားခိုင်းတယ်။ အခုဆိုကိုယ့်ကိုတစ်ခုခုလာမေးရင် “Yes”လို့ဖြေရုံနဲ့ပြီးတဲ့မေးခွန်းတွေများလာတယ်။😊

အလုပ်ဆိုတာကိုယ်တစ်ယောက်တည်း လုပ်ရုံနဲ့ပြီးတဲ့အရာမဟုတ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အထက်လူကြီး၊ Customerစတဲ့သူတွေကို နေ့စဉ်လုပ်ငန်းခွင်မှာမေးခွန်းတွေမေးပြီး ညှိရတာမျိုးတွေ၊ ကိုယ့်ကိုသင်ပြ/ပြောပြခိုင်းရတာမျိုးတွေရှိတယ်။ အဲ့ဒီလိုမေးခွန်းတွေမေးတဲ့အခါမှာ တစ်ဖက်လူက”Yes”လို့တစ်ခွန်းတည်းနဲ့ဖြေလို့ရတဲ့မေးခွန်း(Suggested Type Question)ပုံစံနဲ့မေးရင် ကိုယ့်အလုပ်တွေချောချောမွေ့မွေ့ဖြစ်ပါလိမ့်မယ်။

ဥပမာ, အစည်းအဝေးမှာသုံးမယ့်စာရွက်စာတမ်းတွေPrintထုတ်ပေးပါလို့ကိုယ့်အထက်လူကြီးကခိုင်းလာတယ်ဆိုပါစို့။ လူဘယ်နှစ်ယောက်စာPrintထုတ်ရမလဲ?လို့ပြန်မေးတာဟာ အထက်လူကြီးက”Yes”လို့တစ်ခွန်းတည်းနဲ့ပြန်ဖြေလို့ရတဲ့မေးခွန်းမဟုတ်ဘူး။ “Yes”လို့တစ်ခွန်းတည်းနဲ့ပြီးဖို့အတွက်ဘာလုပ်ရမလဲ? ဒီအစည်းအဝေးမှာလူဘယ်နှစ်ယောက်တက်မှာလဲ၊ ဘယ်လိုလူတွေနဲ့ဘာအကြောင်းနဲ့ပတ်သက်ပြီးအစည်းအဝေးလုပ်မှာလဲ၊ ကိုယ့်အထက်လူကြီးကဘယ်လိုပုံစံလုပ်ထားပေးရင်ကြိုက်တတ်လဲ စတာတွေကိုရှာဖွေလေ့လာစဉ်းစားပြီး “〇〇ယောက်စာကို ကာလာနဲ့Printထုတ်ပြီး Clear Fileထဲထည့်ထားလိုက်ပါ့မယ်။ အဆင်ပြေရဲ့လား?”လို့မေးလိုက်ရင် အထက်လူကြီးက”Yes”ဆိုတဲ့တစ်ခွန်းတည်းနဲ့ဖြေလို့ရတဲ့မေးခွန်းဖြစ်သွားပါပြီ။

“Yes”လို့တစ်ခွန်းတည်းနဲ့ဖြေလို့ရတဲ့မေးခွန်းမှာအဓိကကောင်းကျိုး၃ချက်ရှိတယ်။

No.1) တစ်ဖက်လူက”Yes”လို့တစ်ခွန်းတည်းနဲ့ဖြေလို့ရလို့ တစ်ဖက်လူကကိုယ့်အတွက်အချိန်အများကြီးပေးစရာမလိုဘူး။

No.2) တစ်ဖက်လူဆီက”Yes”ဆိုတဲ့အဖြေရဖို့ တစ်ဖက်လူရဲ့အကြိုက်/စဉ်းစားပုံကိုခန့်မှန်းနိုင်တဲ့Skillတွေတက်လာတယ်။(တစ်ဖက်လူရဲ့ ရှုထောင့်ကနေစဉ်းစားနိုင်လာမယ်)

No.3) တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ်ရှာဖွေလေ့လာနိုင်စွမ်းရှိလာတယ်။

တစ်ဖက်လူက”Yes”လို့တစ်ခွန်းတည်းနဲ့ဖြေလို့ရတဲ့မေးခွန်း(Suggested Type Question)ပုံစံကိုလက်တွေ့အသုံးချရင် ကိုယ့်အလုပ်တွေချောချောမွေ့မွေ့ဖြစ်မယ့်အပြင် ကိုယ့်ကိုယ်ကိုလည်းTrainပြီးသားဖြစ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါ။

コメント

タイトルとURLをコピーしました