7-Eleven Convenience Storeဆို နေ့စဉ်သုံးအတွက်လိုချင်တဲ့ပစ္စည်းဘာမဆိုအကုန်နီးပါးရှိတယ်။ ဘယ်အချိန်ကြည့်ကြည့် ပစ္စည်းတွေပြတ်လပ်နေတယ်ဆိုတာရှားတယ်။ 7-Elevenမှာရောင်းတဲ့ကုန်ပစ္စည်းတွေရဲ့Qualityကလည်းကောင်းတယ်။ ပြီးတော့ အစားအသောက်လိုမျိုးExpire Dateတိုတဲ့ကုန်ပစ္စည်းမျိုးဆိုရင် ရောင်းမကုန်ရင်စွန့်ပစ်ရတယ်။ Qualityကောင်းတဲ့ကုန်ပစ္စည်းတွေကိုအမြဲတမ်းပြတ်လပ်မှုမရှိဘဲ ဆိုင်ပေါ်မှာတင်ထားပြီး၊ ရောင်းမကုန်ဘဲExpire Dateကျော်လွန်တဲ့ကုန်ပစ္စည်းတွေကိုလည်းစွန့်ပစ်နေရပေမယ့် 7-Eleven Japanရဲ့ရောင်းကုန်တွေအတွက်ကုန်ကျစရိတ်ကမရှိသလောက်နည်းပါးတယ်။
ဘာလို့လဲ⁉️
ဘဏ္ဍာရေးရှင်းတမ်း(決算書)ရဲ့စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒါပဲ။ ဘာမှဖုံးကွယ်ထားလို့မရဘူး။
7-Eleven Japan 2025/2 Budget Year Endရဲ့ဘဏ္ဍာရေးရှင်းတမ်းကို အလွယ်တကူအကြမ်းဖျင်းအကျဉ်းချုပ်လိုက်ရင် ပုံထဲကအတိုင်းထွက်လာပါလိမ့်မယ်။

•SGA Expenses(販管費)
Selling, General, Administrativeအတွက်ကုန်ကျစရိတ်ကိုခေါ်တာပါ။ ကြော်ငြာအတွက်ကုန်ကျစရိတ်၊ ဆိုင်ခန်းငှါးခ ရေဖိုးမီးဖိုးစတဲ့အထွေထွေကုန်ကျစရိတ်တွေ၊ စီမံခန့်ခွဲမှုအတွက်ကုန်ကျစရိတ်တွေက SGA Expensesထဲမှာပါတယ်။
•Purchase Cost(仕入原価)
ရောင်းမယ့်ကုန်ပစ္စည်းတွေကိုဝယ်ခြမ်းရတဲ့ကုန်ကျစရိတ်တွေက Purchase Costထဲမှာပါတယ်။
7-Eleven Japanကပုံထဲကအတိုင်း ရောင်းမယ့်ကုန်ပစ္စည်းတွေကိုဝယ်ခြမ်းရတဲ့ကုန်ကျစရိတ်တွေကမရှိသလောက်နည်းပါးပြီး အမြတ်လည်းသေချာထွက်အောင်လုပ်နိုင်တယ်။
ဒါဆို7-Eleven Convenience Storeမှာတင်ထားတဲ့ပစ္စည်းတွေကဘယ်ကရောက်လာတာလဲ?
7-Eleven Franchise Ownerတွေကဝယ်ယူရတာလို့ ဘဏ္ဍရေးရှင်းတမ်းကနေကောက်ချက်ချနိုင်ပါတယ်။
Franchise Ownerတွေရဲ့ဘဏ္ဍာရေးရှင်းတမ်းတွေမှာဆိုရင်တော့ Purchase Costကြောက်စရာကောင်းလောက်အောင်မြင့်တက်နေမှာပါ…
(7-Elevenမှမဟုတ်)Convenience Store Franchise Ownerဖြစ်ဖို့စဉ်းစားနေရင် သေသေချာချာစဉ်းစားပြီးမှဆုံးဖြတ်ပါ။
コメント