【Will → Can → Must မဟုတ်ဘဲ Must → Can → Willနဲ့စဉ်းစားပါ】

Will : ကိုယ်လုပ်ချင်တဲ့အရာ

Can : ကိုယ်လုပ်နိုင်တဲ့အရာ

Must : ကိုယ်လုပ်ရမယ့်အရာ

Will•Can•Mustဆိုတာ ကိုယ့်ရဲ့Career Planကိုစဉ်းစားတဲ့အခါ လူတော်တော်များများသုံးလေ့သုံးထရှိတဲ့Frameworkတစ်ခုပါ။ ဒီFrameworkကိုသုံးပြီးစဉ်းစားတဲ့သူတွေအများဆုံးမှားတတ်တာက Willကိုအရင်ဦးဆုံးစ,စဉ်းစားတာပဲ။

ကိုယ်လုပ်ချင်တာ(Will)ကဘာလဲကိုစ,စဉ်းစားပြီးတော့ လက်ရှိကိုယ်လုပ်နိုင်တာ(Can)ကဘာလဲ၊ ကိုယ်လုပ်ချင်တာ(Will)နဲ့လက်ရှိကိုယ်လုပ်နိုင်တာ(Can)ရဲ့Gapကဘာလဲဆိုတာစဉ်းစားပြီး အဲ့ဒီGapကိုဖြည့်ဖို့ ကိုယ်လုပ်ရမယ့်အရာ(Must)ကဘာလဲဆိုပြီး အစဉ်လိုက်စဉ်းစားတဲ့သူတွေများကြတယ်။ အဲ့ဒီလိုအစဉ်လိုက်စဉ်းစားရင် များသောအားဖြင့်ပထမဦးဆုံးWillမှာတင်အခက်တွေ့တတ်ကြတယ်။ ဘာလဲဆိုတော့ ကိုယ်ဘာလုပ်ချင်တာလဲကိုမသိတဲ့ပြဿနာပဲ။

စဉ်းစားကြည့်ပါ။

ဘာမှမသိနားမလည်သေးတဲ့ကလေးတစ်ယောက်ကို ဘာCareerလုပ်ချင်လဲလို့သွားမေးရင် ဒီကလေးမှန်မှန်ကန်ကန်ဖြေနိုင်ပါ့မလား? ဘယ်လိုမှမဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Can(ကိုယ်လုပ်နိုင်တာ/လုပ်တတ်တာ)ကနည်းပါးနေသေးလို့ပါ။

တကယ်တော့အရင်ဦးဆုံးစ,စဉ်းစားရမှာက Mustပါ။ လက်ရှိကိုယ်ဟာဘာလဲ၊ လက်ရှိနေရာမှာကိုယ်ဟာဘာလုပ်ရမှာလဲဆိုတာကိုစဉ်းစားပြီး လက်ရှိကိုယ်လုပ်ရမယ့်အရာကိုအစွမ်းကုန်လုပ်ပါ။ အဲဲ့ဒီလိုလုပ်ရင်ဘာဖြစ်လာမလဲဆိုတော့ Canတွေများလာပါလိမ့်မယ်။ Canတွေများလာပြီး အတွေ့အကြုံနဲ့အသိဥာဏ်တွေတိုးပွါးလာတဲ့အခါမှာ မြင်လာရတဲ့မြင်ကွင်းကကျယ်လာပါလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ Willကိုစဉ်းစားရင် မှားယွင်းတဲ့ရွေးချယ်မှုမဖြစ်နိုင်တော့ပါဘူး။

ကိုယ်လုပ်ချင်တာကဘလဲဆိုတာကိုအချိန်အကြာကြီးထိုင်စဉ်းစားမနေဘဲ လက်ရှိကျောင်းသားဆိုရင်စာကြိုးစား၊ အလုပ်စဝင်ကာစဆိုရင် အောက်ခြေသိမ်းအလုပ်ကအစအကုန်လုပ်ပြီး Canတွေကိုများနိုင်သမျှများအောင်လုပ်ပါ။ မျက်စိပွင့်နားပွင့်ဖြစ်ပြီးမှကြည့်တဲ့ကမ္ဘာလောကဟာအရင်ကမြင်ခဲ့ဖူးတာနဲ့ကွာခြားနေပါလိမ့်မယ်။

********************************

【About Career Advisor Service】

【Who am I?】

【Why career advisor?】

コメント

タイトルとURLをコピーしました