ကိုယ့်ရဲ့Careerကိုမြှင့်တင်ပြီး ကိုယ်ဟာအခြားသူတွေနဲ့ကွဲပြားတဲ့Valueကိုပိုင်ဆိုင်ဖို့ Self-Brandingက အရမ်းအရေးကြီးတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေချဲ့ထွင်တာ၊ ကိုယ့်အထက်လူကြီးတို့၊ ကိုယ့်Clientတို့၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တို့နဲ့ယုံကြည်မှုတည်ဆောက်တာမှာလည်း Self-Brandingကအရမ်းအထောက်အကူပြုပါတယ်။
ဝန်ထမ်းတွေအများကြီးရှိတဲ့အထဲကမှ အထက်လူကြီး/Client/လုပ်ဖော်ကိုင်ဖက်တွေကကိုယ့်ကိုရွေးချယ်ဖို့၊ အလုပ်လျှောက်တဲ့လူတွေအများကြီးထဲကမှ ကိုယ်ဝင်ချင်တဲ့ကုမ္ပဏီကကိုယ့်ကိုရွေးချယ်ဖို့ Self-Brandingကိုဘယ်လိုလုပ်မလဲ?
ပုံထဲကPyramidကိုအသေးစိတ်ဖြည့်နိုင်ရင်Self-Brandingလုပ်လို့ရပါတယ်။

Step1: Who?
ကိုယ့်ရဲ့Career Upအတွက်အရေးကြီးတဲ့ Core Targetကိုသတ်မှတ်ပါ။ ကိုယ့်ရဲ့Valueကိုဘယ်သူ့ဆီပေးမလဲ?ဆိုတာကို ဒီStepမှာ“အသေးစိတ်”ဆန်းစစ်ပါ။ ဒီနေရာမှာ”အသေးစိတ်”ဆန်းစစ်ဖို့အရေးကြီးတယ်။ မဟုတ်ရင်နောက်လုပ်ရမယ့်Stepတွေမှာ Strategyအလွဲတွေဖြစ်သွားလိမ့်မယ်။ “အသေးစိတ်”ဆိုတာဘယ်လိုလဲဆိုတော့ ဥပမာ, Core Targetကိုကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီ or ကိုယ်ဝင်ချင်တဲ့ကုမ္ပဏီဆိုပြီးသတ်မှတ်လိုက်တယ်ဆိုပါစို့။ ဒီလောက်နဲ့မလုံလောက်ပါဘူး။ အဲ့ဒီကုမ္ပဏီရဲ့ဘယ်Departmentကဘယ်သူတွေကိုကိုယ့်Valueပေးမှာလဲ?လောက်အထိအသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်။
Step2: What?
ကိုယ်သတ်မှတ်လိုက်တဲ့Core Targetကလိုချင်တဲ့Benefitနဲ့ကိုယ်ကပေးမယ့်Benefit (အကျိုးကျေးဇူး)ကိုဆန်းစစ်ပါ။ လူတွေကကော်ဖီမှုန့်ကိုဝယ်တာဟာ အမည်းရောင်ခါးခါးအမှုန့်တွေကိုလိုချင်လို့မဟုတ်ဘူး။ ကော်ဖီမှုန့်ကိုဖျော်ပြီးသောက်လိုက်လို့ရလာမယ့် အရသာကောင်းခြင်း၊ လန်းဆန်းခြင်းစတဲ့Benefitတွေကိုလိုခြင်လို့ဝယ်တာ။ အဲ့ဒီလိုပဲ ကုမ္ပဏီကဝန်ထမ်းတွေကိုလိုချင်(ခန့်)တာဟာ ဝန်ထမ်းဆိုတဲ့လူတွေကိုလိုချင်လို့မဟုတ်ဘူး။ အဲ့ဒီဝန်ထမ်းတွေကိုခန့်လိုက်လို့ရလာမယ့်Benefitကိုလိုချင်တာ။ ကိုယ့်ရဲ့Core Targetကလိုချင်တဲ့Benefitကို ကိုယ်ကပေးနိုင်ပြီဆိုရင် Core Targetကကိုယ်မှကိုယ်ဖြစ်နေမှာသေချာပါတယ်။ Core Targetကိုပေးနိုင်တဲ့Benefitမရှိရင်တွေ့တဲ့အထိရှာပါ(Skill-upလုပ်ပါ)။
Step3: How?
Core Targetဆီဘယ်လိုနည်းနဲ့Benefitပေးမှာလဲဆိုတာကိုဆန်းစစ်ပါ။ ဒီStepကအပေါ်ကStep1နဲ့2မှာဆန်းစစ်ခဲ့တဲ့အဖြေတွေဟာတကယ်အမှန်တွေပါလို့သက်သေပြရမယ့်Stepပါ။ ဒီStepကအရမ်းအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သက်သေမပြနိုင်ရင် Step2မှာဆန်းစစ်ခဲ့တဲ့ကိုယ်ကပေးနိုင်တဲ့Benefitကိုယုံကြည်ပေးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် Step2ကBenefitတွေကို ကိုယ့်ဘက်ကအမှန်တကယ်ပေးနိုင်ကြောင်း တိကျခိုင်မာတဲ့သက်သေ(Certificate, Experience, Story)တွေကိုစုစည်းပါ။
Self-Brandingဆိုတာနာမည်ကြီးဖို့အတွက်ပဲသုံးလို့ရတာမဟုတ်ပါဘူး။ ကိုယ့်Careerကိုအဆင့်ဆင့်မြှင့်တင်သွားဖို့အတွက်Strategyချတဲ့နေရာမှလည်း အရမ်းအသုံးဝင်ပါတယ်။
ဘယ်လိုCareer Upလုပ်ရမလဲ?
ဘယ်လိုSelf-Brandingလုပ်ရမလဲ?
ဆိုတာတွေဝေနေတယ်ဆိုရင် Career Advice Serviceနဲ့ပတ်သက်ပြီးတိုင်ပင်နိုင်ပါတယ်။
コメント