*B/S : Balance Sheet
ဂျပန်မှာအကြွေးနဲ့အိမ်ဝယ်တဲ့အခါ အများစုတွေးကြတာကဒီလိုပါ။
•လစဉ်အိမ်လခပေးရတာနှမြောစရာကြီး
•လစဉ်အကြွေးဆပ်ရတာနဲ့အိမ်လခပေးရတာနဲ့အတူတူပဲ
•အကြွေးဆပ်ပြီးရင်အိမ်ကကိုယ့်အပိုင်ဖြစ်ပြီ
အဲ့ဒီအတွေးကP/Lရှုထောင့်ကအတွေးသာဖြစ်ပြီး အမှန်တကယ်အရေးကြီးတာကB/Sရှုထောင့်ပါ။ ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသားတင်ပိုင်ဆိုင်
မှု(Net Worth)ဘယ်လောက်ရှိလဲဆိုတာ B/Sရှုထောင့်ကနေကြည့်မှသိနိုင်လို့ပါ။
သောင်း4,000တန်အိမ်ကိုDownpaymentမရှိဘဲFull Loanနဲ့ဝယ်လိုက်တယ်ဆိုပါစို့။ အဲ့ဒါဆိုရင် B/Sဇယားရဲ့ပိုင်ဆိုင်မှုဘက်မှာ”အိမ်”တိုးလာပြီး၊ တခြားဘက်မှာ”အကြွေး”ကလည်းတိုးလာပါတယ်။ အိမ်တန်ဖိုးကလည်းသောင်း4,000၊ အကြွေးကလည်းသောင်း4,000ဖြစ်လို့ အသားတင်ပိုင်ဆိုင်မှုကတိုးမလာသေးပါဘူး။
ဒီမှာResale Valueအကြောင်းလာပါပြီ။
ဝယ်လိုက်တဲ့အိမ်ကိုရောင်းသည်/မရောင်းသည်ကိုခဏထား။ အိမ်ရဲ့စျေးကွက်ပေါက်စျေးအပေါ်လိုက်ပြီး ကိုယ့်B/Sကပြောင်းလဲပါတော့မယ်။

ကိုယ်ဝယ်လိုက်တဲ့အိမ်ကစျေးတက်ပြီဆိုရင်(Resale Valueမြင့်ရင်) ကိုယ့်B/Sမှာ”အသားတင်ပိုင်ဆိုင်မှု”တွေတိုးလာမှာဖြစ်ပါတယ်။ပုံထဲကအစိမ်းရောင်အမှန်✅Markလေးနဲ့ဇယားလိုအခြေအနေမျိုးပါ။ ဒီလိုအခြေအနေဆိုရင် ဘာမှာစိတ်ပူစရာမလိုဘူး။ တစ်ခုခုကသိကအောက်ဖြစ်လို့ အကြွေးမဆပ်နိုင်ခဲ့ရင်ဖြစ်ဖြစ်၊ နိုင်ငံပြောင်း/နေရာပြောင်း/အိမ်ပြောင်းချင်ရင်ပဲဖြစ်ဖြစ် လက်ရှိအိမ်ကိုရောင်းလိုက်ရုံနဲ့ပြေလည်သွားနိုင်ပါတယ်။
(တွက်ရလွယ်အောင် ရောင်းတဲ့အခါကုန်ကျမယ့်ပွဲစားခတွေထည့်မတွက်ထားပါဘူး)

ပြဿနာကကိုယ်ဝယ်လိုက်တဲ့အိမ်ကစျေးကျ (Resale Valueနိမ့်)သွားတာပဲ။ ပုံထဲကသတိ⚠️Markလေးနဲ့ဇယားလိုအခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ရောင်းရမယ့်ကိစ္စဖြစ်လာရင် ပိုလျှံအကြွေးသောင်း500ကိုဘယ်လိုလုပ်ကြမလဲ•••? အရမ်းအန္တရာယ်များတဲ့အခြေအနေပါ။ အဲ့ဒါကြောင့် အကြွေးနဲ့အိမ်ဝယ်ပြီးရင် ကိုယ့်ရဲ့B/Sကိုအနည်းဆုံးတစ်နှစ်တစ်ခါလောက်ပြန်Checkဖို့လိုပါတယ်။ ပုံထဲကသတိ⚠️Markလေးနဲ့ဇယားလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင် တခြားပိုင်ဆိုင်မှုတွေ၊ စုဆောင်းငွေတွေနဲ့ပိုလျှံအကြွေးတွေဆပ်နိုင်အောင်ပြင်ဆင်ပါ။
အိမ်ကောင်းကောင်းမှာနေချင်တယ်၊ မိသားစုကိုအိမ်ကောင်းကောင်းမှာထားချင်တယ်၊ အိမ်ပိုင်လေးရှိချင်တယ်ဆိုတဲ့ခံစားချက်ကိုနားလည်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာစီစဉ်ထားတဲ့အတိုင်းဖြစ်မလာတာကများတယ်။ အဲ့ဒီအခါမှာ “Resale Valueနိမ့်တဲ့အိမ်” ကအိမ်ထက်အရေးကြီးတဲ့ကိုယ့်ရဲ့ဘဝလွတ်လပ်မှုတွေကို လုယူသွားပါလိမ့်မယ်။
*မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတိုက်ခိုက်လိုခြင်း၊ ထိခိုက်စေလိုခြင်းမရှိပါ။

コメント