【ရွှေ(Gold)ကိုအသုံးချနည်း၃မျိုး】

ရွှေရဲ့သဘောတရားကိုအခြေခံပြီး အသုံးချနည်း၃မျိုးရှိတယ်။ ရွှေရဲ့အခြေခံသဘောတရား၅ချက်ကိုအောက်ကLinkမှာဖတ်ရှုနိုင်ပါတယ်။

အသုံးချနည်း①: Tradeအဖြစ်အသုံးချခြင်း။

ပွင့်ပွင့်လင်းလင်းပြောရရင် လောင်းကစားဆန်ဆန်အမြတ်ရှာခြင်းပါ။ ရွှေရဲ့အခြေခံသဘောတရားတစ်ခုဖြစ်တဲ့ စျေးအတက်အကျကြမ်းတတ်တာကိုအသုံးချပြီး စျေးနည်းတဲ့အချိန်ဝယ်၊ စျေးတက်တဲ့အချိန်ပြန်ရောင်းပြီးတော့ Capital Gainရှာဖွေတာပါ။ ဒီလိုလုပ်ဖို့အတွက် ရွှေစျေးကွက်ကိုနားလည်ထားဖို့လိုတဲ့အပြင် ရွှေစျေးChartကို Analyzeလုပ်တတ်ဖို့လည်းလိုပါတယ်။ ပြီးတော့ စျေးကျတဲ့အချိန်ဝယ်ပြီး စျေးတက်တဲ့အချိန်ပြန်ရောင်းဆိုတာ ပြောတော့သာလွယ်ပြီး တကယ်လိုက်လုပ်ဖို့၊ လုပ်တိုင်းတောက်လျှောက်မြတ်နေဖို့ဆိုတာမလွယ်ပါဘူး။ လူတိုင်းလိုက်လုပ်နိုင်ပြီး လုပ်တိုင်းဖြစ်နေရင် အကုန်ချမ်းသာနေကြပြီ။ ရွှေကိုTradeလုပ်တာကိုမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ Beginnerတစ်ယောက်ကသူများပြောတာတွေနားယောင်ပြီးတော့ မစတင်သင့်ဘူးလို့ပြောချင်တာပါ။ ဒီနည်းနဲ့ရွှေကိုအသုံးချမယ်ဆိုရင်တော့ Securities Account(証券口座)ကနေ Gold Fundတွေကိုဝယ်တာကောင်းပါတယ်။ (ရွှေတုန်းလိုမျိုး)တကယ့်ပစ္စည်းကိုဝယ်/ရောင်းလုပ်ရင် ကော်မရှင်ခ(手数料)စျေးကြီးလို့ပါ။

အသုံးပြုနည်း②: Investmentအဖြစ်အသုံးချခြင်း

ကိုယ့်ရဲ့Asset Portfolioထဲမှာရွှေကိုထည့်ပြီး Buy&Holdလုပ်ပြီး ရင်းနှီးမြှုပ်နှံခြင်းပါ။ ဘာလို့အဲ့ဒီလိုလုပ်တာလဲဆိုတော့ Asset Portfolioထဲမှာရွှေကိုထည့်ရင်ကောင်းကျိုးရှိလို့ပါ။ ရွှေရဲ့အခြေခံသဘောတရားတွေဖြစ်တဲ့ တန်ဖိုးကသုညဖြစ်မသွားဘူးဆိုတဲ့အချက်၊ ငွေကြေးဖောင်းပွမှုဒဏ်ကိုခံနိုင်ရည်ရှိတယ်ဆိုတဲ့အချက်တွေကြောင့် ရွှေကိုAsset Portfolioထဲမှာထည့်သွင်းထားရင် ကိုယ်ပိုင်ဆိုင်တဲ့Total Assetရဲ့စျေးနှုန်းကျဆင်းမှုကို အနည်းငယ်ပျော့ပျောင်းသက်သာစေတဲ့ကောင်းကျိုးရှိတယ်လို့ Researchတွေကဆိုပါတယ်။ (Asset Portfolioဥပမာ: Stock:30%, Bond:30%, Cash:30%, Gold:10%)

ဒီနည်းနဲ့ရွှေကိုအသုံးချမယ်ဆိုရင် Tradeလိုမျိုးပဲ Securities Account(証券口座)ကနေ Gold Fundတွေကိုဝယ်တာကောင်းပါတယ်။ (ရွှေတုန်းလိုမျိုး)တကယ့်ပစ္စည်းကိုဝယ်/ရောင်းလုပ်ရင် ကော်မရှင်ခ(手数料)စျေးကြီးလို့ပါ။

အသုံးပြုနည်း③: Insuranceအဖြစ်အသုံးချခြင်း

ဘယ်လိုမျိုးအခြေအနေတွေရဲ့Insuranceလဲဆိုတော့…

•စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကြောင့်ကိုယ့်နိုင်ငံအတွင်းမှာနေလို့မရတော့တဲ့အခြေအနေ

•နိုင်ငံရဲ့အစိုးရစနစ်ကြီးပြိုလဲပြီး ကိုယ့်နိုင်ငံရဲ့ငွေကြေးတန်ဖိုးကပြုတ်ကျတဲ့အခြေအနေ

•အစိုးရကလက်ရှိငွေကြေးတွေကိုဖျက်သိမ်းပစ်လိုက်တဲ့အခြေအနေ

•စီးပွါးပျက်ကပ်ကြုံပြီး Stockတွေ၊ Cashတွေရဲ့တန်ဖိုးကပြုတ်ကျတဲ့အခြေအနေ

ဒီလိုအခြေအနေတွေနဲ့ကြုံတွေ့တဲ့အခါမှာ ရွှေရဲ့အခြေခံသဘောတရားတစ်ခုဖြစ်တဲ့ အရေးအကြောင်းဆိုရင်အားကိုးရတဲ့အချက်ကိုအသုံးချပြီး Insuranceအနေနဲ့ပိုင်ဆိုင်ထားရင် ကိုယ့်ဘဝအခြေအနေကို အရမ်းရုပ်ပျက်ဆင်းပျက်ဖြစ်မသွားအောင်ထိန်းထားနိုင်ပါတယ်။ Tradeမှာရော Investmentမှာရော Securities Account(証券口座)ကနေ Gold Fundတွေကိုဝယ်တာကောင်းပေမယ့် Insuranceအဖြစ်အသုံးချဖို့အတွက်ဆိုရင်တော့ (ရွှေတုန်းလိုမျိုး)တကယ့်ပစ္စည်းကိုဝယ်ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ကလိုရှုပ်ထွေးလွန်းတဲ့အခြေအနေတွေမှာ  Securities Accountတွေကအလုပ်ဖြစ်မှာမဟုတ်လို့ လက်ထဲမှာ(ရွှေတုန်းလိုမျိုး)တကယ့်ပစ္စည်းမရှိရင် Insuranceရဲ့အဓိပ္ပါယ်မရှိလို့ပါ။

ရွှေစျေးတက်လို့ရွှေဝယ်မယ်ဆိုပြီးအလွယ်တကူဆုံးဖြတ်တာမဟုတ်ဘဲ ရွှေရဲ့အခြေခံသဘောတရားကိုနားလည်ပြီး ရွှေကိုဘယ်လိုအသုံးချမှာလဲဆိုတဲ့Strategyကိုချမှတ်ပြီးမှ လုပ်သင့်တယ်လို့ထင်ပါတယ်။

コメント

タイトルとURLをコピーしました