စစ်ဘုရင်ကြီးနပိုလီယံဟာ စာရေးတာဝါသနာပါပြီး ဝတ္ထုရေးဆရာဖြစ်ချင်ခဲ့တာ။
ကမ္ဘာကျော်ပန်းချီကားတွေကိုရေးခဲ့တဲ့ဗင်းဆင့်ဗန်ဂိုးဟာ ဘာသာရေးကိုအရမ်းဝါသနာပါခဲ့တယ်။
ကမ္ဘာကျော်Fashion Brandဖြစ်တဲ့Chanelကိုမွေးဖွားခဲ့သူ Coco Chanelဟာအဆိုတော်ဖြစ်ချင်ခဲ့တာပါ။
သူတို့တွေအောင်မြင်ခဲ့တဲ့နယ်ပယ်ဟာ အစကတည်းကသူတို့ဝါသနာပါခဲ့တဲ့နယ်ပယ်မဟုတ်ပါဘူး။

ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုက“ကိုယ်နှစ်သက်ရာကိုလုပ်ပါ၊ ကိုယ်ဝါသနာပါရာကိုလုပ်ပါ”လို့မိန့်ခွန်းတွေထဲထည့်ပြောကြတော့ လူတော်တော်များများက“ငါဝါသနာပါတဲ့အလုပ်ပဲလုပ်ချင်တယ်”ဆိုတဲ့Mindတွေဖြစ်ကုန်ကြတယ်။ အမှန်တကယ်တော့ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုဟာကိုယ်နှစ်သက်ရာကိုလုပ်ခဲ့ကြတာမဟုတ်ဘဲ ကိုယ်လုပ်ခဲ့တဲ့အရာကိုနှစ်သက်လာကြတာပါ။
ဝါသနာကိုအလုပ်အဖြစ်ပြောင်းဖို့အားမပေးတဲ့အချက်၂ချက်ရှိပါတယ်။
- စိတ်ကူးနဲ့လက်တွေ့ရဲ့Gapကကြီးမားလွန်းတတ်တယ်။
ဝါသနာကိုအလုပ်အဖြစ်လုပ်ချင်တဲ့သူဆိုတာ ပုံပြင်တွေထဲကမြင်းဖြူစီးပြီးလာကြိုမယ့်မင်းသားလေးကိုမျှော်နေတဲ့ကောင်မလေးနဲ့တူတယ်။ ငါလည်းတစ်ချိန်ချိန််မှာ100%Perfectဖြစ်တဲ့အလုပ်ကိုရှာတွေ့မှာပဲလို့မျှော်နေတတ်ကြတယ်။ တကယ်လက်တွေ့မှာတော့ ကိုယ့်ဆန္ဒတွေနဲ့100%တစ်ထပ်တည်းကျတဲ့အလုပ်ဆိုတာမရှိပါဘူး။ နောက်ပြီးတော့ ကိုယ့်စိတ်ကူးထဲကဝါသနာပါတဲ့အလုပ်ဆိုတာ များသောအားဖြင့်နောက်ကွယ်ကအခက်အခဲတွေကိုမမြင်ဘူး။ အဲ့တော့ ဝါသနာကိုအလုပ်အဖြစ်လုပ်တဲ့အခါ ထင်ထားတာနဲ့တခြားစီပဲဆိုပြီး စိတ်ဓါတ်တွေကျတတ်ပါတယ်။
- ဖိအားတွေလျှော့ချဖို့အတွက်ထွက်ပေါက်တွေပျောက်ဆုံးတတ်တယ်။
အလုပ်လုပ်တဲ့အခါမှာ ဖိအားဆိုတာအတန်အသင့်လိုအပ်ပါတယ်။ ဖိအားမရှိရင်တိုးတက်သင့်သလောက်မတိုးတက်သလို၊ ဖိအားတွေများလွန်းရင်လည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။ အဲ့ဒါကြောင့် ဘယ်အလုပ်မဆိုဖိအားဆိုတာအနည်းနဲ့အများရှိပါတယ်။ အဲ့ဒီအလုပ်ကဖိအားတွေကနေခဏတာလွတ်မြောက်ဖို့အတွက်(ဖိအားတွေကိုလျှော့ချဖို့အတွက်) ကိုယ်လုပ်ချင်တာလေးတွေ၊ ဝါသနာပါတာလေးတွေကိုလုပ်ခြင်းနဲ့ဖြေရှင်းလို့ရပါတယ်။ ဒါပေမယ့် ဝါသနာနဲ့အလုပ်နဲ့တစ်ခုတည်းဖြစ်သွားတဲ့အခါ ထွက်ပေါက်တွေပိတ်ပြီးကိုယ့်ဝါသနာနဲ့တောင်မထိတွေ့ချင်တဲ့စိတ်တွေဖြစ်လာတတ်တယ်။
ကိုယ့်ဆန္ဒတွေအားလုံးတစ်ထပ်တည်းကျတဲ့အလုပ်ဆိုတာမရှိပါဘူး။ ဒါပေမယ့်”မဆိုးပါဘူး”ဆိုတဲ့အလုပ်ကို ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့“နှစ်သက်တဲ့အလုပ်”အဖြစ်ပြောင်းလဲလို့ရပါတယ်။ ကိုယ်နှစ်သက်တဲ့အလုပ်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့Hintကို အောက်ကBook Reviewမှာရနိုင်မယ်ထင်ပါတယ်။
【Book Review: မင်းရဲ့အလုပ်ကပျော်ဖို့ကောင်းရဲ့လား? (仕事は楽しいかね?)】
コメント