変動金利 : အပြောင်းအလဲရှိသောအတိုးနှုန်း
固定金利 : ပုံသေအတိုးနှုန်း
ဘယ်ဟာကကောင်းလဲဆိုတာသေချာတပ်အပ်ပြောဖို့ခက်ပါတယ်။ Riskယူနိုင်တယ်ဆိုရင်(အခုလက်ရှိ)အတိုးနှုန်းသက်သာတဲ့変動金利နဲ့အကြွေးယူဖို့စဉ်းစားမယ်ဆို စဉ်းစားလို့ရပါတယ်။
変動金利နဲ့固定金利ကိုရွေးတဲ့အခါမှာ အဓိကစဉ်းစားရမှာက ဘယ်သူကအတိုးနှုန်းတက်လာမှုRiskကိုယူမှာလဲဆိုတာပါ။ 変動金利ဆိုရင် အတိုးနှုန်းမူဝါဒတွေပြောင်းလဲပြီးအတိုးနှုန်းတက်လာတဲ့အခါ 固定金利ထက်ပိုများတဲ့Riskရှိပါတယ်။
変動金利နဲ့固定金利ရဲ့အတိုးနှုန်းကွာခြားချက်ဆိုတာ “အာမခံကြေး”လိုမျိုးသဘောပါ။ အတိုးနှုန်းတက်လာမှုRiskကိုမယူချင်လို့ အတိုးနှုန်းမြင့်တဲ့固定金利ကိုရွေးတာက Riskကိုရှောင်ဖို့အတွက်”အာမခံကြေး”ကိုပိုသွင်းသလိုမျိုးပါ။
လူအများစုက အံ့ဩရင်အံ့ဩကြလောက်ပေမယ့် အတိုးနှုန်းမြင့်တဲ့固定金利ဟာ ငွေကြေးသိပ်မပြည့်စုံတဲ့သူတွေအတွက်ဖြစ်ပြီး၊ အတိုးနှုန်းသက်သာတဲ့変動金利က ငွေကြေးပြေလည်တဲ့သူတွေအတွက်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးပြေလည်တဲ့သူတွေက အတိုးနှုန်းတက်လာလည်း ပြန်ဆပ်နိုင်မယ့်သူတွေမို့လို့ပါ။
အဲ့ဒါကြောင့်, အိမ်ကိုအကြွေးနဲ့လည်းဝယ်ချင်တယ်၊ ဒါပေမယ့်固定金利နဲ့ဆိုအကြွေးမဆပ်နိုင်လို့ 変動金利ကိုရွေးမှရမယ်ဆိုတဲ့အတွေးကိုမတွေးဖို့တိုက်တွန်းချင်ပါတယ်။ 固定金利ရဲ့အတိုးနှုန်းအထိဖြစ်သွားရင်တောင်အေးဆေးပြန်ဆပ်နိုင်လောက်တဲ့အင်အားရှိပေမယ့် အတိုးနှုန်းသက်သာတဲ့အကျိုးကိုလိုချင်လို့変動金利ကိုရွေးတာမျိုးပဲဖြစ်သင့်ပါတယ်။

コメント