【ကိုယ့်ရဲ့စျေးကွက်ပေါက်စျေးကဘယ်လောက်လဲ?】~ဈေးကွက်ပေါက်စျေးကိုသိရှိခြင်းရဲ့အရေးပါမှု~

ဂျပန်ရဲ့Career Marketမှာ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေက လက်ရှိမှာဘယ်လောက်အထိ တန်ကြေးရှိသလဲ(တစ်နည်းအားဖြင့်, ဈေးကွက်ပေါက်ဈေး)ဆိုတာကိုသိထားဖို့က အင်မတန်အရေးကြီးပါတယ်။

⚠️”ဈေးကွက်ပေါက်ဈေး”ကိုမသိရင်ဘာဖြစ်နိုင်သလဲ?

ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မသိထားတဲ့အခါ လက်ရှိကုမ္ပဏီက ကိုယ့်ကိုလုပ်အားခခေါင်းပုံဖြတ်နေတာ ဒါမှမဟုတ် တန်ရာတန်ကြေးမပေးတာမျိုးဖြစ်နေရင်တောင်မှ ကိုယ့်ဘက်ကသိမှာမဟုတ်ပါဘူး။ အဲ့ဒီလို, ကိုယ်ကမသိလို့ တင်းတိမ်နေတာမျိုးဟာ ကိုယ့်ဘဝအတွက် အများကြီးနှမျောဖို့ကောင်းပါတယ်။ “ဈေးကွက်ပေါက်ဈေး”ကိုသိထားခြင်းဟာ ခေါင်းပုံဖြတ်မခံရအောင် ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းပဲဖြစ်ပါတယ်။

✅ကိုယ့်ရဲ့”ဈေးကွက်ပေါက်စျေး”ကို ဘယ်လိုသိနိုင်မလဲ?

“အလုပ်ရှာဖွေရေးလှုပ်ရှားမှု (転職活動=Job Hunting Activity)”လုပ်ကြည့်ခြင်းက ကိုယ့်ရဲ့”ဈေးကွက်ပေါက်စျေး”ကိုအနီးစပ်ဆုံးသိရှိနိုင်တဲ့နည်းလမ်းပါ။ အလုပ်ပြောင်းတာဆိုရင် ပတ်ဝန်းကျင်အသစ်မှာအဆင်မပြေဖြစ်တာ ဒါမှမဟုတ် မျှော်လင့်ထားသလိုဖြစ်မလာတာစတဲ့ Riskတွေရှိနိုင်ပေမယ့် “အလုပ်ရှာဖွေရေးလှုပ်ရှားမှု (転職活動=Job Hunting Activity)”ကတော့ လုံးဝNo Riskပါ။ 転職活動လုပ်ရင် Career Agent တွေနဲ့တိုင်ပင်ပြီး ကိုယ့်ရဲ့Profileနဲ့ဆိုရင် ဘယ်လောက်အထိလစာရနိုင်မလဲဆိုတာကို မေးကြည့်နိုင်ပါတယ်။ LinkedIn ဒါမှမဟုတ် အလုပ်အကိုင်Website တွေမှာကိုယ့်ရဲ့CVကိုတင်ထားပြီး ဘယ်လိုကုမ္ပဏီမျိုးတွေက ကိုယ့်ကိုစိတ်ဝင်စားလဲ၊ ဘယ်လောက်ပေးချင်လဲဆိုတာကို စောင့်ကြည့်လို့ရပါတယ်။ နောက်ပြီး Interviewတွေဝင်ဖြေကြည့်ရင် လက်ရှိဈေးကွက်မှာ ဘယ်လိုSkillတွေလိုအပ်နေလဲဆိုတာကိုလေ့လာနိုင်ပြီး ကိုယ့်ဘက်ကဘာတွေထပ်ဖြည့်ဖိုလိုလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာနိုင်ပါတယ်။

ကိုယ့်ရဲ့Careerကိုပိုမိုတိုးတက်စေဖို့နဲ့ အသုံးချမခံရစေဖို့အတွက် “ဈေးကွက်ပေါက်စျေး”ကိုအမြဲတမ်းမျက်စိဖွင့်၊ နားစွင့်ထားဖို့လိုပါတယ်။

コメント

タイトルとURLをコピーしました