【ဂျပန်မှာအကြွေးနဲ့အိမ်ဝယ်ရင် မရှိမဖြစ်သိထားသင့်တဲ့Balance Sheetအကြောင်း】

ဂျပန်မှာအကြွေးနဲ့အိမ်ဝယ်ရင် စာရင်းကိုင်ပညာ(簿記)ရဲ့ Balance Sheet(အတိုကောက်B/S)နဲ့ပတ်သက်ပြီး(အသေးစိတ်မဟုတ်ရင်တောင်)သိထားသင့်ပါတယ်။ အိမ်ဝယ်မှမဟုတ်ပါဘူး Financial Literacyမြှင့်ချင်ရင် စာရင်းကိုင်ပညာ(簿記)Level3လောက်တော့ လေ့လာထားသင့်တယ်။

စာရင်းကိုင်ပညာ(簿記)မှာ အဓိကအရေးပါတဲ့ Financial Table၃ခုရှိပါတယ်။ Balance Sheet(B/S), Profit & Loss Statement(P/L), Cash Flow Statement(C/F)ပါ။

အိမ်ငှါးပြီးနေ,နေတဲ့သူတစ်ယောက်ရဲ့အိမ်အသုံးစရိတ်ကိုစာရင်းလုပ်ရင် P/Lနဲ့တင်အများစုလုံလောက်ပေမယ့် အကြွေးနဲ့အိမ်ဝယ်ထားတဲ့သူဆိုရင်တော့ B/Sပါလိုအပ်လာပါပြီ။ B/Sရှိရင်ကိုယ့်ဆီမှာပိုင်ဆိုင်မှု(သို့မဟုတ် အကြွေး) ဘယ်လောက်ရှိလဲဆိုတာရှင်းရှင်းလင်းလင်းသိလာလိမ့်မယ်။ ပိုင်ဆိုင်မှုနဲ့အကြွေးရဲ့Balanceကိုသိနိုင်တဲ့ဇယားဖြစ်လို့ Balance Sheetလို့ခေါ်တာပါ။

ပုံထဲကဇယားကွက်ကလုံးချင်းအိမ်ကိုအကြွေးနဲ့ဝယ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့B/Sကိုအလွယ်ဆွဲထားတာပါ။ ဘယ်ဘက်(借方)မှာက”ပိုင်ဆိုင်မှု”တွေကိုရေးပြီး ညာဘက်(貸方)မှာက”အကြွေး”နဲ့”အသားတင်ပိုင်ဆိုင်မှု(ပိုင်ဆိုင်မှုထဲကအကြွေးကိုနှုတ်လို့ရတဲ့ရလဒ်)”ကိုရေးပါတယ်။ Stock Share၊ ကား၊ ရွှေစတဲ့ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်ဘက်မှာရေးပါတယ်။

အဲ့ဒီလိုချရေးကြည့်ပြီး ညာဘက်က”အကြွေး”ကဘယ်ဘက်က”ပိုင်ဆိုင်မှု”ထက်နည်းနေရင် ညာဘက်မှာ”အသားတင်ပိုင်ဆိုင်မှု”ဆိုတာထွက်လာမှာဖြစ်ပြီး ဘာပြဿနာမှမရှိပါဘူး။ ပြောင်းပြန်အနေနဲ့ ညာဘက်က”အကြွေး”ကဘယ်ဘက်က”ပိုင်ဆိုင်မှု”ထက်များနေရင်တော့အကြွေးတွေအရမ်းများ(債務超過/Excess Debt)နေတဲ့Signဖြစ်လို့ တော်တော်လေးအန္တရာယ်များတဲ့အခြေအနေလို့ဆိုရမှာပါ။(“အသားတင်ပိုင်ဆိုင်မှု”ဟာအနှုတ်ဖြစ်နေတဲ့အခြေအနေ)

B/Sရဲ့သဘောသဘာဝကိုနားမလည်ဘဲ အကြွေးနဲ့အိမ်ဝယ်လိုက်ရင် ကံကောင်းလို့အဆင်ပြေပြေဖြစ်သွားရင်သွား၊ မဟုတ်ရင်တစ်ချိန်ချိန်မှာရုန်းကန်ရနိုင်တယ်။ အဲ့ဒီလိုလောင်းကစားဆန်ဆန်မလုပ်စေချင်လို့ အကြွေးနဲ့အိမ်မဝယ်ခင် စာရင်းကိုင်ပညာ(簿記)ရဲ့B/Sနဲ့ပတ်သက်ပြီးလေ့လာသင့်တယ်လို့ပြောတာပါ။

*မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတိုက်ခိုက်လိုခြင်း၊ ထိခိုက်စေလိုခြင်းမရှိပါ။

justsharing

不動産

住宅ローン

housing_loan

real_estate

ဂျပန်အိမ်ခြံမြေ

コメント

タイトルとURLをコピーしました