အဲ့လောက်အထိမရိုးရှင်းပါဘူး။ ဘက်ပေါင်းစုံကနေစဉ်းစားဖို့လိုပါတယ်။
ပစ္စည်းတွေရဲ့စျေးနှုန်းဆိုတာ ဘယ်လိုသတ်မှတ်တာလဲ?
Needs & Supplyနဲ့သတ်မှတ်ပါတယ်။ လိုချင်တဲ့သူ(Needs)များရင် စျေးကြီးပါတယ်။
အိမ်ချေးငွေ(Bank Loan)ရဲ့အတိုးနှုန်းနည်းရင် လူအများကအိမ်ဝယ်ဖို့စဉ်းစားကြပါလိမ့်မယ်။ တစ်နည်းအားဖြင့်အိမ်ဝယ်လိုအားတက်လာလိမ့်မယ်။ အိမ်ဝယ်လိုအားတက်လာရင် အိမ်စျေးကြီးလာပါလိမ့်မယ်။ အိမ်စျေးကြီးလာရင် Bank Loanရဲ့အတိုးနှုန်းနည်းသည့်တိုင်အောင် အိမ်ဝယ်ယူမှုစုစုပေါင်းကုန်ကျစရိတ်ကမြင့်မားတတ်ပါတယ်။ (စျေးကြီးမိသွားတတ်တယ်)
ပြောင်းပြန်အနေနဲ့အတိုးနှုန်းတက်လာရင် အိမ်ဝယ်လိုအားကျတတ်ပြီး အိမ်စျေးတွေကျတတ်ပါတယ်။ ကိုယ်ဝယ်ပြီးမှအတိုးနှုန်းတက်လာပြီးအိမ်စျေးတွေကျသွားရင် ကိုယ်ဝယ်ထားတဲ့အိမ်တန်ဖိုးပါကျသွားတတ်ပါတယ်။
(အထူးသဖြင့်အကြွေးနဲ့)အိမ်ဝယ်တဲ့အခါမှာ ပြန်ရောင်းရင်ရမယ့်စျေး(Resale Value)ကိုအလေးထားစဉ်းစားရပါတယ်။ Resale Valueရဲ့အရေးပါပုံကိုသိချင်ရင်簿記(စာရင်းကိုင်ပညာ)ကိုလေ့လာဖို့လိုအပ်ပါတယ်။
*မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတိုက်ခိုက်လိုခြင်း၊ ထိခိုက်စေလိုခြင်းမရှိပါ။

コメント