ဂျပန်ရဲ့IT Fieldအတွက် Career Advisorလုပ်မယ်ဆိုတော့ တကယ်ရောထိရောက်တဲ့အကြံဉာဏ်တွေပေးနိုင်မှာလား?သူ့မှာဘာအတွေ့အကြုံတွေရှိပြီး လက်ရှိဘာအလုပ်,လုပ်နေတာလဲ? ဒီလိုအတွေးလေးတွေဝင်လာနိုင်တာရယ်၊ Career Advice Serviceကိုစမယ်လို့ကြေငြာပြီးတဲ့နောက် Friend Requestတွေအများအပြားရပြီး Friendအသစ်တွေလည်းတိုးလာလို့ ကိုယ့်ကိုယ်ကိုမိတ်ဆက်ခွင့်ပြုပါ
Q:ဘယ်တုန်းကဂျပန်ရောက်တာလဲ
A:2009Apr
Q:လက်ရှိဘယ်မှာအလုပ်လုပ်နေတာလဲ
A:ဂျပန်ရဲ့TOPIXရှယ်ယာစာရင်းဝင်ITကုမ္ပဏီ
Q:လက်ရှိဘာရာထူးလဲ
A:Project Director
Q:ဘယ်လိုအတွေ့အကြုံတွေရှိလဲ
A:2008မှာရန်ကုန်ကွန်ပျူတာတက္ကသိုလ်(UCSY)ကနေHonsပြီးတော့၊ 2009မှာဂျပန်စရောက်ပြီး JP Language School၂နှစ်၊ Technical College၂နှစ်တက်ခဲ့တယ်။ 2013မှာလက်ရှိကုမ္ပဏီကိုဝင်ခဲ့တယ်။ ကုမ္ပဏီဝင်ပြီးဒုတိယနှစ်ကနေစလို့ အခုအချိန်အထိ ဂျပန်ရဲ့လေကြောင်းလိုင်းကုမ္ပဏီကြီးထဲကတစ်ခုရဲ့Systemတွေကိုတာဝန်ယူကိုင်တွယ်နေပါတယ်။
Q:လက်ရှိရာထူးမှာဘာတွေလုပ်ရလဲ
A:Project Managementလုပ်တယ်။ ClientဆီProposalတွေတင်တယ်။ တစ်နှစ်တာSalesတွေ၊ အမြတ်ရာနှုန်းတွေပြည့်မှီအောင်လုပ်တယ်။ လက်အောက်Memberတွေရဲ့Career Planတွေကိုလမ်းကြောင်းတာ၊ ပြုစုပျိုးထောင်တာတွေလုပ်တယ်။ ကုမ္ပဏီကိုအလုပ်လာလျှောက်တဲ့လူတွေ(ဂျပန်ပြည်တွင်း/အခြားနိုင်ငံအပါ)ရဲ့CV Formတွေကိုစစ်ဆေးပြီး Interviewတယ်။ Interviewအောင်/မအောင်ဆုံးဖြတ်တယ်။
Q:ဒီအတွေ့အကြုံတွေကCareer Advice Serviceမှာဘယ်လိုအထောက်အကူဖြစ်နိုင်မှာလဲ
A:ဂျပန်မှာကျောင်းတက်ပြီး အလုပ်ရှာခဲ့တဲ့အတွေ့အကြုံရှိလို့ ဘယ်လိုကျောင်းမျိုးကိုရှာသင့်တယ်၊ ဘယ်လိုအလုပ်မျိုးကိုရှာသင့်တယ်ဆိုတာကိုအကြံပေးနိုင်ပါတယ်။ ဒါ့အပြင် CV Formစစ်ပြီး Interviewလုပ်တဲ့အတွေ့အကြုံပါရှိလို့ “ဖြေတဲ့သူ”ဘက်ကအမြင်တင်မက“စစ်တဲ့သူ”ဘက်ကအမြင်ကိုပါပေါင်းပြီး CV Formရေးတဲ့အခါ၊ Interviewဝင်ဖို့ပြင်ဆင်တဲ့အခါမှာအကြံပေးနိုင်ပါတယ်။ အသက်အရွယ်အမျိုးမျိုးရှိတဲ့လက်အောက်Memberတွေရဲ့Careerနဲ့ပတ်သက်ပြီး ဆွေးနွေးအကြံပေးနေကျမို့လို့ IT Engineerတစ်ယောက်ရဲ့Careerနဲ့ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးအကြံပေးနိုင်ပါတယ်။ အလုပ်ထဲမှာပြဿနာအမျိုးမျိုးကိုဖြေရှင်းဖူးတဲ့အတွေ့အကြုံတွေရှိလို့ အခြားအလုပ်ထဲမှာအဆင်မပြေတာတွေကိုလည်းတိုင်ပင်နိုင်ပါတယ်။(Technologyပိုင်းကတော့ ကျွမ်းကျင်တဲ့အပိုင်း၊ မကျွမ်းကျင်တဲ့အပိုင်းရှိပါတယ်)
Career Advice Serviceနဲ့ပတ်သက်ပြီးအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။
ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် Facebook Messengerကနေဆက်သွယ်စုံစမ်းနိုင်ပါတယ်။
*အလုပ်အကိုင်ရှာဖွေခြင်းServiceမဟုတ်ပါ။
コメント