ဘဏ်မှာငွေအပ်ခြင်းနှင့်ရင်းနှီးမြှပ်နှံမှု

Posted on Facebook:2022/10/30

ဘဏ်မှာငွေအပ်ထားရင် ဘဏ်ကအဲ့ဒီငွေကိုဒီအတိုင်းဘာမှမလုပ်ဘဲနဲ့ထိမ်းသိမ်းပေးတာလား?

မဟုတ်ပါဘူး။

ဘဏ်ကလာအပ်တဲ့ငွေကိုတခြားငွေလိုနေတဲ့လုပ်ငန်းတွေဆီထုတ်ချေးပြီး အတိုးယူပါတယ်။ပြီးတော့ငွေလာအပ်တဲ့သူကိုအတိုးပြန်ပေးပါတယ်။ငွေလာအပ်တဲ့သူကိုဘဏ်ကပြန်ပေးတဲ့အတိုးက

0.001%(普通預金)။

一億円(¥100,000,000)ကိုဘဏ်မှာအပ်ထားရင် ၁နှစ်နေရင်အတိုး¥1,000ရမယ်။အဲ့ဒီအတိုးတောင်မှအခွန်20%ဆောင်ရမှာဆိုတော့¥800ပဲလက်ထဲရောက်မှာ🤣🤣🤣

ဘဏ်မှာငွေအပ်တယ်ဆိုတာ သွယ်ဝိုက်သောနည်လမ်းနဲ့ရင်နှီးမြှုပ်နှံမှုလုပ်နေခြင်းပါ။ ဒါပေမယ့်ရလာမယ့်အကျိုးအမြတ်ကတော့တွေ့တဲ့အတိုင်းပဲ။ ဘဏ်မှာ一億円(¥100,000,000) အပ်ထားရင်(သွယ်ဝိုက်ပြီးရင်းနှီးမြှုပ်နှံရင်)တောင်တစ်နှစ်နေမှနေ့လည်စာတစ်နပ်စာတောင်မရဘူး။🤣

ဘဏ်ကတစ်ဆင့်မဟုတ်ဘဲကုမ္ပဏီတွေ၊ လုပ်ငန်းတွေဆီကိုယ့်ငွေကိုတိုက်ရိုက်ချေး(ရင်းနှီးမြှုပ်နှံ)ရင်ရော…?

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာရဲ့resultတွေအရ,Performanceကောင်းမွန်တဲ့Index Fundတွေမှာ နှစ်၂၀လောက်ရင်းနှီးမြှုပ်နှံရင်နှစ်၂၀အတွင်းရမယ့်အတိုးကတစ်နှစ်ကို1%~18%ရှိပြီးကိုယ့်ရဲ့အရင်းကလျော့ကျသွားနိုင်တဲ့တစ်နည်းအားဖြင့်အရှုံးပေါ်နိုင်တဲ့riskက0%။

တစ်နှစ်ကိုရမယ့်အတိုး(အမြတ်)ကဘဏ်တိုးနဲ့ယှဉ်ရင်အဆ1,000~18,000တောင်ကွာပါတယ်။ဒါ့အပြင်အဲ့ဒီအတိုး(အမြတ်)တွေကအခွန်ဆောင်စာရာမလိုဘူးဆိုတဲ့စနစ်ကိုအသုံးချမယ်ဆိုရင်…

2022/10ကနေစပြီးNISAစနစ်နဲ့ရင်းနှီးမြှုပ်နှံမှုစပြီ❗️

လောလောဆယ် S&P500ကိုလစဉ်ဝယ်မယ်❗️

“ငါသေသွားရင် ရှိတဲ့ပိုက်ဆံရဲ့90%ကို S&P500 index fundမှာရင်းနှီးမြှုပ်နှံပါ”- (အမေရိကန်ရဲ့အအောင်မြင်ဆုံးရင်းနှီးမြှုပ်နှံသူWarren Buffettမှသူ့ဇနီးဆီနောက်ဆုံးရေးခဲ့တဲ့အမှာစာမှ)

コメント

タイトルとURLをコピーしました