【Difyဆိုတာဘာလဲ?】~AIကိုလူတိုင်း အလွယ်တကူဖန်တီးနိုင်မယ့်ခေတ်ဆီသို့~

Difyဆိုတာကတော့ Open-sourceဖြစ်တဲ့ LLM (Large Language Model) Application Development Platform တစ်ခုဖြစ်ပါတယ်။ အလွယ်ပြောရရင် ChatGPTလိုမျိုး AIနည်းပညာတွေကိုအသုံးပြုပြီး မိမိကိုယ်ပိုင်AI Application တွေကို အချိန်တိုအတွင်းအလွယ်တကူဖန်တီးနိုင်အောင်ကူညီပေးတဲ့ Toolတစ်ခုပါ။

သူ့ရဲ့ထူးခြားချက်က Low-code/No-codeဖြစ်တဲ့အတွက် Programmingသိပ်ရေးတတ်စရာမလိုဘဲ Visual Interfaceနဲ့ AIတွေကိုတည်ဆောက်နိုင်တာပဲဖြစ်ပါတယ်။ လိုချင်တဲ့Functionတွေကို Mouseလေးနဲ့ဆွဲယူပြီးချိတ်ဆက်ပေးလိုက်ရုံပဲ။

✅Difyကိုဘယ်လိုနေရာတွေမှာသုံးနိုင်သလဲ?

Dify ကို အသုံးပြုပြီး AI serviceတွေကိုဖန်တီးနိုင်ပါတယ်။ ဥပမာ…

 📍Chatbots: ကုမ္ပဏီရဲ့Websiteမှာ Customer Supportပေးမယ့် AI chatbotများ။

 📍Knowledge Base (RAG): ကိုယ့်ဆီမှာရှိတဲ့ PDF တွေ၊ Documentတွေကို AIထဲထည့်သွင်းပြီး သိလိုသမျှမေးမြန်းနိုင်တဲ့စနစ် (RAG=Retrieval-Augmented Generation)။

 📍Workflow Automation: အဆင့်ဆင့် လုပ်ဆောင်ရမယ့်အလုပ်တွေကို AIကအလိုအလျောက်လုပ်ပေးနိုင်အောင် စီစဉ်ခြင်း။

 📍Agent Assistants: Mailရေးပေးတာ၊ အချက်အလက်ရှာဖွေပေးတာစတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုအကူအညီပေးမယ့် AIများ။

စသဖြင့်…

✅Dify ရဲ့အားသာချက်တွေကဘာလဲ?

 📍အသုံးပြုရ လွယ်ကူခြင်း: Drag-and-dropပုံစံဖြစ်တဲ့အတွက် နည်းပညာကျွမ်းကျင်သူမဟုတ်ရင်တောင် အလွယ်တကူသုံးနိုင်ပါတယ်။

 📍AI Modelအစုံသုံးနိုင်ခြင်း: OpenAI (GPT-4), Claude, Llamaစတဲ့ နာမည်ကြီးAI modelပေါင်းများစွာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

 📍Data Privacy: ကိုယ်ပိုင် Server ထဲမှာ (Self-hosting) ထည့်သွင်းအသုံးပြုနိုင်တဲ့အတွက် Dataလုံခြုံရေးအတွက် စိတ်ချရပါတယ်။

 📍Backendပါဝင်ပြီးသား: AIအတွက်လိုအပ်တဲ့ Databaseနဲ့API connection တွေကိုDifyကတစ်ခါတည်းစီစဉ်ပေးထားပါတယ်။

✅AIကိုလူတိုင်း အလွယ်တကူဖန်တီးနိုင်မယ့် ခေတ်ကိုရောက်လာပြီလား?

ရောက်လာပြီလို့ပြောလို့ရပါတယ်။ အရင်တုန်းက AIတစ်ခုဖန်တီးဖို့ဆိုရင် Data Scientistတွေ၊ Pythonပညာရှင်တွေ လနဲ့ချီ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ DifyလိုPlatformတွေပေါ်လာတဲ့အခါမှာတော့ “AI Creator”ဖြစ်ဖို့အတွက် Codeရေးတတ်ဖို့ထက် “Logic” (ဘယ်လို အလုပ်လုပ်စေချင်သလဲဆိုတဲ့စဉ်းစားတွေးခေါ်မှု)က ပိုအရေးကြီးလာပါတယ်။ အနာဂတ်မှာ AIဖန်တီးရတာဟာ Word, Excel, PowerPointတို့ သုံးရသလိုမျိုး လူတိုင်းနီးပါးလုပ်ဆောင်နိုင်တဲ့ အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်လာတော့မယ်လို့ထင်ပေမယ့် လက်ရှိမှာတော့RAGတည်ဆောက်ရတာနည်းနည်းလေးခက်သေးတယ်။ RAGကိုပါအလွယ်တကူတည်ဆောက်လို့ရပြီဆိုလို့ကတော့ Computerသုံးတတ်တဲ့လူတိုင်း AIကိုတည်ဆောက်နိုင်တဲ့ခေတ်ဆီရောက်လာမယ်ထင်ပါတယ်။

コメント

タイトルとURLをコピーしました