ကျွန်တော့်ရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင် အားသာချက်ကိုအလေးပေးပြီးမြှင့်တင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်အပါအဝင် ကျွန်တော်မြင်ဖူးသမျှလူတိုင်းလိုလို အားနည်းချက်ကအားသာချက်အဖြစ်ပြောင်းလဲသွားတာကိုတစ်ယောက်မှမတွေ့ဖူးလို့ပါ။ အားနည်းချက်ကိုမြှင့်တင်လိုက်လို့အနည်းငယ်တိုးတက်မှုတော့ရှိတတ်ပေမယ့် ကိုယ့်ရဲ့အားသာချက်အဖြစ်ပြောင်းလဲသွားတာမျိုးကိုမမြင်ဖူးဘူး။

နောက်တစ်ချက်က, လုပ်ငန်းခွင်မှာလူတစ်ယောက်ရဲ့အောင်မြင်မှုရလဒ်ဟာ အဲ့ဒီလူရဲ့အားသာချက်ကိုအသုံးချရာကနေထွက်ပေါ်တာပါ။ လုပ်ငန်းခွင်တစ်ခုမှာလူတစ်ယောက်ကိုလခပေးပြီးခန့်ထားတယ်ဆိုတာက ဒီလူ့ဆီကနေရလဒ်ကိုလိုချင်လို့ခန့်ထားတာပါ။ ရလဒ်ဆိုတာလူတစ်ယောက်ရဲ့အားသာချက်ကနေထွက်တာဖြစ်လို့ လုပ်ငန်းခွင်မှာလခပေးထားတယ်ဆိုတာ ဒီလူရဲ့အားသာချက်ကိုလိုချင်လို့လခပေးထားတဲ့သဘောကိုသက်ရောက်ပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ အားနည်းချက်ကိုမြှင့်တင်ဖို့ဘယ်လောက်ကြိုးစားကြိုးစား လခတက်ဖို့မလွယ်ဘူးလို့ပြောချင်တာပါ။ ဘာမှထွေထွေထူးထူးမစဉ်းစားဘဲနင်းကန်ကြိုးစားနေတာထက် ဦးတည်ရာလမ်းကြောင်းမှန်မှန်နဲ့ကြိုးစားတာကပိုထိရောက်ပါတယ်။
ကိုယ့်အားနည်းချက်က ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာအဆင်မပြေလောက်အောင်ဆိုးကျိုးတွေဖြစ်နေတယ်ဆိုရင် ကိုယ်နဲ့အဆင်မပြေတဲ့Job Roleထဲကိုကိုယ်ရောက်နေတာပါ။ အဲ့ဒီလိုဖြစ်နေရင် ကိုယ့်ရဲ့အားသာချက်ကိုအပြည့်အဝအသုံးချလို့ရမယ့်Job Role or ပတ်ဝန်းကျင်ကိုပြောင်းလိုက်တာက လုပ်ငန်းခွင်အတွက်ရော ကိုယ့်အတွက်ပါကောင်းပါတယ်။
ကိုယ့်ရဲ့အားသာချက်ကိုရှာဖွေတဲ့အခါမှာ Hintရနိုင်တဲ့စဉ်းစားပုံကိုအောက်ကLinkတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။
【ကိုယ့်ရဲ့Talentကိုရှာဖွေခြင်း】
【Careerကိုအောင်မြင်စေမယ့်အချက်၃ချက်】
コメント