လူ၁ : ယန်းသောင်း၅,၀၀၀ကိုဘဏ်ကနေချေးပြီး အိမ်ဝယ်လိုက်တယ်။
လူ၂ : ယန်းသောင်း၂၀၀ကိုဘဏ်ကနေချေးပြီး Louis Vuittonအနွေးထည်ကို မိသားစုတစ်ခုလုံးဆင်တူဝယ်လိုက်တယ်။
“လူ၁”ကတော့ လူတိုင်းဆီကနေ『Congratulations!』ဆိုပြီးဂုဏ်ပြုခံရတယ်။
“လူ၂”ကတော့ 『ရူးနေလားမသိဘူး』ဆိုပြီးဝိုင်းအဆဲခံရမှာသေချာပါတယ်။
ကိုယ့်လက်ထဲမှာရှိတဲ့ငွေနဲ့ဝယ်ဖို့မတတ်နိုင်လို့ ဘဏ်ကနေချေးပြီးဝယ်ရတယ်ဆိုတဲ့အချက်ကအတူတူပဲကို ဘာလို့”လူ၁”ကိုကျချီးမွမ်းဂုဏ်ပြုကြပြီး “လူ၂”ကိုကျရှုတ်ချကြတာလဲ? “လူ၂”ကဘဏ်ကနေချေးတဲ့ငွေပမာဏက “လူ၁”ထက်တောင်အရမ်းနည်းပါသေးတယ်။
စျေးသက်သာတဲ့အနွေးထည်တွေဝတ်လို့ရပေမယ့် နာမည်ကြီးBrandကိုဝတ်ချင်လို့ အကြွေးနဲ့LV Brandကိုဝယ်ဝတ်တယ်။
ဒါဆို, အိမ်ကိုရောဘာအတွက်ဝယ်တာလဲ?
ကိုယ့်ဘဝအသက်ရှင်နေထိုင်ဖို့အတွက် မဖြစ်မနေအိမ်ဝယ်ဖို့လိုအပ်တယ်ဆိုရင်အမြန်ဆုံးဝယ်ပါ။ ဒါပေမယ့် သူများတွေဝယ်လို့လိုက်ဝယ်တာ၊ (လက်ရှိကိုယ့်ဘဝအခြေအနေထက်ပိုတဲ့)Luxury Lifeကိုတောင့်တလို့ဝယ်တာ၊ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့SalesTalkတွေ(ဥပမာ, အိမ်လခတွေပေးနေရတာနှမြောစရာကြီး)ကိုနားထောင်ပြီးဝယ်တာ စတဲ့အကြောင်းတွေကြောင့်အကြွေးနဲ့အိမ်ဝယ်မှာဆိုရင်တော့ အသေအချာပြန်စဉ်းစားသင့်ပါတယ်။
ကိုယ့်အတိုင်းအထွာ၊ ကိုယ့်အတိုင်းအတာနဲ့ကိုက်ညီတဲ့ဘဝမှာလည်း ပျော်စရာတွေအများကြီးရှိပါတယ်။
(အိမ်ဝယ်တာကောင်းတယ်၊ မကောင်းဘူးလို့ တစ်ထစ်ချပြောဆိုခြင်းမဟုတ်ပါ။ အတွေးတစ်ခုခုရဖို့သာရည်ရွယ်ပါတယ်။)
*မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတိုက်ခိုက်လိုခြင်း၊ ထိခိုက်စေလိုခြင်းမရှိပါ။

コメント