【TJKအာမခံအသင်းအဖွဲ့ရဲ့အပန်းဖြေစခန်းများ】

ဂျပန်ကIT Industryကုမ္ပဏီတွေပဲဝင်လို့ရတဲ့အာမခံအသင်းအဖွဲ့တစ်ခုဖြစ်တဲ့TJKမှာ အသင်းကိုယ်ပိုင်အပန်းဖြေစခန်းတွေအပြင် အသင်းနဲ့ချိတ်ဆက်ထားတဲ့ဟိုတယ်တွေကိုစျေးနှုန်းသက်သာစွာနဲ့သုံးလို့ရတဲ့အကျိုးခံစားခွင့်တွေရှိတယ်။

✅TJKကိုယ်ပိုင်အပန်းဖြေစခန်း

Hakone, Kanaya(Chiba), Shirakaba(Nagano)မှာရှိတယ်။ TJKအာမခံကဒ်ကိုင်ထားတဲ့သူဆိုရင် Breakfast & Dinnerအပါ တစ်ညအိပ်¥6,050~¥6,600လောက်ရှိတယ်။ TJKအာမခံကဒ်ကိုင်ထားသူရဲ့ မိသားစုတွေ၊ ဆွေမျိုးသူငယ်ချင်းတွေနဲ့လည်းအတူတူတည်းလို့ရပေမယ့် ¥1,000ကျော်လောက်တော့ပိုပေးရတယ်။ အသုံးပြုဖို့အတွက်Formတင်ရပြီး မဲနှိုက်လို့ပေါက်မှသုံးလို့ရပါတယ်။ ပိတ်ရက်တွေကတော့ Formတင်တဲ့သူအရမ်းများပြီးမဲပေါက်ဖို့အရမ်းခက်လို့ ကြားရက်သွားတာကောင်းတယ်။

✅TJKနဲ့ချိတ်ဆက်ထားတဲ့ဟိုတယ်/အပန်းဖြေစခန်း

နေရာတော်တော်များများမှာရှိတဲ့ဟိုတယ်/အပန်းဖြေစခန်းတွေကိုသုံးလို့ရတယ်။ TJKအာမခံကဒ်ကိုင်ထားတဲ့သူဆိုရင် Breakfast & Dinnerအပါ တစ်ညအိပ်¥6,600~¥8,800လောက်ရှိတယ်။ TJKအာမခံကဒ်ကိုင်ထားသူရဲ့ မိသားစုတွေ၊ ဆွေမျိုးသူငယ်ချင်းတွေနဲ့လည်းအတူတူတည်းလို့ရပေမယ့် ¥1,000~¥2,000ကျော်လောက်တော့ပိုပေးရတယ်။ အသုံးပြုဖို့အတွက်Formတင်ရပြီး မဲနှိုက်လို့ပေါက်မှသုံးလို့ရပါတယ်။ ပိတ်ရက်တွေကတော့ Formတင်တဲ့သူအရမ်းများပြီးမဲပေါက်ဖို့အရမ်းခက်လို့ ကြားရက်သွားတာကောင်းတယ်။

✅TJKနဲ့ချိတ်ဆက်ထားတဲ့ဟိုတယ်/အပန်းဖြေစခန်း/Tour Packageတွေရဲ့အသုံးပြုစရိတ်ထောက်ပံ့ခြင်း

နေရာတော်တော်များများမှာရှိတဲ့ဟိုတယ်/အပန်းဖြေစခန်းတွေ Campတွေမှာသုံးလို့ရတယ်။ JTBကလိုမျိုးTour Packageတွေမှာလည်းသုံးလို့ရတယ်။ တစ်ယောက်ကိုတစ်ညအိပ် ¥1,000~¥5,000အထိထောက်ပံ့ပေးတယ်။ TJKအာမခံကဒ်ကိုင်ဆောင်ထားသူနဲ့သူ့ရဲ့မှီခိုသူကိုပဲထောက်ပံ့ပေးပါတယ်။

✅Hawaiiအထူးခရီးစဉ်

ပုံမှန်ထက်စျေးသက်သာတဲ့၅ညအိပ်၇ရက်Hawaii Tourရှိတယ်။ တည်းရမှာက Waikiki Beach Viewရှိတဲ့ Hilton Hawaiian Village Lagoon Towerမှာပါ။ လူကြီးတစ်ယောက်ကို သွားမယ့်ရာသီပေါ်မူတည်ပြီး ¥240,000~¥520,000လောက်ကုန်ကျမယ်။ GWတို့ နွေရာသီပိတ်ရက်တို့ဆို အမြင့်ဆုံး¥520,000လောက်ကျလိမ့်မယ်။ သွားမယ့်အဖွဲ့ထဲမှာ TJKအာမခံကဒ်ကိုင်ထားသူတစ်ဦးပါရင်ရပြီ။ အသွားအပြန်လေယာဉ်လက်မှတ်(Economy Class)၊ Hawaiiကလေဆိပ်အကြိုအပို့၊ ဟိုတယ်ခ(၅ညအိပ်)၊ အခြားအာမခံနဲ့အခွန်အခတွေအကုန်ပါပြီးသား။ အစားအသောက်ကတော့မပါဘူး။ ပုံမှန်ဆိုHilton Hawaiian Villageရဲ့ဟိုတယ်ခချည်းပဲ (စျေးသက်သာတဲ့အချိန်)၅ညအိပ်ကို¥280,000လောက်ရှိလို့ ဒီHawaii Tourကတော်တော်လေးတန်တယ်။ ဒီHawaii Tourကလည်းFormတင်ပြီးမဲပေါက်မှသုံးလို့ရတယ်။ လူကြိုက်များလို့မဲပေါက်ဖို့တော့ခက်တယ်။

လစဉ်အာမခံကြေးတွေသွင်းထားမှတော့တန်အောင်သုံးရမှာပေါ့။ မဲပေါက်အောင်တော့ဆုတောင်းရမယ်။😂

Formတင်တာနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့အောက်ကTJK websitမှာကြည့်,ကြည့်ပါ။

【TJK Web Page】

保養施設
FACILITIES 保養施設 最新ニュース TJKの直営保養施設 TJK箱根の森神奈川県・箱根「和にしてモダ…

【IT Salarymanတွေရဲ့ကျန်းမာရေးအာမခံအသင်းအဖွဲ့TJKနှင့်ITSရဲ့အားသာချက်များ】

【အခြားFinancial Knowledgeများ】

Financial Knowledge
「Financial Knowledge」の記事一覧です。

コメント

タイトルとURLをコピーしました