【ITSS Levelဆိုသည်မှာ…】

ITSkill Standard(ITSS) Levelဆိုတာ ဂျပန်နိုင်ငံရဲ့စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ IT Engineerတွေရဲ့ကျွမ်းကျင်မှုကိုတိုင်းတာတဲ့အညွှန်းတစ်ခုပါ။ Level1(အခြေခံအသိပညာ)ကနေ Lrvel7(ကမ္ဘာ့အဆင့်)အထိရှိပြီး CareerUpလုပ်ဖို့၊ SkillUpလုပ်ဖို့အတွက်Mapအနေနဲ့သုံးကြပါတယ်။

  • Level1 (Entry): ITနဲ့ပတ်သက်တဲ့အခြေခံအသိပညာရှိတဲ့သူ(များသောအားဖြင့်ITနဲ့အသက်မွေးဝမ်းကျောင်းအစပြုသူ)
  • Level2 (Basic): Seniorတွေရဲ့လမ်းညွှန်မှုအောက်မှာအလုပ်တွေကို ပြီးမြောက်နိုင်လုပ်နိုင်သူ
  • Level3 (Intermediate): Proတစ်ယောက်အနေနဲ့ကိုယ့်ရဲ့အလုပ်တွေကိုကျွမ်းကျင်စွာလုပ်နိုင်သူ
  • Level4 (Advanced): လက်ရှိRunနေတဲ့Businessရဲ့Issueတွေကိုဖော်ထုတ်ပြီးITနဲ့ဦးဆောင်ဖြေရှင်းနိုင်သူ
  • Level5 (Expert): ကုမ္ပဏီတွင်းမှာITနည်းပညာနဲ့Businessအသစ်ကိုဦးဆောင်ဖန်တီးနိုင်သူ
  • Level6 (Super Expert): ITနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံတွင်းမှာထိပ်တန်းအဆင့်ကျွမ်းကျင်သူ
  • Level7 (World Expert): ITနဲ့ပတ်သက်ပြီးကမ္ဘာတစ်ဝှမ်းမှာထိပ်တန်းအဆင့်ကျွမ်းကျင်သူ

Technologyကျွမ်းကျင်မှုကိုအဓိကထားပြီးလေ့လာရင် Level3လောက်အထိတက်လှမ်းနိုင်ပါတယ်။ Level4နဲ့အထက်က Businessနဲ့ITကိုပေါင်းကူးတတ်ဖို့လိုလာမှာဖြစ်လို့ Technologyနဲ့တင်မလုံလောက်တော့ဘဲ Businessနဲ့ပတ်သက်တဲ့အသိပညာတွေပါလိုအပ်လာပါတယ်။

ITSS Levelကိုုနားလည်ထားရင်

  • ကိုယ်ကလက်ရှိဘယ်Levelမှာရှိနေတာလဲ?
  • လက်ရှိကနေနောက်တစ်ဆင့်ကဘယ်လိုကျွမ်းကျင်မှုအဆင့်မျိုးလဲ?
  • နောက်တစ်ဆင့်တက်ဖို့ဘယ်လိုSkillတွေလိုအပ်လဲ?

စတာတွေကိုမြင်နိုင်လာပြီး CareerUp Strategyကိုချမှတ်နိုင်ပါလိမ့်မယ်။

コメント

タイトルとURLをコピーしました