【ရွှေ(Gold)ကရေရှည်ပိုင်ဆိုင်မှုတိုးပွါးဖို့အတွက်အသုံးချဖို့မသင့်တော်ဘူးလို့အပြောခံရတဲ့အချက်၃ချက်】

“ရွှေဟာဘာမှမွေးထုတ်မပေးနိုင်ဘူး။ နောက်နှစ်ပေါင်းများစွာကြာလို့ ရွှေကဘယ်လိုအခြေအနေဖြစ်နေမလဲဆိုတာငါမသိဘူး။ ဒါပေမယ့်သေချာပေါက်ပြောနိုင်တာကတော့ အခုမင်းလက်ထဲမှာရှိနေတဲ့ရွှေတစ်အောင်စဟာ နောင်နှစ်ပေါင်းဘယ်လောက်ကြာကြာရွှေတစ်အောင်စပဲ။” -Warren Buffett

ရွှေရဲ့သဘောတရားကိုအခြေခံပြီး အသုံးချနည်း၃မျိုးကိုမိတ်ဆက်ခဲ့ပေမယ့် ရေရှည်ပိုင်ဆိုင်မှုတွေတိုးပွါးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အသုံးချဖို့နည်းလမ်းမပါခဲ့ပါဘူး။ အောက်ကLinkကPostတွေမှာဖတ်ရှုနိုင်ပါတယ်။

【ရွှေ(Gold)ရဲ့အခြေခံသဘောတရား၅ချက်】

【ရွှေ(Gold)ကိုအသုံးချနည်း၃မျိုး】

ရွှေကဘာဖြစ်လို့ရေရှည်ပိုင်ဆိုင်မှုတွေတိုးပွါးဖို့အတွက်အသုံးချဖို့ရာမှာမသင့်တော်ဘူးလို့အပြောခံရတာလဲဆိုတော့ အကြောင်းပြချက်၃ချက်ရှိပါတယ်။

Reason 1: ရွှေကိုပိုင်ဆိုင်ထားရုံနဲ့ဘာမှမရဘူး။

ရွှေရဲ့အခြေခံသဘောတရားတစ်ခုဖြစ်တဲ့ Income Gainမရှိတာက ရေရှည်ပိုင်ဆိုင်မှုတွေတိုးပွါးဖို့အတွက်ရင်းနှီးမြှုပ်နှံရာမှာ သိပ်အဆင်မပြေဘူး။ ရေရှည်ပိုင်ဆိုင်မှုတွေတည်ဆောက်တဲ့အခါမှာ အရမ်းအရေးကြီးတာက တိုးရင်းပေါင်းစနစ်နဲ့တည်ဆောက်ခြင်းပါ။ တိုးရင်းပေါင်းစနစ်နဲ့တည်ဆောက်သွားရင် အချိန်ကြာလာလေ တိုးပွါးနှုန်းကမြင့်တက်လာလေဖြစ်လို့ ပိုင်ဆိုင်မှုတွေတိုးပွါးတာမြန်ပါတယ်။ ဒါပေမယ့် (ရွှေတုန်းလိုမျိုး)တကယ့်ရွှေထည်ပစ္စည်းကိုဝယ်တာပဲဖြစ်ဖြစ်၊ Gold Fundထဲကိုရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် Income Gainမရှိတာဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုတွေကိုတိုးရင်းပေါင်းစနစ်နဲ့တည်ဆောက်သွားဖို့မဖြစ်နိုင်လို့ ရွှေဟာရေရှည်ပိုင်ဆိုင်မှုတိုးပွါးဖို့အတွက်အသုံးချဖို့မသင့်တော်ဘူးလို့အပြောခံရတာပါ။

Reason 2: ကော်မရှင်ခ(手数料)စျေးကြီးတယ်။

(ရွှေတုန်းလိုမျိုး)တကယ့်ရွှေထည်ပစ္စည်းကိုဝယ်/ရောင်းလုပ်တိုင်းကော်မရှင်ခပေးရပါတယ်။ Gold Fundတွေဆိုရင်လည်းအများစုကကော်မရှင်ခစျေးကြီးကြတယ်။ Capital Gainပဲရှိတဲ့အပြင် ကော်မရှင်ခကလည်းစျေးကြီးတာများတော့ ရွှေဟာရေရှည်ပိုင်ဆိုင်မှုတိုးပွါးဖို့အတွက်အသုံးချဖို့မသင့်တော်ဘူးလို့အပြောခံရတာပါ။

Reason 3: ငြိမ်းချမ်းနေချိန်ဆိုရင် ရွှေစျေးသိပ်မတက်ဘူး။

ကမ္ဘာ့အရေး/နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်၊ စီးပွါးရေးမတည်ငြိမ်တဲ့အချိန်မှာရွှေစျေးတက်တာများပြီး တည်ငြိမ်အေးချမ်းနေချိန်ဆိုရင် ရွှေစျေးကအေးနေတတ်ပါတယ်။ Capital Gainပဲရှိတဲ့ရွှေဟာ စျေးမတက်ဘူးဆိုရင် ဘာမှအသုံးမဝင်လို့ ရွှေဟာရေရှည်ပိုင်ဆိုင်မှုတိုးပွါးဖို့အတွက်အသုံးချဖို့မသင့်တော်ဘူးလို့အပြောခံရတာပါ။ ရွှေစျေးတက်အောင်လို့ တစ်ခုခုမတည်မငြိမ်ဖြစ်နေဖို့ဆုတောင်းရမလိုပဲ😂

ရွှေဆိုတာ ရေရှည်မှာပိုင်ဆိုင်မှုတွေကိုအများကြီးတိုးပွါးစေတဲ့အရာမဟုတ်ဘဲ အရေးအကြောင်းကြုံလာရင်အကာအကွယ်ဖြစ်စေတဲ့အရာပါ။

コメント

タイトルとURLをコピーしました