ဂျပန်မှာအကြွေးနဲ့အိမ်ဝယ်ပြီးလစဉ်ဆပ်သွားတာနဲ့လစဉ်အိမ်လခပေးပြီးအိမ်ငှါးနေတာနဲ့ ဘယ်ဟာကပိုတန်လဲ?

အဖြေကတော့…

ဘယ်ဟာကပိုတန်လဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

လစဉ်ပေးရတဲ့အိမ်ငှါးခနဲ့အတူတူလောက်ပဲ လစဉ်အကြွေးဆပ်ရတာဆိုတော့ အိမ်ဝယ်လိုက်တာကောင်းတယ်လို့တွေးတဲ့သူတွေရှိပေမယ့် အမှန်ကအဲ့လောက်အထိမရိုးရှင်းပါဘူး။

အိမ်ကိုအကြွေးနဲ့ဝယ်ပြီးနေတာနဲ့အိမ်ငှါးနေတာ ဘယ်ဟာကပိုတန်လဲ(ပိုသက်သာလဲ)ဆိုတာကိုတွက်ဖို့အတွက်ဆိုရင် ရေရှည်ကုန်ကျမယ့်”နေထိုင်စရိတ်”စုစုပေါင်းကိုနှိုင်းယှဉ်ကြည့်ဖို့လိုပါတယ်။

အိမ်ငှါးနဲ့နေမယ်ဆိုရင်

💸အိမ်ငှါးစာချုပ်တဲ့စရိတ်(礼金、敷金、手数料)

💸လစဉ်အိမ်ငှါးခ

💸၂နှစ်တစ်ခါသက်တမ်းတိုးခ

💸မီးအာမခံ

💸အိမ်ပြောင်းရွှေ့စရိတ်

စတာတွေကုန်ကျပါမယ်။

အကြွေးနဲ့အိမ်ဝယ်ရင်

💸အတိုးပါအပါအိမ်အကြွေးစုစုပေါင်း

💸အိမ်ဝယ်ယူမှုကုန်ကျစရိတ်များ(အိမ်ခြံမြေဝယ်ယူမှုအခွန်၊ မှတ်ပုံတင်ကြေး၊ အိမ်ချေးငွေ手数料၊ ပွဲစားခ စသဖြင့်)

💸မီးအာမခံ

💸အိမ်အသစ်ဆီပြောင်းရွှေ့စရိတ်

💸နှစ်စဉ်ပိုင်ဆိုင်မှုအခွန်

💸အိမ်ပြုပြင်စရိတ်

💸လစဉ်ထိန်းသိမ်းခ(マンションဆိုရင်)

💸လစဉ်ပြုပြင်ရေးရန်ပုံငွေ(マンションဆိုရင်)

💸အိမ်ရဲ့အမြတ်ငွေ or အရှုံးငွေ (“ကာလပေါက်စျေး”ထဲကနေ”ဝယ်စျေး”ကိုနှုတ်)

စတာတွေကုန်ကျပါမယ်။

မြင်တဲ့အတိုင်းပဲ နှိုင်းယှဉ်ရမှာတွေကနည်းတာမဟုတ်ဘူး။ ပြီးတော့ မှန်းလို့မရတဲ့ကုန်ကျစရိတ်တွေ(ဥပမာ, အိမ်ပြုပြင်စရိတ်)တို့၊အနာဂတ်မှာမြတ်မှာလားရှုံးမှာလားတို့လိုမျိုးမှန်းရမလွယ်တဲ့၊ အပြောင်းအလဲဖြစ်နိုင်တဲ့”ကိန်းရှင်”တွေကအများကြီးပဲ။ အဲ့ဒီ”ကိန်းရှင်”တွေကိုနည်းနည်းပြင်လိုက်တာ၊ Trickလုပ်လိုက်တာနဲ့ “အိမ်ပိုင်တာကောင်းတယ်” or “အိမ်ငှါးတာကောင်းတယ်”ဆိုပြီး လိုသလိုပြလို့ရတယ်။

အဲ့ဒါကြောင့် လစဉ်အိမ်လခပေးပြီးအိမ်ငှါးနေတာနဲ့ အကြွေးနဲ့အိမ်ဝယ်ပြီးလစဉ်ဆပ်သွားတာ ဘယ်ဟာကပိုတန်လဲ?ဆိုတော့ ဘယ်သူမှမသိနိုင်ဘူးဆိုတာကအဖြေပဲ။

ဘယ်သူမှမသိနိုင်တဲ့အဖြေကို အိမ်ခြံမြေအကျိုးဆောင်တွေက “အိမ်လခတွေပေးနေရတာနှမြောစရာကြီး။ လစဉ်အိမ်လခပေးရသလောက်နဲ့အကြွေးဆပ်ပြီးအိမ်ဝယ်လိုက်တာပိုတန်တာပေါ့”လို့ ဘာလို့တစ်ထစ်ချပြောနိုင်ရတာလဲ?

*မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတိုက်ခိုက်လိုခြင်း၊ ထိခိုက်စေလိုခြင်းမရှိပါ။

コメント

タイトルとURLをコピーしました