ကမ္ဘာမှာလှုပ်တဲ့Magnitude”6”အထက်ငလျင်တွေရဲ့20%ဟာဂျပန်မှာလှုပ်တာလို့သုတေသနတွေကဆိုကြတယ်။ အဲ့ဒီလောက်အထိငလျင်များတဲ့နိုင်ငံမှာနေထိုင်ကြပေမယ့် ငလျင်အာမခံနဲ့ပါတ်သက်ပြီးသိပ်မသိကြတာများတယ်။ ဂျပန်မှာအိမ်ဝယ်ထားတဲ့သူ၊ အိမ်ဝယ်ဖို့စဉ်းစားနေတဲ့သူဆိုရင် Base Knowledgeအနေနဲ့သိထားတာကောင်းပါတယ်။

1.ငလျင်အာမခံရဲ့ရည်ရွယ်ချက်ကဘာလဲ?
ငလျင်အာမခံဝင်ထားရင် ငလျင်ကြောင့်အိမ်တွေပျက်စီးသွားတဲ့အခါ အာမခံကနေအိမ်ရဲ့တန်ဖိုးပြန်ရပြီး အိမ်ပြန်ပြင်ဆောက်လို့ရတယ်လို့လူတော်တော်များများအထင်မှားတတ်ကြပါတယ်။
ငလျင်အာမခံဆိုတာငလျင်ကြောင့်ပျက်စီးသွားတဲ့အိမ်ကိုပြန်ဆောက်ဖို့အတွက်မဟုတ်ပါဘူး❌
လူနေမှုဘဝကိုပြန်တည်ဆောက်ဖို့အတွက်ပါ✅
2. ငလျင်အာမခံကဘယ်လိုအချိန်မှာလျော်ကြေးရတာလဲ?
ငလျင်၊ ငလျင်ကြောင့်ဖြစ်တဲ့ဆူနာမီ၊ ငလျင်ကြောင့်ဖြစ်တဲ့မီးလောင်မှု၊ မီးတောင်ပေါက်ကွဲမှု စတာတွေကြောင့်ဆုံးရှုံးမှုဖြစ်ခဲ့ရင်လျော်ကြေးရပါတယ်။ လူတိုင်းနီးပါးဝင်ထားတဲ့မီးအာမခံက ငလျင်ကြောင့်ဖြစ်တဲ့မီးလောင်မှုကိုCoverမပေးနိုင်ပါဘူး။ ငလျင်ကြောင့်ဖြစ်တဲ့မီးလောင်မှုဆိုရင် ငလျင်အာမခံဝင်ထားမှလျော်ကြေးရပါတယ်။
3. လျော်ကြေးအမျိုးအစားဘယ်နှစ်မျိုးရှိလဲ?
နှစ်မျိုးရှိတယ်။
1)အဆောက်အဦပျက်စီးမှုအတွက်လျော်ကြေး
2)အိမ်တွင်းပစ္စည်းပျက်စီးမှုအတွက်လျော်ကြေး
၂ခုစလုံးအတွက်အာမခံဝင်ထားမှ ၂ခုစလုံးအတွက်လျော်ကြေးရမှာပါ။(ဥပမာ, အဆောက်အဦအတွက်ပဲအာမခံဝင်ထားပြီး အိမ်တွင်းပစ္စည်းတွေအတွက်အာမခံဝင်မထားရင် အိမ်တွင်းပစ္စည်းပျက်စီးမှုအတွက်လျော်ကြေးမရပါဘူး)
4. ငလျင်အာမခံကိုဘယ်လိုဝင်ရမလဲ?
ငလျင်အာမခံဆိုပြီးသပ်သပ်မရှိဘဲ မီးအာမခံနဲ့တွဲပြီးမှဝင်လို့ရပါတယ်။
5. လျော်ကြေးဘယ်လောက်ရမလဲ?
မီးအာမခံနဲ့တွဲဝင်ရတာဖြစ်ပြီး မီးအာမခံမှာသတ်မှတ်ထားတဲ့လျော်ကြေးရဲ့အများဆုံး50%ပဲရမှာပါ။(ဥပမာ, မီးအာမခံမှာ အဆောက်အဦအတွက်သောင်း1,000၊ အိမ်တွင်းပစ္စည်းအတွက်သောင်း500ဆိုပြီးသတ်မှတ်ထားတယ်ဆိုရင် ငလျင်အာမခံကနေပြန်ရမယ့်လျော်ကြေးက အဆောက်အဦအတွက်သောင်း500၊ အိမ်တွင်းပစ္စည်းအတွက်သောင်း250ပါ)။ ပြီးတော့ ပျက်စီးမှုLevelပေါ်လိုက်ပြီး ငလျင်အာမခံရဲ့အများဆုံးရမယ့်လျော်ကြေးကနေထပ်လျှော့ခံရဦးမှာပါ။ ထပ်ပြီးတော့လျော်ကြေးငွေကိုလည်း အဆောက်အဦဆိုသောင်း5,000အထိ၊ အိမ်တွင်းပစ္စည်းဆိုသောင်း1,000အထိပဲလျော်ကြေးရမယ်ဆိုပြီး ကန့်သတ်ချက်ထား,ထားပါသေးတယ်။(အသေးစိတ်ကိုအောက်ကLinkမှာဖတ်ရှုနိုင်ပါတယ်)
ဂျပန်ဟာငလျင်များတဲ့နိုင်ငံပါ။ ငလျင်များလို့ကြောက်လန့်ပြီးငလျင်အာမခံထဲဝင်တာထက် ငလျင်အာမခံအကြောင်းကိုသိထားပြီးမှ အရေးအကြောင်းအတွက်Finance Planningကိုဘယ်လိုချမှတ်မလဲဆိုပြီးစဉ်းစားတာကောင်းပါတယ်။

コメント