ကျွန်တော်တို့ရဲ့ဦးနှောက်ဖွဲ့စည်းပုံမှာထူးခြားချက်၂ခုရှိတယ်။
၁)ဝေးကွာတဲ့အတိတ်ကအကြောင်းအရာတွေကို အသေအချာမမှတ်မိနိုင်ဘူး။
၂)လက်ရှိမှာပျော်ရွှင်နေရင် ဟိုးအရင်အတိတ်ကအကြောင်းတွေကိုကောင်းမွန်တဲ့အတိတ်အဖြစ်ပြောင်းလဲမှတ်မိနိုင်ကြတယ်။

ဒီလိုမျိုးဦးနှောက်ဖွဲ့စည်းပုံရဲ့ထူးခြားချက်တွေရှိလို့ ကိုယ့်ရဲ့ဘဝကိုDesignချတဲ့အခါ “အသက်ကြီးလေ ချမ်းသာပျော်ရွှင်လေ”ဖြစ်မယ့်Designကိုဆွဲတာက Happy Endingဖြစ်တဲ့ဘဝဇာတ်လမ်းကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
အသက်ငယ်တုန်းမှာ ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းတဲ့ဘဝဖြစ်ခဲ့ပါစေ အသက်ကြီးလာတဲ့အခါချမ်းသာပျော်ရွှင်စွာနဲ့လက်ကျန်ဘဝကိုဖြတ်သန်းနိုင်ရင် အတိတ်ကခက်ခဲကြမ်းတမ်းမှုတွေကိုပြန်တွေးဖြစ်ခဲ့ရင်တောင်မှ “ဪ ငါလုပ်နိုင်ခဲ့ပါ့လား”လို့တွေးပြီး (အပေါ်မှာပြောခဲ့တဲ့ထူးခြားချက်(၂)အတိုင်း) ကိုယ့်ကိုယ်ကိုပြန်ဂုဏ်ယူနေမှာပါ။
ပြောင်းပြန်ကနည်းနည်းအန္တရာယ်များတယ်။
ငယ်ရွယ်တုန်းမှာ လိုချင်တာအကုန်ရ၊ လုပ်ချင်တာအကုန်ဖြစ်ခဲ့ပြီး ဘဝရဲ့အမြင့်ဆုံးနေရာကိုရောက်နေခဲ့ရင် လက်ကျန်ဘဝကအမြင်ဆုံးနေရာကနေတရွေ့ရွေ့နဲ့ကျဆင်းလာတဲ့ပုံစံမျိုးနဲ့ဖြတ်သန်းရဖို့ဖြစ်နိုင်ခြေများသွားပြီ။ အဲ့ဒီလိုဆိုရင် “အရင််တုန်းကဘဝကပျော်ဖို့ကောင်းခဲ့တယ်”ဆိုပြီးစိတ်ဓါတ်ကျတတ်တယ်။ ဘဝရဲ့အမြင့်ဆုံးနေရာကိုတောက်လျှောက်ထိန်းထားနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် လူတိုင်းလုပ်နိုင်ဖို့တော်တော်မလွယ်ဘူး။
Dramaတွေ၊ ရုပ်ရှင်တွေကြည့်သလိုပေါ့။ ဇာတ်လမ်းရဲ့အရှေ့ပိုင်းမှာ ဇာတ်လိုက်ကဘယ်လောက်ခံရခံရ Happy Endingဆိုရင်ပရိတ်သတ်တွေကြည့်ရတာကြိုက်ကြတယ်။
ငယ်ရွယ်တုန်းမှာ အိုဖို့အတွက်ပြင်ဆင်ခြင်းဟာ ဘဝဇာတ်လမ်းကိုHappy Endingဖြစ်စေမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့အလျင်စလိုချမ်းသာဖို့ လောင်းကစားဆန်ဆန်လုပ်ရပ်တွေကိုမလုပ်ဘဲ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတည်ဆောက်သွားတာကဦးနှောက်ဖွဲ့စည်းပုံကိုအခြေခံတဲ့Life Designပါ။
“လူတိုင်းလိုလိုကအလျင်အမြန်ချမ်းသာချင်ကြတယ်။ အဲ့ဒါကြောင့် လူတော်တော်များများကမချမ်းသာကြတာ။ တဖြည်းဖြည်းနဲ့ချမ်းသာချင်တဲ့သူဆိုတာရှားတယ်။ တဖြည်းဖြည်းချင်းချမ်းသာဖို့လုပ်ရင် ဘာမှမခက်တဲ့ဟာကို”

コメント