リボ払い(Revolving Payment : Credit cardသုံးငွေကိုအရစ်ကျပေးချေခြင်း)

Posted on Facebook:2022/10/21

လုံးဝမသုံးပါနဲ့❌❌❌

Brandပစ္စည်းတွေကိုCredit Cardနဲ့ဝယ်ပြီးတစ်လ¥5,000, ¥10,000လောက်နဲ့လစဉ်ဆပ်သွားလို့ရတဲ့Systemကိုリボ払い(Revolving Payment)လို့ခေါ်တယ်။

သောင်း၅၀ ၆၀တန်Brandတစ်ခုကိုတစ်လ¥5,000လေးပေးရုံနဲ့ဝယ်လို့ရပြီဆိုပြီးဝယ်ကြတဲ့သူတွေရှိပေမယ့်လုံးဝမသုံးသင့်တဲ့Systemတစ်ခုပါ။

ဘာလို့လဲဆိုတော့Revolving Paymentရဲ့အတိုးနှုန်းက15%ရှိတယ်။ အတိုး15%ကများလား နည်းလားသိချင်ရင်ကိုယ့်ပိုက်ဆံကိုဘဏ်မှာရိုးရိုးအပ်ထားရင်ရမယ့်အတိုးကိုတစ်ချက်ကြည့်, ကြည့်ပါ။

ဘဏ်ကနေရမယ့်အတိုးက0.001%။

အဆပေါင်း15,000ကွာတယ်❗️❗️❗️

အတိုးနည်းနည်းပိုလိုချင်လို့ဘဏ်မှာအချိန်ကာလတစ်ခုသတ်မှတ်ပြီး၅နှစ်ဖြစ်ဖြစ် ၁၀နှစ်ဖြစ်ဖြစ်အပ်ထားရင်ရမယ့်အတိုးက0.01%။

အဆပေါင်း1,500ကွာတယ်❗️❗️❗️

ဘဏ်မှာအပ်တဲ့အတိုးထက်ပိုလိုချင်လို့ဂျပန်အစိုးရကိုပိုက်ဆံချေး(Bondဝယ်)ရင်သူတို့အာမခံတဲ့အတိုးက0.05%။

အဆပေါင်း300ကွာတယ်❗️❗️❗️

ကိုယ့်ဆီကပိုက်ဆံကိုယူတော့အတိုးကိုမဖြစ်စလောက်လေးပဲပေးပြီးသူတို့ဆီကယူတော့ကိုယ်ရမယ့်အတိုးရဲ့အဆပေါင်းများစွာကိုပြန်ပေးရတယ်။

ပြီးတော့ပိုဆိုးတဲ့အချက်ကအတိုးပေါ်အတိုးဆင့်တဲ့ပုံနဲ့တွက်တာဆိုတော့တော်တော်နဲ့ဆပ်လို့မပြီးတော့ဘူး။

リボ払い(Revolving Payment) ဆိုတာလုံးဝမလုပ်သင့်တဲ့အရာပါ…

ကုန်ကျငွေကိုလျှော့နိုင်ပြီး Life Satisfactionမကျတဲ့နည်းလမ်းတွေကိုအောက်ကPostမှာရေးထားပါတယ်။

コメント

タイトルとURLをコピーしました