Posted on Facebook:2022/11/18
ပင်စင်လို့ပြောလိုက်ရင် ဘာလို့ထင်မိလဲ?
1. နောင်ရေးအတွက်ငွေစုခြင်းစနစ်လား?
2. သက်သာချောင်ချိရေးစနစ်လား?
3. အာမခံစနစ်လား?
နောင်ရေးအတွက်ငွေစုတာဆိုရင်ကိုယ်စုသလောက်ပဲပြန်ရမှာပေါ့။ပင်စင်ဆိုတာအသက်၆၀ကျော်ပြီးအသက်ရှင်နေသ၍ထုတ်လို့ရနေတာဖြစ်လို့နောင်ရေးအတွက်ငွေစုတဲ့စနစ်လို့ပြောလို့မရဘူး။
အဲ့ဒါဆို ဆင်းရဲလို့ထောက်ပံ့တဲ့သက်သာချောင်ချိရေးစနစ်လား?ဆင်းရဲသူပဲဖြစ်ဖြစ် ချမ်းသာသူပဲဖြစ်ဖြစ်ပင်စင်ကြေးပုံမှန်သွင်းတဲ့သူတိုင်းအသက်၆၀ကျော်ရင်ထုတ်လို့ရတာဖြစ်လို့မဟုတ်ပြန်ဘူး။
တကယ်တော့ပင်စင်ဆိုတာကားအာမခံတို့ မီးအာမခံတို့လိုမျိုးအာမခံ(insurance)စနစ်တစ်ခုပါ။
ကားအာမခံတို့ မီးအာမခံတို့ဆိုတာကားမတော်တဆတိုက်မိရင်တို့မီးလောင်ရင်တို့ စတဲ့Riskတွေအတွက်အာမခံဝင်တဲ့သူတွေကအာမခံကြေးကိုစုပေါင်းထည့်သွင်းပြီး အဲ့ဒီRiskနဲ့ကြုံမိသွားတဲ့သူဆီထုတ်ပေးတဲ့စနစ်။
ဒါဆို, ပင်စင်ကအာမခံစနစ်ဆိုရင်ဘာRiskအတွက်သွင်းနေရတာလဲ?
“အသက်ရှည်ခြင်း”ဆိုတဲ့Riskအတွက်ပါ။
အသက်ရှည်တာဟာကောင်းပေမယ့်အသက်ရှင်ဖို့အတွက်ဆိုငွေကြေးလိုအပ်တယ်။ဘယ်အချိန်ထိအသက်ရှည်မယ်ဆိုတာဘယ်သူမှမသိတာဖြစ်လို့ငွေဘယ်လောက်ပြင်ဆင်ထားရမလဲမသိတာဖြစ်တဲ့အတွက် ကိုယ်ပြင်ဆင်ထားတဲ့ပမာဏကသုံးလို့ကုန်သွားတဲ့အချိန်ထောက်ပံ့ပေးတာကို ပင်စင်လို့ခေါ်တယ်။
ဂျပန်မှာကပင်စင်ကိုပုံမှန်အားဖြင့်အသက်၆၅မှာစပြီးထုတ်လို့ရပေမယ့်၆၀~၇၀ကြားကိုယ်လိုချင်တဲ့အချိန်ကိုရွေးလို့ရတယ်။ ဒါဆို၆၀ကနေစထုတ်တာပိုကောင်းတာပေါ့လို့ထင်ရပေမယ့်၆၀ကနေစထုတ်ရင် လစဉ်ရတဲ့ပင်စင်ကနည်းတယ်။ ၇၀မှစထုတ်ရင်၆၀မှာစထုတ်တဲ့သူရဲ့လစဉ်ပင်စင်ထက်၄၂%ပိုပြီးရတယ်။ဘယ်အချိန်ထိအသက်ရှင်မှာမသိတော့စောစောထုတ်တာပိုစိတ်ချရတာပေါ့၊မရှုံးဘူးပေါ့လို့တွေးတဲ့သူတွေရှိပေမယ့်တစ်ချက်စဉ်းစားကြည့်ပါ။
ကားအာမခံ မီးအာမခံသွင်းတဲ့သူကကားAccidentမဖြစ်လို့ မီးဘေးမသင့်လို့ငါကတော့ရှုံးပါပြီလို့တွေးတဲ့သူရှိမလား?
မရှိပါဘူး။ ဒါပေမယ့် ပင်စင်နဲ့ပါတ်သက်ရင်ကျဘာလို့တန်အောင်စောစောထုတ်ရမယ်ဆိုပြီးတွေးကြလဲဆိုတော့ပင်စင်ဆိုတာ “အသက်ရှည်ခြင်း”ဆိုတဲ့Riskအတွက်ပြင်ဆင်တဲ့အာမခံစနစ်ဆိုတာကိုမသိကြလို့ပါ။လစဉ်ရမယ့်ပင်စင်ကိုများအောင်လို့ပင်စင်ကိုတတ်နိုင်သလောက်နောက်ကျမှယူမယ်ဆိုရင်အသက်၆၀(အလွန်ဆုံး၆၅)ကနေ၇၀အထိငွေကြေးနဲ့ပတ်သက်ပြီးမပူရအောင်လုပ်ထားဖို့လိုတယ်။
အဲ့ဒါကြောင့် ဂျပန်အစိုရက ရိုးရိုးပင်စင်အပြင်企業型確定拠出年金(DC)、個人型確定拠出年金(iDeco)、積立nisaအစရှိတဲ့အခွန်ဆောင်စရာမလိုတဲ့Investmentစနစ်တွေကိုလုပ်ထားပေးတယ်။
ထင်ထားတာထက်ပိုပြီးအသက်ရှည်တဲ့Riskကိုကာကွယ်ခြင်းဆိုတာက ပင်စင်ရဲ့အဓိကရည်ရွယ်ချက်ပါ။
ဂျပန်ရဲ့ပင်စင်ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီးအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။
コメント