【အာမခံဝင်သင့်/မဝင်သင့်ကိုစဉ်းစားပုံ】

အာမခံထဲကိုဝင်သင့်/မဝင်သင့်စဉ်းစားတဲ့အခါ ဒီပုံထဲကအတိုင်းစဉ်းစားကြည့်ပါ။ အာမခံနဲ့ဖြေရှင်းသင့်တာက ပုံထဲကအပြာရောင်Caseပါ။

တစ်ခုခုဖြစ်လာလို့ကိုယ့်ဘက်ကဆုံးရှုံးမှု(Loss)ကနည်းပါးရင် ဖြစ်နိုင်ခြေ(Probability)နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ငွေစုဆောင်းခြင်းနဲ့ဖြေရှင်းသင့်ပါတယ်။

ဖြစ်နိုင်ခြေ(Probability)ကလည်းများတယ်၊ ဖြစ်လာရင်ဆုံးရှုံးမှု(Loss)ကလည်းကြီးမားတဲ့အရာဆိုရင် ဝေးဝေးရှောင်ခြင်းနဲ့ဖြေရှင်းသင့်ပါတယ်။(ဥပမာ, စစ်ဖြစ်နေတဲ့နေရာကိုသွားခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသကိုသွားခြင်း)

အာမခံနဲ့ဖြေရှင်းရမယ့်Caseက ဖြစ်နိုင်ခြေ (Probability)နည်းပေမယ့် ဖြစ်လာရင်ဘဝပျက်လောက်အောင်ဆုံးရှုံး(Loss)သွားနိုင်တဲ့Caseမျိုးပါ။ (ဥပမာ, မီးလောင်တာကိုကြုံတဲ့သူနည်းပေမယ့် မီးလောင်ခဲ့ရင်ပိုင်ဆိုင်မှုတွေအများကြီးဆုံးရှုံးသွားနိုင်လို့ မီးအာမခံထားတာမျိုး)

ဂျပန်မှာဆိုရင် မဝင်မနေရPublicအာမခံတွေရှိလို့ ဆုံးရှုံးမှု(Loss)ကိုစဉ်းစားတဲ့အခါ မဝင်မနေရPublicအာမခံကနေပြန်ရမယ့်ခံစားခွင့်ကိုပါထည့်တွက်ပြီးစဉ်းစားပါ။

コメント

タイトルとURLをコピーしました