“လူတစ်ယောက်ဟာ အသုံးမကျတော့တဲ့အထိ ရာထူးတက်တယ်။” – The Peter Principle
“人は無能になるところまで出世する” – ピーターの法則
ဒီဥပဒေသကိုရာထူးတိုးTrainingမှာပထမဦးဆုံးကြားမိတော့ လန့်သွားတယ်။
ငါ့ကိုများစောင်းပြောနေတာလားလို့
လူတစ်ယောက်ဟာ သူ့ရဲ့လက်ရှိPositionမှာတော်လို့ ရာထူးတက်ပြီးတစ်ဆင့်မြင့်တဲ့Positionကိုရောက်တဲ့အခါ အဲ့ဒီရာထူးမှာလုပ်ရမယ့်အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်ဘဲ ကိုယ့်လက်အောက်ကဝန်ထမ်းတွေ၊ ကိုယ့်အထက်အရာရှိတွေဆီကနေ ဒီလူက“အသုံးမကျဘူး”၊ “အားမကိုးရဘူး”လို့အထင်ခံလာရပါတယ်။ ဥပမာ, ရိုးရိုးStaffကနေလုပ်တာကိုင်တာတော်လို့ Team Leaderကိုရာထူးတက်၊ Team Leaderမှာတော်လို့ Team၂ခု၃ခုလောက်ကိုင်ရတဲ့Managerဖြစ်လာတဲ့အခါ မလုပ်တတ်မကိုင်တတ်တွေဖြစ်ပြီး “အသုံးမကျတဲ့လူ”ဆိုတဲ့စာရင်းထဲဝင်သွားနိုင်တယ်လို့ ဒီဥပဒေသကသတိပေးထားတာပါ။ အဲ့ဒီလိုရာထူးတက်ပြီး အသုံးမကျဖြစ်သွားတဲ့လူတွေများလာတဲ့အခါ အဖွဲ့အစည်းကြီးတစ်ခုလုံးသုံးမရအောင်ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဂျပန်ကကုမ္ပဏီတွေမှာဆိုရင် ရာထူးချတယ်ဆိုတာတော်တော်ရှားလို့ Positionနဲ့Skillနဲ့မကိုက်ဘဲ အသုံးမကျတဲ့လူတွေဖြစ်သွားကြလည်း အဲ့ဒီPositionမှာပဲဆက်ရှိနေတတ်ကျတယ်။ အဲ့ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင် အဲ့ဒီကုမ္ပဏီကတော်တော်လေးအန္တရာယ်များတယ်။
ဂျပန်ရဲ့ITလောကမှာဆိုရင် အဲ့ဒီဥပဒေသနဲ့ကွက်တိကျတဲ့Caseတွေတော်တော်တွေ့ရတယ်။ ဂျပန်ရဲ့ITလောကဟာ Engineerအရေအတွက်ကလုံးဝလုံလောက်မှုမရှိဘူး။ အထူးသဖြင့် Project Manager၊ Playing Manager၊ Team Leaderနေရာတွေမှာ လုံးဝအရေအတွက်မလုံလောက်ဘူး။ အဲ့တော့ဘာဖြစ်လာလဲဆိုတော့ Programရေးတာနည်းနည်းကျွမ်းလာပြီ၊ Designလည်းစဉ်းစားတတ်လာပြီ၊ လုပ်တာကိုင်တာတော်လာပြီဆိုတာနဲ့ ချက်ချင်းTeam Leaderခန့်ပစ်လိုက်တာမျိုးတွေရှိတယ်။ အဲ့ဒီမှာပြဿနာကစတော့တာပဲ။ Team Leaderဆိုတာဘယ်လိုလုပ်ရတာလဲ၊ ဘာတွေဂရုစိုက်ရမလဲဆိုတာတွေကိုကုမ္ပဏီဘက်ကဘာမှSupportမလုပ်ပေးဘဲ တာဝန်ကိုပဲလွှဲချလိုက်တဲ့အခါ အဆင်မပြေမှုတွေရှိလာတယ်။ Leaderကမလုပ်တတ်မကိုင်တတ်တော့ Teamရဲ့Performanceလည်းကျလာတယ်။ အဲ့ဒီလိုအခါကျမှ “မျှော်လင့်ထားတာနဲ့တခြားစီပဲ”ဆိုပြီး “အသုံးမကျဘူး”ဆိုတဲ့တံဆိပ်အကပ်ခံရရော။
အဲ့ဒါကြောင့် နေ့စဉ်လုပ်နေရတဲ့အလုပ်တွေထဲမှာ လက်ရှိPositionထက်တစ်ဆင့်မြင့်တဲ့Positionကအလုပ်တွေကိုပါထည့်လုပ်ဖို့ကိုယ့်လက်အောက်ကMemberတွေကိုအမြဲပြောတယ်။ ဒါမှရာထူးတက်တဲ့အခါ အဆင်ပြေမှာ။ ကုမ္ပဏီဘက်ကလည်း ရာထူးတက်ပြီဆိုရင်TrainingတွေပေးပြီးSupportလုပ်တယ်။ ဒါတောင်မှ100%မကာကွယ်နိုင်ဘူး။
ရာထူးတက်ပြီး အသုံးမကျတဲ့လူမဖြစ်ဖို့ ကိုယ်တိုင်လည်းကြိုးစားဖို့လိုသလို ကိုယ့်ရဲ့ကြိုးစားမှုကိုကုမ္ပဏီဘက်ကလည်းSupportလုပ်ပေးဖို့လိုပါတယ်။ ကုမ္ပဏီဖက်ကဘာSupportမှမပေးဘဲ တာဝန်ပဲလွှဲပေးလာပြီး ကိုယ့်ဘက်ကလည်းလိုက်မလုပ်နိုင်တော့ရင် ပတ်ဝန်းကျင်ပြောင်းလဲဖို့စဉ်းစားသင့်ပါတယ်။
コメント