【ဂျပန်ကSalarymanတွေရဲ့အာမခံက ကာကွယ်ပေးမယ့်Risk7ခု】

ဂျပန်ရဲ့Publicအာမခံစနစ်ဟာ ကမ္ဘာပေါ်ကအကောင်းဆုံးPublicအာမခံစနစ်တွေထဲမှာပါဝင်ပါတယ်။ နိုင်ငံခြားသားအပါအဝင် ဂျပန်မှာနေထိုင်တဲ့မည်သူမဆို ဂျပန်ရဲ့Publicအာမခံစနစ်တစ်ခုခုမှာမဝင်မနေရ ဝင်ထားရပါတယ်။ အဲ့ဒီအထဲကဂျပန်မှာနေထိုင်တဲ့Salarymanတွေမဝင်မနေရတဲ့အာမခံဖြစ်တဲ့Social Insurance(社会保険)က ကာကွယ်ပေးတဲ့Risk7ခုရှိပါတယ်။

1️⃣ရောဂါ•ထိခိုက်ဒဏ်ရာဖြစ်တဲ့Risk

ရောဂါ•ထိခိုက်ဒဏ်ရာဖြစ်ရင် ဆေးကုသစရိတ်70%သက်သာတဲ့အပြင် တစ်လစာဆေးကုသစရိတ်ကသတ်မှတ်ပမာဏထက်ကျော်လွန်ရင် ကျော်လွန်တဲ့ပမာဏကိုပေးဆောင်စရာမလိုခြင်းစတဲ့စနစ်တွေနဲ့ကာကွယ်ပေးတယ်။

2️⃣အလုပ်လက်မဲ့ဖြစ်တဲ့Risk

ဂျပန်မှာဝန်ထမ်းကိုအလွယ်တကူအလုပ်ဖြုတ်လို့မရဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ အလုပ်လက်မဲ့မဖြစ်ခင်ကရတဲ့တစ်လတာလစာရဲ့ 45%~80%ကိုလစဉ်အများဆုံးတစ်နှစ်လောက်အထိထောက်ပံ့ပေးတဲ့စနစ်နဲ့ကာကွယ်ပေးတယ်။

3️⃣အငြိမ်းစားယူပြီးနောက်အသက်ရှည်တဲ့Risk

အငြိမ်းစားယူပြီးဝင်ငွေမရှိတဲ့နောက် စားဝတ်နေရေးအတွက်ထောက်ပံ့ပေးဖို့ ပင်စင်စနစ်နဲ့ကာကွယ်ပေးတယ်။

4️⃣ကလေးမွေးဖွားကြီးပြင်းတဲ့Risk

ကလေးမွေးဖွားတဲ့အခါ ကလေးမွေးဖွားစရိတ်အဖြစ်သောင်း40ကျော်ထောက်ပံ့ခြင်း၊  ကလေးတစ်နှစ်ပြည့်တဲ့အထိအလုပ်ပြန်မဝင်ခင်မှာ လစာရဲ့50%~80%အထိထောက်ပံ့ပေးခြင်း စတဲ့စနစ်တွေနဲ့ကာကွယ်ပေးတယ်။

5️⃣နာတာရှည်ရောဂါ•မသန်မစွမ်းဖြစ်တဲ့Risk

နာတာရှည်ရောဂါဖြစ်ပြီးအိပ်ယာထဲမှာပဲလှဲနေရတာမျိုး၊ မသန်မစွမ်းဖြစ်သွားတာမျိုးဆိုရင် ခံစားရတဲ့(မသန်မစွမ်းဖြေစ်တဲ့)Levelပေါ်လိုက်ပြီး အများဆုံးတစ်နှစ်ကိုသောင်း100စွန်းစွန်းလောက်ထောက်ပံ့ပေးခြင်း၊ ကလေးရှိရင်အများဆုံး ကလေးတစ်ယောက်ကိုတစ်နှစ်23သောင်းကျော်ထပ်ဆောင်းထောက်ပံ့ပေးခြင်း စတဲ့စနစ်တွေနဲ့ကာကွယ်ပေးတယ်။

6️⃣သူနာပြုစောင့်ရှောက်မှုလိုအပ်တဲ့Risk

အသက်ကြီးလာလို့ပဲဖြစ်ဖြစ် နာတာရှည်ရောဂါ•မသန်မစွမ်းဖြစ်သွားလို့ပဲဖြစ်ဖြစ် သူနာပြုစောင့်ရှောက်မှုလိုအပ်လာတဲ့အခါ သူနာပြုစောင့်ရှောက်မှုServiceတွေကို 70%~90%လောက် သက်သက်သာသာနဲ့အသုံးပြုလို့ရတဲ့စနစ်တွေနဲ့ကာကွယ်ပေးတယ်။

7️⃣သေဆုံးတဲ့Risk

သေဆုံးသွားတဲ့အခါ ကျန်ရစ်သူမိသားစုကိုနာရေးအတွက်5သောင်းထောက်ပံ့ပေးခြင်း၊ ကွယ်လွန်သူရဲ့ပင်စင်ကိုဆက်ခံခြင်းစတဲ့စနစ်တွေနဲ့ကာကွယ်ပေးတယ်။

Salarymanတစ်ယောက်ဟာ အပေါ်ကRiskတွေနဲ့တွေ့လို့ ကုန်းကောက်စရာမရှိလောက်အောင်ဘဝပျက်သွားတယ်ဆိုတာတော်တော်လေးရှားပါတယ်။ ပြီးတော့ Social Insurance(社会保険)ဆိုတာ ဝန်ထမ်းတစ်ယောက်တည်းကဆောင်ရတာမဟုတ်ဘဲ ကုမ္ပဏီ(အလုပ်ရှင်)ဘက်ကတစ်ဝက်ဆောင်ပေးရပါတယ်။ ကိုယ့်ဘက်ကအမခံကြေးတစ်ဝက်ဆောင်ရုံနဲ့အပေါ်ကRisk7ခုကိုအနည်းနဲ့အများကာကွယ်နိုင်ပါတယ်။

လစဉ်ဆောင်နေရတဲ့Privateအာမခံတွေရှိရင်ပြန်စိစစ်ပြီး မလိုအပ်တဲ့Privateအာမခံတွေကိုလည်းသတ္တိရှိရှိဖျက်ပစ်ပါ။

コメント

タイトルとURLをコピーしました