ISV Mapဆိုတာ ITSS Levelနဲ့IT CertificateတွေကိုMappingလုပ်ထားတဲ့Matrixဇယားပါ။ ဒီISV Mapကို ဂျပန်မှာရှိတဲ့တော်တော်များများITကုမ္ပဏီတွေရဲ့HRစနစ်မှာသုံး(မှီငြမ်း)ကြတယ်။ ITSS Levelအစရှိတဲ့စံနှုန်းတွေကိုအဆင်ပြေပြေနဲ့လက်တွေ့အသုံးချနိုင်အောင်လုပ်ဆောင်ပေးနေတဲ့ “Skill Standards Users’ Group(SSUG)”လို့ခေါ်တဲ့NGOအဖွဲ့က ဒီISV Mapကိုဆွဲတာပါ။
ITSS Levelကိုအောက်ကLinkမှာဖတ်ရှုနိုင်ပါတယ်။
【ITSS Levelဆိုသည်မှာ…】

Levelအလိုက်လူသိများတဲ့Certificateတွေက…
<Level1>
IT Passport, Azure Fundamentals, AWS Cloud Practitioner, LPIC1, OCJP Silver
<Level2>
FE, Associate Cloud Engineer, CCNA, LPIC2, OCJP Gold
<Level3>
AP, Azure Developer Associate, CCNP, LPIC3, OCUP Advanced
<Level4>
高度情報処理技術者試験, Solutions Architect Professional, CCIE, CBAP, IT Coordinator, PMP
Certificate Levelအနေနဲ့ကLevel4အထိပဲရှိပြီး Level5နဲ့အထက်ကCertificateအပြင် အတွေ့အကြုံ၊ ပါရမီ၊ အခြားBusiness Skillတွေပါလိုအပ်ပါတယ်။
ဘယ်Certificateကိုယူတာကောင်းမလဲဆိုတာက ဘယ်လိုCareer Pathကိုသွားမှာလဲပေါ်မူတည်တယ်။ Certificateယူတာကပန်းတိုင်(目的)မဟုတ်ဘူး၊ နည်းလမ်း(手段)ပါ။ ပန်းတိုင်ကCareerပါ။ ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ကိုယ်သွားချင်တဲ့CareerကြားမှာGapရှိနေရင် အဲ့ဒီGapကိုဖြည့်ဖို့အတွက် လိုအပ်တဲ့Knowledgeကိုယူဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ Certificateယူခြင်းက အဲ့ဒီနည်းလမ်းတွေအများကြီးထဲကတစ်ခုပါ။
အောက်ကLinkကနေမှာ ISV Mapဇယားအသေးစိတ်ကိုလေ့လာနိုင်ပါတယ်။
https://lpi.or.jp/doc/ISVMap.pdf

コメント