【IT Certificateယူဖို့အတွက်သင်တန်းတက်တဲ့အခါဂျပန်အစိုးရဆီကငွေပြန်ပေးမယ့်စနစ်】

IT Fieldထဲကိုပြောင်းလာချင်တဲ့သူပဲဖြစ်ဖြစ် IT FieldထဲမှာCareerUpလုပ်ချင်တဲ့သူပဲဖြစ်ဖြစ် သိထားသင့်တဲ့စနစ်ပါ။ ဒီစနစ်ကိုသုံးရင် သင်တန်းကြေးရဲ့တစ်စိတ်တစ်ပိုင်း(၂၀%~၈၀%)ကို ပြန်ရပါတယ်။ ဒီစနစ်ကို『教育訓練給付制度』လို့ခေါ်ပြီး ဂျပန်ရဲ့ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနကအကောင်အထည်ဖော်တဲ့”ပြန်လည်သင်ကြားရေး အထောက်အကူပြုစနစ်”ထဲကတစ်ခုဖြစ်ပါတယ်။

*ကျောင်းသားများအတွက်မဟုတ်ပါ

❓ဘယ်လိုကောင်းကျိုးတွေရှိလဲ

1️⃣ ကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံဖို့အခက်အခဲတွေကိုလျော့ကျစေတယ်။

ITသင်တန်းတွေကစျေးကြီးတာများတယ်။ ဒါပေမယ့် ဒီစနစ်ရှိတာဖြစ်လို့ ငွေကြေးကြောင့်အိပ်မက်တွေကိုလက်လျှော့စရာမလိုတော့ဘူး။

2️⃣ Career Change, Career Upအတွက်အရမ်းအထောက်အကူဖြစ်တယ်။

တခြားFieldကနေIT FieldထဲကိုChallengeလုပ်ဖို့၊ IT FieldထဲမှာCareer Upလုပ်ဖို့အခက်ခဲတွေကိုလျော့ကျေစေတယ်။

❓ဘယ်လိုCertificateတွေရဲ့သင်တန်းတွေကအကျုံးဝင်ပြီးဘယ်လောက်ပြန်ရမှာလဲ

Levelအလိုက်ပြန်ရမယ့်သင်တန်းကြေးတွေကမတူပါဘူး။

✅ITSS Level1 (IT passport): သင်တန်းကြေးရဲ့၂၀%(အများဆုံး၁၀သောင်း)

✅ITSS Level2: သင်တန်းကြေးရဲ့၂၀%~၅၀% (အများဆုံး၁၀သောင်း~၂၅သောင်း)

✅ITSS Level3အထက်: သင်တန်းကြေးရဲ့၂၀%~၈၀% (အများဆုံး၁၀သောင်း~၆၄သောင်း)

✅第四次産業革命スキル(Data Scientist, AI etc): သင်တန်းကြေးရဲ့၈၀% (အများဆုံး၆၄သောင်း)

အကျုံးဝင်တဲ့သင်တန်းတွေကိုအောက်ကWeb Siteကနေ Certificateနာမည်နဲ့ရှာလို့ရပါတယ်။

講座・スクールを探す | 教育訓練制度 厚生労働大臣指定教育訓練講座
教育訓練給付制度の対象講座・スクールの検索画面です。教育訓練給付制度は働く人の主体的な能力開発を支援し、雇用の安定と再就職の促進を目的に、雇用保険制度の一環として行われている給付制度です。

❓ဘယ်လိုလျှောက်ရမလဲ

၂၀%ပဲပြန်ရမယ့်သင်တန်းအတွက်ဆိုရင်တော့ ဘာမှသိပ်မလိုပါဘူး။ သင်တန်းတက်ပြီးတစ်လအတွင်းHello Workမှာလျှောက်လိုက်ရင်ထောက်ပံ့ကြေးကိုဘဏ်ကနေလွှဲပေးပါလိမ့်မယ်။ တခြားAmountများတဲ့သင်တန်းတွေကတော့ သင်တန်းမအပ်ခင်Hello WorkမှာCareer Consultantနဲ့အရင်စကားပြောရပါတယ်။ ပြီးရင်ဒီစနစ်ကိုအသုံးပြုခွင့်လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ကျရင် သင်တန်းအပ်လို့ရပါပြီ။ သင်တန်းပြီးရင်တစ်လအတွင်းHello Workမှာလျှောက်လိုက်

ရင်ထောက်ပံ့ကြေးကိုဘဏ်ကနေလွှဲပေးပါလိမ့်မယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ တက်မယ့်သင်တန်းတွေ၊ လက်ရှိအလုပ်အကိုင်အခြေအနေတွေပေါ်မူတည်ပြီးကွဲပြားလို့ အသေးစိတ်ကိုHello Workမှာမေးလိုက်တာကောင်းပါတယ်။

ဒီလိုမျိုးစနစ်ကိုမသိဘဲ အကုန်လုံးကိုယ့်ဘက်ကစိုက်ထုတ်ပြီးပြန်မယူရင်နှမျောဖို့ကောင်းတယ်။ အခွန်တွေဆောင်ထားတာပဲ။ တန်အောင်အသုံးချကြမယ်။

ဒီInformationက တစ်စုံတစ်ယောက်ရဲ့CareerUp/CareerChangeလုပ်ဖို့ပထမဦးဆုံးခြေလှမ်းအတွက်အထောက်အကူဖြစ်ရင်ကျေနပ်ပါပြီ။

コメント

タイトルとURLをコピーしました