လူတစ်ယောက်ရဲ့ဝင်ငွေဟာ ဘယ်အရာပေါ်မှာမူတည်လဲ? ဝင်ငွေတိုးဖို့ကြိုးစားနေကြသူတိုင်း ဒီမေးခွန်းရဲ့အဖြေကိုသိထားသင့်ပါတယ်။ အဲ့ဒါမှ ဝင်ငွေတိုးဖို့အတွက်မှန်ကန်တဲ့လမ်းစဉ်ကိုချမှတ်နိုင်မှာပါ။
လူတစ်ယောက်ရဲ့ဝင်ငွေဟာ『Job Role × Industry』နဲ့တင် တော်တော်များများသတ်မှတ်ပြီးသားဖြစ်သွားပါပြီ။ အသေးစိတ်ကိုအောက်ကLinkမှာဖတ်ကြည့်နိုင်ပါတယ်။
【ဝင်ငွေတိုးဖို့Formula】
ဘယ်Industryကဝင်ငွေကောင်းလဲဆိုတဲ့Dataကို ဒီအောက်ကLinkမှာဖတ်ကြည့်နိုင်ပါတယ်။
【2024(မနှစ်က)ရဲ့တစ်နှစ်စာပျမ်းမျှဝင်ငွေ】
ဝင်ရိုးတစ်ဖက်ပြောင်းCareer Upဆိုတာ Job Role (သို့) Industryဆိုတဲ့ဝင်ရိုးနှစ်ခုထဲက တစ်ခုကိုပဲပြောင်းပြီးCareer Upလုပ်သွားတဲ့နည်းပါ။ ဘယ်လိုမျိုးလဲဆိုတော့ ပုံထဲကဥပမာလိုမျိုးပါ။

🔵Example Case🔵
ပထမဦးဆုံး အစားအသောက်Industryမှာ စားပွဲထိုးအလုပ်နဲ့Careerကိုစတင်တယ်ဆိုပါစို့။ အဲ့ဒီကနေမှတစ်ဆင့် အစားအသောက်Industryကအတွေ့အကြုံတွေ၊ Knowledgeတွေကိုအသုံးချနိုင်မယ့် အစားအသောက်IndustryထဲကCustomer Support(Help Desk)အလုပ်ကိုပြောင်းမယ်။ ပြီးရင် Customer Support(Help Desk)အလုပ်ကအတွေ့အကြုံတွေ၊ Knowledgeတွေကိုအသုံးချနိုင်မယ့်အပြင် ဝင်ငွေကောင်းတဲ့Industryလည်းဖြစ်တဲ့IT Industryက Customer Support(Help Desk)အလုပ်ကိုပြောင်းမယ်။ အဲ့ဒီနောက် ဝင်ငွေကောင်းတဲ့IT Industryထဲမှာပဲနေပြီး ဝင်ငွေကောင်းတဲ့Job Roleဆီကိုတစ်ဆင့်ချင်းCareer Upလုပ်သွားမယ်။ IT Industryထဲမှာအတော်အသင့်လောက်Career Upလုပ်ပြီးသွားရင် ITနဲ့ပါတ်သက်တဲ့Job Roleအတိုင်းပဲ ဝင်ငွေပိုကောင်းတဲ့ဘဏ္ဍာရေးIndustryဆီကိုပြောင်းပြီး ဘဏ္ဍာရေးပိုင်းလုပ်ငန်းတွေကိုITနဲ့ဖြေရှင်းတဲ့Job Roleဆီ Career Upဆက်လုပ်သွားမယ့်လမ်းစဉ်ပါ။
Job Roleရော Industryရော နှစ်ခုစလုံးကိုတစ်ပြိုင်တည်းပြောင်းလဲပစ်တာက နည်းနည်းအချိန်ကုန်သက်သာနိုင်ပေမယ့် ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးမချနိုင်ဘဲ လုပ်ငန်းခွင်မှာအဆင်မပြေနိုင်တဲ့Riskကတော်တော်လေးများလို့ ဝင်ရိုးတစ်ဖက်ကိုပဲပြောင်းတာကအဲ့ဒီRiskကိုလျှော့ချရာရောက်ပါတယ်။ ပြီးတော့ဝင်ရိုးနှစ်ဖက်စလုံးမှာအတွေ့အကြုံမရှိတဲ့သူ၊ Knowledgeမရှိတဲ့သူဆိုရင် လစာကောင်းကောင်းမရနိုင်ပါဘူး။ အဲ့ဒါကြောင့် “ဝင်ရိုးတစ်ဖက်ပြောင်းCareer Up”ဟာ တော်တော်လေးကိုအဆင်ပြေနိုင်တဲ့လမ်းစဉ်တစ်ခုပါ။
コメント