ဂျပန်ကပုဂ္ဂလိကကုမ္ပဏီတွေမှာအလုပ်လုပ်တဲ့Salarymanတွေ၊ Part timeလုပ်သားတွေရဲ့2024ခုနှစ်ပျမ်းမျှဝင်ငွေဟာတစ်နှစ်ကို478သောင်းလို့ အမျိုးသားအခွန်အေဂျင်စီ(国税庁)ကထုတ်ပြန်လိုက်ပါတယ်။ (ဝင်ငွေပေါ်မူတည်ပြီးအခွန်ကောက်တဲ့သူတွေကထုတ်ပြန်တာဆိုတော့ တော်တော်လေးယုံကြည်ရတဲ့Informationပါ😁)

Industryအကုန်လုံးပျမ်းမျှအနေနဲ့ကြည့်ရင် 2023ထက်18သောင်းလောက်လစာပိုများလာပါတယ်။ Industryအလိုက်Rankingအရဆိုရင် 2023နဲ့ယှဉ်လိုက်တဲ့အခါ ပညာရေး၊ ပေါင်းစပ်ဝန်ဆောင်မှုနဲ့ (ကုန်စည်/လူ)သယ်ယူပို့ဆောင်ရေးကအဆင့်ကျသွားပြီး ကုန်ထုတ်လုပ်ရေးနဲ့ အိမ်ခြံမြေရောင်းဝယ်ငှါးအကျိုးဆောင်ကအဆင့်တက်လာပါတယ်။
【2023ခုနှစ်ရဲ့တစ်နှစ်စာပျမ်းမျှဝင်ငွေ】
2024ခုနှစ်ရဲ့Industryအလိုက်ပျမ်းမျှဝင်ငွေနဲ့သူတို့ရဲ့Rankingက…
No.1 စွမ်းအင်နှင့်ရေပေးဝေရေး : 832သောင်း (2023 : 775သောင်း, ranking 1)
No.2 ဘဏ္ဍာရေးနှင့်အာမခံ : 702သောင်း
(2023 : 652သောင်း, ranking 2)
No.3 IT : သောင်း660
(2023 : 649သောင်း, ranking 3)
No.4 ကုန်ထုတ်လုပ်ရေး : 568သောင်း
(2023 : 533သောင်း, ranking 7)
No.5 ဆောက်လုပ်ရေး : 565သောင်း
(2023 : 548သောင်း, ranking 5)
No.6 ပညာရေး : 549သောင်း
(2023 : 551သောင်း, ranking 4)
No.7 အိမ်ခြံမြေရောင်းဝယ်ငှါးအကျိုးဆောင် : 496သောင်း
(2023 : 469သောင်း, ranking 9)
No.8 ပေါင်းစပ်ဝန်ဆောင်မှု : သောင်း490
(2023 : 535သောင်း, ranking 6)
*JP Postလိုမျိုးစာတိုက်လုပ်ငန်းရော၊ ဘဏ်လုပ်ငန်းရော၊ ရင်းနှီးမြှုပ်နှံတာရောစသဖြင့်ပေါင်းစပ်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်း
No.9 (ကုန်စည်/လူ)သယ်ယူပို့ဆောင်ရေး : 488သောင်း
(2023 : 473သောင်း, ranking 8)
No.10 ကျန်းမာရေးစောင့်ရှောက်မှု : 429သောင်း
(2023 : 404သောင်း, ranking 10)
No.11 လက်လီလက်ကားရောင်းဝယ်ရေး : သောင်း410
(2023 : 387သောင်း, ranking 11)
No.12 ဝန်ဆောင်မှုလုပ်ငန်း : 389သောင်း
(2023 : 378သောင်း, ranking 12)
*ဆံပင်ညှပ်အလှပြင်တို့Tourတို့လိုမျိုး
No.13 စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း : 348သောင်း
(2023 : 333သောင်း, ranking 13)
No.14 ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း : 279သောင်း
(2023 : 264သောင်း, ranking 14)
ကိုယ့်ဝင်ငွေနဲ့နှိုင်းယှဉ်ကြည့်ရင်ရောဘယ်လိုလဲ?
ဒီRankကိုကြည့်လိုက်ရင် No1နဲ့No14ဟာသောင်း550ကျော်ကွာတယ်❗️
(2023တုန်းကသောင်း500စွန်းစွန်းလေးပဲရှိရာကနေ ကွာဟချက်မြင့်တက်လာပါတယ်❗️)
အဲ့ဒါကြောင့် ကိုယ့်ရဲ့Playground(Industry)ကိုရွေးချယ်တာမမှားဖို့အရမ်းအရေးကြီးတယ်။ Playground(Industry)ရွေးတာမှန်ရင် ဝင်ငွေတိုးGameမှာကိုယ့်ဘက်ကအလေးသာဖို့အရမ်းမခက်ခဲပါဘူး။ လူတစ်ယောက်ရဲ့ဝင်ငွေအနည်းအများကိုဆုံးဖြတ်တဲ့အရေးကြီးဆုံးFactorတစ်ခုဟာ Industryပါ။ အသေးစိတ်ကိုအောက်ကLinkမှာဖတ်ရှုနိုင်ပါတယ်။
【ဝင်ငွေတိုးဖို့Formula】
IT Playgroundဆီပြောင်းလာချင်ရင်ပဲဖြစ်ဖြစ်၊ IT PlaygroundထဲမှာCareer Upလုပ်ချင်ရင်ပဲဖြစ်ဖြစ် အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အတူတူပြင်ဆင်ကြမယ်။
【About my service】
コメント