【ဘဏ္ဍာရေးရှင်းတမ်းကနေမြင်လာရတဲ့7-Eleven Franchiseစနစ်ရဲ့Dark Side】

ကုမ္ပဏီတစ်ခုရဲ့နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်း(決算書)ဆိုတာ အဲ့ဒီကုမ္ပဏီရဲ့အတွင်းပိုင်းအခြေအနေတွေကိုသိနိုင်တဲ့စာရွက်စာတမ်းတစ်ခုပါ။ Stock Shareစျေးကွက်ဝင်တဲ့ကုမ္ပဏီတိုင်း နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းကိုအသေးစိတ်ထုတ်ပြန်ရပါတယ်။ အလုပ်ထဲမှာStrategyတစ်ခုဆွဲဖို့အတွက်ကုမ္ပဏီကြီးတစ်ချို့ရဲ့ဘဏ္ဍာရေးရှင်းတမ်း(決算書)တွေကို လှန်လှောဖတ်ကြည့်ရင်း 7-Elevenရဲ့ဘဏ္ဍာရေးရှင်းတမ်းကိုဖတ်ကြည့်မိပြီး သူ့ရဲ့ Franchiseစနစ်နဲ့သူဌေးဖြစ်သွားတာဘယ်သူတွေလဲဆိုတာမှန်းဆလို့ရခဲ့တယ်။

(သိပြီးတဲ့သူတွေများပေမယ့်)

Franchiseစနစ်ဆိုတာ အလွယ်ပြောရရင် ရုံးချုပ်ဘက်ကနေကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့Ownerတွေဆီ သူတို့ရဲ့အမှတ်တံဆိပ်(Brand)ကိုအသုံးပြုခွင့်ပေးပြီး Businessလည်ပတ်ဖို့Supportပေးရင်း Ownerတွေရဲ့အမြတ်ထဲကဘယ်လောက်%ရုံးချုပ်ဘက်ကိုပြန်ပေးရမယ်ဆိုတဲ့စနစ်ပါ။ အဲ့ဒီလိုအမြတ်ထဲက%နဲ့ပြန်ပေးရတာကို Royaltyလို့ခေါ်တယ်။ Ownerတွေဘက်ကကြည့်ရင်အလွယ်တကူကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်နိုင်ပြီး၊ ရုံးချုပ်ဘက်ကကြည့်ရင်အမှတ်တံဆိပ်နဲ့Know-Howတွေပေးရုံနဲ့Royaltyပြန်ရလို့ နှစ်ဦးနှစ်ဖက်Win-Winဖြစ်တဲ့စနစ်လို့ ရုတ်တရက်ကြည့်ရင်ထင်ရတယ်။

ဂျပန်ပြည်တွင်းမှာရှိတဲ့7-Elevenဆိုင်တွေရဲ့98%ဟာ Franchiseစနစ်နဲ့Runနေတဲ့ဆိုင်တွေပါ။ ဆိုတော့ 7-Elevenရဲ့Sales(売上)တွေ၊ အမြတ်တွေရဲ့98%ဟာ Franchiseစနစ်နဲ့Ownerတွေဆီကရတဲ့Royaltyတွေလို့ကောက်ချက်ချလို့ရတယ်။ ဂျပန်ပြည်တွင်း7-Elevenရဲ့2024 Budget Yearကိုပြန်ကြည့်ရင်…

Sales(売上) : 904 billion yen

အမြတ်(営業利益) : 234 billion yen

အမြတ်နှုန်း(営業利益率) : 25.8%

ဒီအမြတ်နှုန်း(営業利益率)ကအရမ်းကြမ်းတယ်❗️

ဂျပန်မှာလူတိုင်းနီးပါးသိတဲ့လေကြာင်းလိုင်းကုမ္ပဏီကြီးJAL(Japan Airline)ရဲ့ 2024 Budget Year Performanceနဲ့ယှဉ်ကြည့်ပါ။

Sales(売上) : 1,844 billion yen

အမြတ်(営業利益) : 169 billion yen

အမြတ်နှုန်း(営業利益率) : 9.1%

7-Elevenထက်နှစ်ဆကျော်ပိုများတဲ့Sales(売上)ရှိတာတောင် အမြတ်မှာJALကပြတ်ကျန်ခဲ့တယ်။ အောက်ကပုံတွေထဲမှာJALအပါအဝင်တခြားနာမည်ကြီးကုမ္ပဏီတွေနဲ့ယှဉ်ပြထားပါတယ်။

ဒီလောက်မြင့်မားတဲ့အမြတ်တွေအကုန်လုံးနီးပါးကို Franchise Ownerတွေဆီကနေရနေတာပါ။ Franchise Ownerတွေဆီမှာအမြတ်ရောကျန်ရဲ့လားလို့တွေးမိတယ်။ Internetမှာရှာကြည့်ရင်လည်း ရုံးချုပ်နဲ့Franchise Ownerတွေအဆင်မပြေဖြစ်တဲ့ကိစ္စတွေတော်တော်တွေ့ရတယ်။ တရားရင်ဆိုင်ရတဲ့Caseတွေအထိရှိတယ်။

Franchiseစနစ်ကိုအသုံးချပြီး အဆင်ပြေပြေလုပ်နိုင်နေတဲ့Ownerတွေလည်းရှိမှာပါ။ Case by Caseပေါ့။ ဒါပေမယ့် 7-Elevenရဲ့ဘဏ္ဍာရေးရှင်းတမ်းအရဆိုရင်တော့ Franchiseစနစ်နဲ့သူဌေးဖြစ်တာဟာရုံးချုပ်ဘက်ကလို့ကောက်ချက်ချနိုင်ပါတယ်။

ဒီလောက်အမြတ်များတဲ့Business Modelကိုစနစ်တကျRunနိုင်နေတာကတော့လေးစားစရာပါ။🫡

コメント

タイトルとURLをコピーしました